စိတ်ဓာတ်ကျတယ်ဆိုတာက မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေပါ။ ဒီအခြေအနေက စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။ လူတိုင်းက စိတ်ဖိစီးတာကို ရှောင်လွဲဖို့ ခက်တယ်ဆိုပေမယ့် တစ်ခါတလေမှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လက်ယပ်ခေါ်မိတတ်ပါတယ်။ ခုပြောမှာကတော့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိနေတဲ့ စိတ်ဖိစီးစေတဲ့ အကျင့်များ ပါပဲ။
ကဲ ….. ဘယ်လို အကျင့်တွေက စိတ်ဖိစီးစေနိုင်တာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
မသိလိုက်ဘဲ လုပ်မိနေတဲ့ စိတ်ဖိစီးစေတဲ့ အကျင့်များ
မသိလိုက်ဘဲ လုပ်မိနေတဲ့ စိတ်ဖိစီးစေတဲ့ အကျင့်များ ကို ကိုယ်တိုင်ရော လုပ်မိနေသလား ဆိုတာကို အတူတူ ဆန်းစစ် လိုက်ရအောင်နော်။
- လှုပ်ရှားမှု မရှိတာ
လှုပ်ရှားမှု မရှိတာက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ အဓိကကျတဲ့ အကြောင်းအရင်းပါ။ ဒါကြောင့်လည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ပျော်ရွှင်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်လို့ ပြောကြတာပေါ့။ ဒါကြောင့် နေ့စဉ် ဘဝမှာ လှုပ်လှုပ်ရှားရှား နေထိုင်ပေးတာက နည်းလမ်းကောင်းပါ။ တစ်နေ့တာကို လှုပ်ရှားမှု မရှိဘဲ ထိုင်းမှိုင်းစွာ ဖြတ်သန်းခြင်းက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။
- အိပ်ရေးပျက်တာ
- တစ်ယောက်တည်း နေတတ်တာ
- ပြုပြင်ထားတဲ့ အစားအစာတွေ စားတာ
ပြုပြင်ထားတဲ့ အစားအစာတွေက စားရတာ အရသာရှိတာကြောင့် မစားဖူးသူက ခပ်ရှားရှားပါ။ ဒီအစားအစာတွေကို တစ်ခါတလေမှ စားကြတဲ့သူတွေ ရှိပေမယ့် အချို့ကတော့ နေ့စဉ်လိုလို စားတတ်ကြပါတယ်။ ဒီလို စားသုံးမှုက စိတ်ဖိစီးမှုကို ဖိတ်ခေါ်နေတာပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေက စိတ်ရောကိုယ်ပါ ကျန်းမာစေပေမယ့် ပြုပြင်ထားတဲ့ အစားအစာတွေကတော့ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပေးပါ။
- သဘာဝနဲ့ ကင်းကွာနေတာ
မြို့ပြဘဝက သဘာဝနဲ့ ကင်းကွာစေပါတယ်။ မြို့ပြဘဝမှာ သွားလာရတာ လွယ်ကူတယ်၊ စားချင်တာတွေကို အလွယ်တကူ စားလို့ ရပေမယ့် သဘာဝတရားနဲ့တော့ ထိတွေ့ခွင့် တော်တော်လေး နည်းသွားပါတယ်။ ဒီလိုမျိုး သဘာဝတရားနဲ့ ထိတွေ့ခွင့်နည်းတာ၊ လေကောင်းလေသန့် မရတာတွေက ရေရှည်မှာ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ခံစားမှု ကောင်းစေပြီး စိတ်ဖိစီးမှု သက်သာစေဖို့ဆိုရင် သဘာဝတရားနဲ့ ထိတွေ့ပါ။
- အထိုင်များတဲ့ လုပ်ငန်းခွင်
အချိန်တော်တော်များများကို လက်ပ်တော့ရှေ့မှာ ထိုင်ရင်း အချိန်ကုန်နေပါသလား။ အလုပ်ချိန် ပြီးသွားချိန်မှာလည်း တီဗွီကြည့်ရင်း ထိုင်နေမိတယ်ဆိုရင် ရေရှည်မှာ စိတ်ဖိစီးမှုကို မလွဲမသွေ ခံစားရမှာပါ။ ဒါကြောင့် အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်ထားတယ်ဆိုရင် အလုပ်ခွင်ချိန် ပြင်ပမှာ လမ်းလျှောက်တာလိုမျိုး လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးပါ။
- ကိုယ်နေဟန်ထား မမှန်တာ
ထိုင်တဲ့အခါ လက်ပြင်ကိုင်းထားတာ၊ ခါးကွေးထားတာတွေက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ကင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝစေဖို့ဆိုရင် ထိုင်တဲ့အခါ ခပ်မတ်မတ် ထိုင်ပေးပါ။ ဒီလို ထိုင်ပေးတာက ကိုယ်နေဟန်ထား မှန်ကန်စေသလို စိတ်ဖိစီးမှု ကင်းစေနိုင်ပါတယ်။
ကဲ…. အခုပြောခဲ့တဲ့ အကျင့်တွေက စိတ်ဖိစီးနေနိုင်တာကြောင့် ကိုယ်တိုင် လုပ်မိနေမယ်ဆိုရင် ချက်ချင်း ပြင်လိုက်ဖို့ ပြောပါရစေ။
[embed-health-tool-bmi]