သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သားအိမ်ကျတဲ့ပြဿနာကိုကြားဖူးကြပါသလား။ မိန်းမကိုယ်အဝမှာ တစ်ဆို့ဆို့ကြီးနဲ့ နေရထိုင်ရခက် အောင့်တောင့်တောင့်နဲ့ ခံရခက်တဲ့ ဝေဒနာကြီးတစ်ခုလေ။ အသက်ကြီးလာတဲ့ အမျိုးသမီးတိုင်းနီးပါး ခံစားရလေ့ရှိတဲ့ ပြဿနာတစ်ခုဆိုလည်း မမှားဘူးပေါ့။ ဘာ့ကြောင့်လဲ။ အသက်ကြီးလာတဲ့ အမျိုးသမီးတိုင်း စိတ်ပူရမယ့် ပြဿနာတွေထဲ ဒီ သားအိမ်ကျတဲ့ ပြဿနာက ဘာ့ကြောင့်ပါနေရတာလဲ ။

သားအိမ်ကျတယ်ဆိုတာ ဘယ်လိုမျိုးလဲ။

သားအိမ်ကိုထိန်းထားတဲ့ pelvic floor muscles လို့ခေါ်တဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ်တွေ အားနည်းသွားတဲ့အခါ သားအိမ်ကိုဆက်မထိန်းနိုင်တော့ဘဲ မိန်းမကိုယ်အပြင်ဘက်ကို သားအိမ်ကျတဲ့ ပြဿနာဖြစ်လာပါတော့တယ်။

ဘယ်သူတွေမှာ အများဆုံးဖြစ်တတ်လဲ။

အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့်

  • သွေးဆုံးပြီးသားအမျိုးသမီးတွေ
  • အဝလွန်တဲ့ အမျိုးသမီးတွေ
  • အလေးအပင်မလွန်းတဲ့ အမျိုးသမီးတွေ
  • နာတာရှည်ချောင်းဆိုးဝေဒနာခံစားနေရတဲ့ အမျိုးသမီးတွေ
  • ရိုးရိုးမီးဖွားထားတဲ့ အမျိုးသမီးတွေ နဲ့
  • ကလေးများများမွေးထားတဲ့ အမျိုးသမီးတွေက ပိုဖြစ်နိုင်ပါတယ်။

ဘာ့ကြောင့်ဖြစ်ရတာလဲ။

အဓိကကတော့ သားအိမ်ကိုထိန်းထားတဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ် တွေ အားလျော့သွားတာကြောင့်ဖြစ်ရတာပါ။ ဒီတော့ ဒီ ကြွက်သားနဲ့ အရွက်တွေကို အားလျော့စေတဲ့ ပြဿနာတွေဖြစ်တဲ့

  • ကိုယ်ဝန်ဆောင်တဲ့ အကြိမ်အရေအတွက်များတာ
  • မီးဖွားချိန် သားအိမ်ဝန်းကျင်ကို ထိခိုက်မိတာ
  • ပေါင်များတဲ့ ကလေး၊ ကလေးကြီးကြီးတွေ ကို မိန်းမကိုယ်ကနေ ရိုးရိုးမွေးတာ
  • ကိုယ်အလေးချိန် များနေတာ အဝလွန်နေတာ
  • သွေးဆုံးချိန် အီစတိုဂျင်ဟော်မုန်းနည်းလာတာ
  • ဝမ်းချုပ်လွန်းလို့ တစ်ခါဝမ်းသွားရင် ညှစ်ညှစ်ပြီးသွားရတာ
  • နာတာရှည်ချောင်းဆိုးရလွန်းလို့ ဗိုက်ကို သွားသွားညှစ်သလိုဖြစ်နေတာနဲ့
  • အလေးအပင်တွေ မလွန်းတာ စတာတွေက သားအိမ်ကျခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

သားအိမ်ကျပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ ။ ။

သားအိမ်ကျခါစပြုနေတဲ့ အချိန်တွေမှာတော့ သိသာတဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ ဒါပေမယ့် သားအိမ်ကျတာ နည်းနည်းကြာနေပြီ သားအိမ်ကျတဲ့ အဆင့်ကလည်း ပြင်းထန်နေပြီဆိုရင်တော့ လက္ခဏာတွေ ပြတတ်ပါတယ်။ သူတို့တွေကတော့

  • တင်ပဆုံနားတစ်ဝိုက်မှာ တင်းသလိုလို လေးသလိုလို ဖြစ်နေတာ
  • မိန်းမကိုယ်နားမှာ တစ်ဆို့ဆို့ ကြီးဖြစ်နေတာ
  • ကျလာတဲ့သားအိမ်က သွားဖိနေတော့ ဆီးတွေမလုံတာ၊ ဆီးသွားရင် ကျန်သလိုခံစားနေရတာ
  • ဝမ်းသွားတဲ့အခါတွေမှာလည်း ပုံမှန်မဟုတ်တာ
  • ထိုင်ရတဲ့အခါတွေမှာလည်း အောက်မှ တစ်ခုခုခံနေသလို ခံစားနေရတာ
  • မိန်းမကိုယ်ထဲ တစ်ခုခုရှိနေတဲ့ ခံစားမှုကြီးကြောင့် အမျိုးသားနဲ့ အတူနေတဲ့ အခါတွေမှာ အခက်အခဲရှိတာတို့ ပဲ ဖြစ်ပါတယ်။

ဒီလက္ခဏာတွေက မနက်စစချင်း အိပ်ရာထချိန်ဆိုသိပ်မသိသာပေမယ့် နေမြင့်လာတာနဲ့ သားအိမ်ကျတဲ့ ခံစားမှုကို ပိုသိလာနိုင်ပါတယ်။

သားအိမ်ကျတာရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေဖြစ်နိုင်မလဲ။

သားအိမ်ကျပြီဆိုတာနဲ့ သူနဲ့အတူအပေါင်းအပါတွေဆက်ပါလာတတ်ပါတယ်။ ဒါတွေကတော့

  • Anterior prolapse (cystocele).ဆီးအိမ်ကျြခင်း – တင်ပဆုံကြွက်သားတစ်ဝိုက်အားလျော့လာတယ်ဆိုတော့ ဆီးအိမ်နဲ့ မိန်းမကိုယ်ကိုခြားထားတဲ့ ကြွက်သားလေးလည်း အားလျော့သွားပြီး သားအိမ်နဲ့အတူ ဆီးအိမ်ပါလိုက်ကျလာတတ်ပါတယ်။
  • Posterior vaginal prolapse (rectocele).( ဝမ်းအိမ်ကျခြင်း) – ဝမ်းအိမ်နဲ့ မိန်းမကိုယ်ကို ခြားထားတဲ့ ကြွက်သားတွေလည်း အားနည်းသွားတာကြောင့် နောက်ပိုင်း သားအိမ်ကျတာနဲ့အတူ ဝမ်းအိမ်ပါ လိုက်ကျလာတတ်ပါတယ်။

ဝမ်းအိမ်ကျတာကြောင့် ဝမ်းသွားရတာမှာ အခက်အခဲရှိသလို ဆီးအိမ်ကျတာကြောင့် ဆီးရင် ဆီးကျန်သလိုခံစားနေရတာ ဆီးသွားရင် မဝတာ နဲ့ ဆီးမထိန်းနိုင်တာ စတဲ့ ပြဿနာတွေ ကြုံတွေရတတ်ပါတယ်။

  • အရမ်းကိုဆိုးတဲ့သားအိမ်ကျတဲ့ပြဿနာတွေမှာဆို သားအိမ်နဲ့အတူ မိန်းမကိုယ်ဘေးအတွင်းသားတွေပါ အပြင်ကိုလိုက်ထွက်လာပြီး အဝတ်တွေနဲ့ပွတ်မိပြီး အနာဖြစ်တာ ပိုးဝင်တာတွေအထိ ဆိုးရွားစွာဆက်ဖြစ်သွားတတ်ပါတယ်။

ဒါကတော့ သားအိမ်ကျြခင်းဆိုတဲ့ သက်ကြီးပိုင်း သွေးဆုံးပြီးသား အမျိုးသမီးတွေ ကြောက်ရတဲ့ မီးယပ်ရောဂါ တစ်ခုဆိုပါ။ နောက်ဆက်တွဲ ဆက်ဖြစ်နိုင်တဲ့ ပြဿနာတွေကလည်းများ သားအိမ်ကျတဲ့ပြဿနာကလည်းဖြစ်တဲ့သူမရှားတော့ ကိုယ့်စိတ်ထဲ သားအိမ်များကနေပြီလားလို့ သံသယရှိနေပြီဆိုတာနဲ့ ဆရာဝန်နဲ့ သွားကိုသွားပြဖြစ်ဖို့တော့လိုလိမ့်မယ်နော်။ စောစောပြတော့ စောစောသိ စောစောသားအိမ်ထိန်းတဲ့ ကွင်းထည့်တဲ့ ကုသမှုခံယူလိုက်တော့ နောက်ဆက်တွဲ ဆိုးရွားတာတွေ ဆက်မဖြစ်တော့ဘူးပေါ့ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား

Probiotics ဆိုတာ ခန္ဓာကိုယ်နဲ့ အစာအိမ်ကိုအကျိုးပြုပြီးတော့ ကိုယ်အလေးချိန်ကျဖို့၊ အစာခြေစနစ်ကောင်းမွန်ဖို့၊ ဝမ်းမှန်ဖို့၊ စိတ်ကျန်းမာဖို့ အကျိုးပြုပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင်

ဝမ်းချုပ်တာက ဖိုးဖိုးဖွားဖွားတို့မှာခံစားရနိုင်တဲ့ အခြေခံ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဖိုးဖိုးဖွားဖွားတို့ရဲ့ရှင်သန်မှုကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ

ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ကျန်းမာလှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်

ကျန်းမာလှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read