backup og meta

စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ

စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ

စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေက နေ့စဉ်ဘဝမှာ မလွှဲမရှောင်သာ ကြုံရနိုင်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေပေါ့။ လူတစ်ယောက် နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စေဖို့က စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ လိုပါမယ်။ စိတ်ကျန်းမာဖို့ကလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာပေါ့။ ဒီတစ်ခေါက်တော့ စိုးရိမ်စိတ်များတတ်သူလေးတွေအတွက် စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ

စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

  • ယုံကြည်ရတဲ့သူကို ရင်ဖွင့်တိုင်ပင်ပါ

စိုးရိမ်စိတ်များတာကို ခံစားနေရသူ အများစုက သူတို့ရဲ့ အားနည်းချက်၊ စိတ်ခံစားမှုတွေကို အခြားသူတွေကို ဝေမျှဖို့ ရှက်ကြတဲ့သူတွေပါ။ သူတို့က ခပ်ဆိတ်ဆိတ်ပဲ နေတတ်ကြပြီး အတွေးတွေများရင်း စိုးရိမ်စိတ်တွေ လွန်ကဲနေကြတာပါ။

ဒါကြောင့် စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ ဆိုရင် နေ့တိုင်း မဟုတ်ရင်တောင် အခွင့်အခါသင့်တဲ့အခါမျိုးမှာ ကိုယ်ယုံကြည်ရတဲ့သူကို ခံစားချက်တွေ ဖွင့်ဟတိုင်ပင်တာမျိုး လုပ်ပေးပါ။ ဒီလိုတိုင်ပင်လိုက်တာက စိုးရိမ်နေတဲ့အရာက တကယ်ပဲ စိုးရိမ်သင့်ရဲ့လား။ ဘယ်လို ဖြေရှင်းလို့ ရနိုင်မလဲဆိုတဲ့ အဖြေကိုပါ ရရှိမှာ ဖြစ်ပါတယ်။

  • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

လေ့လာမှု ရလဒ်တွေအရ နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဦးနှောက်ထဲမှာ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပြီး စိုးရိမ်စိတ်ကိုရော စိတ်ဖိစီးမှုကိုပါ လျော့ပါးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဒါကြောင့် တစ်နေ့တာမှာ ၁၅ မိနစ် နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှု တစ်ရပ်ရပ်ကို ပုံမှန် လုပ်ဆောင်ပေးပါ။  လမ်းလျှောက်တာ၊ အပြေးလေ့ကျင့်တာ၊ ယောဂ၊ ထိုက်ချိ နဲ့ gym ဆော့တာ၊ စက်ဘီးစီးတာမျိုးတွေပါ။

  • ကျေးဇူးတင်တတ်တဲ့ အလေ့အထလေး လုပ်ပါ

ကျေးဇူးတင်စကားပြောတာက ကျေးဇူးတင်ခံရသူကိုတင် စိတ်ခံစားမှု ကောင်းစေတာ မဟုတ်ပါဘူး။ ကျေးဇူးတင်စကား ဆိုသူကိုပါ စိတ်ခံစားမှု ကောင်းစေပါတယ်။ စိုးရိမ်ပူပန်မှု လျော့ကျစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ကျေးဇူးတင်စကား ဆိုတာကိုလည်း မေ့မထားဖို့ ပြောချင်ပါတယ်။ ကျေးဇူးတင်စကား ဆိုတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ

  • တစ်နေ့ကို တစ်ကြိမ် အပြင်ထွက်ပေးပါ

စိတ်ကျန်းမာရေး ကောင်းစေဖို့နဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ကျစေဖို့ တစ်နေ့ကို တစ်ကြိမ်လောက်တော့ အိမ်အပြင် ထွက်ပေးပါ။ ဒီလို အပြင်ထွက်ပေးတာက နေရောင်နဲ့ ထိတွေ့စေပြီး စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းကို ထွက်ရှိစေနိုင်ပါတယ်။

နေရောင်၊ လေကောင်းလေသန့် နဲ့ ကျေးငှက်လေးတွေရဲ့ သီချင်းသံလေးတွေ၊ ပန်းလေးတွေရဲ့ ရနံ့လေးတွေက စိတ်ခံစားမှု ကောင်းစေပြီး စိုးရိမ်စိတ် နည်းစေဖို့ ထောက်ကူပေးပါတယ်။

  • အိပ်ရေး ဝဝအိပ်ပါ

အိပ်ရေး ဝဝအိပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ညဘက်တွေမှာ ကောင်းကောင်း အိပ်မပျော်ကြသူတွေက စိုးရိမ်ပူပန်မှုကို တိုးစေပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်ပါ။ အိပ်ရာဝင်ချိန် သတ်မှတ်ပါ။ ညဘက်တွေမှာ အိပ်ရာဝင်ချိန် ပုံမှန် သတ်မှတ်ပြီး အိပ်ရာဝင်တာက ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေမှာပါ။

  • အာဟာရ ပြည့်ဝမျှတအောင် စားပါ

အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာက စိတ်ဖိစီးမှု ပြေလျော့စေသလို စိုးရိမ်စိတ် များတာကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်က ရေဓာတ် ပြည့်​အောင် ရေများများ သောက်ပေးပြီး  ကဖင်း နဲ့ အယ်လ်ကိုဟော လိုမျိုး သောက်စရာတွေကို လျှော့သောက်ဖို့ပါ။ ကဖင်း များတာ၊ အယ်လ်ကိုဟော လွန်ကဲတာတွေက ရင်တုန်စေပါတယ်။ စိုးရိမ်စိတ်များတာနဲ့ ပေါင်းလိုက်တဲ့အခါ နေထိုင်မကောင်းဖြစ်စေပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coping with anxiety: Can diet make a difference? https://www.mayoclinic.org/diseases-conditions/generalized-anxiety-disorder/expert-answers/coping-with-anxiety/faq-20057987 Accessed Date 26 September 2022

Lifestyle tips for managing anxiety https://www.medbroadcast.com/channel/mental-health/treating-anxiety/lifestyle-tips-for-managing-anxiety Accessed Date 26 September 2022

Practicing Healthy Habits to Manage Anxiety https://newpathwaysclinic.com/practicing-healthy-habits-to-manage-anxiety/ Accessed Date 26 September 2022

Healthy Habits To Adopt To Reduce Anxiety https://advantagementalhealthcenter.com/healthy-habits-to-adopt-to-reduce-anxiety/ Accessed Date 26 September 2022

HOW TO MANAGE ANXIETY: SIX CAUSES AND SOLUTIONS https://www.hcf.com.au/health-agenda/body-mind/mental-health/daily-habits-anxiety-stress Accessed Date 26 September 2022

ယခုပုံစံ

14/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေ များနေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

အစိုးရိမ်လွန်တာ ရောဂါတစ်ခုလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement