backup og meta

ကွန်ဒုံးကို ဘယ်လိုသိမ်းရပါ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ဒုံးကို ဘယ်လိုသိမ်းရပါ့

    ကြင်သူနှစ်ဦးအကြား ချစ်ခရီးကလည်း နှင်ချင်၊ ကိုယ်ဝန်ကလည်း မရချင်သေးဘူးဆိုရင် အရင်ဆုံး စဉ်းစားမိမှာက ကွန်ဒုံး သုံးဖို့ဖြစ်ပါလိမ့်မယ်။ ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STIs လို့ခေါ်တဲ့ လိင်ကနေဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ၉၈% လောက် တားဆီးပေးနိုင်ပါတယ်။

    ကွန်ဒုံးတွေဟာ သုတ်ရည်နဲ့ တခြားခန္ဓာကိုယ်က အရည်တွေကို အမျိုးသမီးလိင်အင်္ဂါ၊ စအိုနဲ့ ပါးစပ်တွေဆီ မရောက်အောင် အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်ပေးတဲ့အရာတစ်ခု ဖြစ်ပါတယ်။

    အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကွန်ဒုံးတွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အသုံးပြုမယ်ဆိုရင် နှစ်ခုက သွားကပ်နေပြီး တခြားတစ်ခုကို နေရာကနေ လွဲအောင်လုပ်လိုက်တာမျိုး၊ ပြဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။

    တန်ဖိုးလည်း သိပ်မကြီးကြတဲ့ ကွန်ဒုံးတွေကို အလွယ်တကူ ဝယ်ယူလို့ရနိုင်တာကြောင့် တချို့က ကြိုတင်ဝယ်ယူ ဆောင်ထားတတ်ကြသလို တချို့ကတော့လည်း အလိုရှိမှ လက်လှမ်းမှီရာကနေ ဝယ်ယူပြီး အသုံးပြုတတ်ကြပါတယ်။

    ကွန်ဒုံးကို ဘယ်လိုသိမ်းရပါ့

    ကွန်ဒုံးကို ကြိုတင်ဝယ်ယူ ဆောင်ထားရင်တော့ ကိုယ်စိတ်ပါတဲ့အချိန် ထပြီး သွားလို့ရတယ်မဟုတ်လား။ ဒီတော့ ကြိုတင်ဆောင်ထားတာက မမှားတဲ့ နည်းလမ်းတစ်ခုပါ။

    ဒါပေမယ့် ကွန်ဒုံးကြီးတော့ ဝယ်လိုက်ပြီထားတော့။ ဒီပစ္စည်းဆိုတာမျိုးက သူခိုးရွှေရ တပြပြလုပ်နေလို့ကလည်း မရပြန်ဘူး။ လူအမြင်မတော်ဘူးလို့ အများစုက ယူဆထားကြတာကိုး။ ဒါပေမယ့်လည်း လိုအပ်တော့ ကြုံရင်ဆုံရင် ဝယ်မိတာမျိုးကလည်း ရှိနိုင်တယ်။

    ဒီတော့ ဝယ်ထားပြီးရင် ဘယ်လိုထိန်းသိမ်းမလဲ၊ ဘယ်လိုသိမ်းဆည်းမလဲဆိုတဲ့ နည်းနာက လိုအပ်လာပါပြီ။ ကဲ … ကွန်ဒုံးလေးတွေကို ဘယ်လိုသိမ်းကြမလဲ။ အောက်ကနည်းလမ်းတွေကို လိုက်နာပြီး သိမ်းဆည်းနိုင်ပါတယ်။

    • DO – အသုံးမပြုသေးဘူးဆိုရင် အတန်ငယ် အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာ ထားပါ။
    • DO – သယ်ဆောင်သွားလာရင် သေးငယ် ပေါ့ပါးတဲ့ အိတ်တွေထဲမှာ ထည့်ပြီး သယ်ဆောင်သွားပါ
    • DO – အပိုအမြဲဆောင်ထားပါ၊ ရက်လွန်တာ၊ ပေါက်ပြဲတာဖြစ်နိုင်တာကြောင့် အပိုဆောင်ထားသင့်ပါတယ်။
    • DO – ကွန်ဒုံးရဲ့ ထုတ်ပိုးအိတ်ကို မကြာခဏ စမ်းကြည့်ပါ။ ကွန်ဒုံးပျက်စီးနေတာဟုတ်မဟုတ် သိနိုင်အောင်လို့ပါ။
    • Do – ကျောပိုးအိတ်၊ အင်္ကျီအိတ်၊ ဘေးလွယ်အိတ်၊ ကွန်ပျူတာအိတ်လိုအရာတွေထဲမှာ သေချာသယ်ဆောင်ပါ။
    • Do – လေလုံဘူးနဲ့ ထည့်သိမ်းပါ။
    • DON’T – အေးလွန်း၊ ပူလွန်းတဲ့နေရာတွေမှာ မထားပါနဲ့။
    • DON’T – ချွန်ထက်တဲ့အရာတွေနဲ့ အတူတွဲမထားပါနဲ့။ ထိုးမိ ဖောက်မိတာတွေဖြစ်နေနိုင်ပါတယ်။
    • DON’T – ပိုက်ဆံအိတ်၊ နောက်အိတ်တွေထဲမှာ ထည့်ပြီး မသယ်ပါနဲ့။ ထွက်ကျတာတွေ၊ ပျောက်ဆုံးတာတွေ ဖြစ်နိုင်တာကြောင့်ပါ။
    • DON’T – နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့မိနိုင်တဲ့ နေရာမှာထားပါ။ UV ဟာ နာရီပိုင်းအတွင်း ကွန်ဒုံးကို ပျက်စီးစေနိုင်ပါတယ်။
    • သိမ်းဆည်းရာနေရာရဲ့ စိုထိုင်းစ၊ အပူချိန်၊ ရေငွေ့နဲ့ ဖလူရက်ဆန့်စ်တွေကြောင့်လည်း ကွန်ဒုံးပျက်စီးနိုင်တာကို သိထားပါ။
    • DON’T – မော်တော်ကားလို အပူချိန် မတည်ငြိမ်တဲ့ ယာဉ်တွေထဲမှာ မသိမ်းပါနဲ့။
    • DON’T – ရေခဲသေတ္တာလို နေရာတွေမှာ ထည့်မသိမ်းပါနဲ့။
    • DON’T – ပြတင်းပေါက်နဲ့ နီးတဲ့နေရာတွေမှ မထားပါနဲ့။ နေရောင်တိုက်ရိုက် ကျနိုင်လို့ပါ။

    မှန်မှန်ကန်ကန် ဘယ်လိုသုံးကြမလဲ

    ကွန်ဒုံးတစ်ခု ဘယ်လောက်အသုံးဝင်လဲဆိုတာ သင် နည်းလမ်းမှန်မှန် ဘယ်လောက်အသုံးပြုနိုင်လဲဆိုတဲ့ အပေါ် မူတည်ပါတယ်။ ယောက်ျားလေးက ကွန်ဒုံးသုံးမယ်ဆိုရင်တောင် မိန်းကလေးဖြစ်သူ ကိုယ်ဝန်ရနိုင်ချေတွေ ရှိပါသေးတယ်။

    စစ်တမ်းများအရ အဖော်ဖြစ်သူ အမျိုးသားများက ကွန်ဒုံးကို မှန်ကန်စွာ သုံးလျက်နဲ့တောင် အမျိုးသမီး အယောက် ၁၀၀ မှာ ၂ ယောက်ကတော့ ကိုယ်ဝန်ရကြပါတယ်။ အမျိုးသားဖြစ်သူက ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးမပြုဘူးဆိုရင်တော့ အမျိုးသမီး အယောက် ၁၀၀ မှာ ၁၈ ယောက်အထိက ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။

    ဒါကြောင့် ကွန်ဒုံးကို သေချာသိမ်းဆည်းရုံတင်မက မှန်မှန်ကန်ကန်လည်း အသုံးပြုဖို့ လိုအပ်လှပါတယ်။ ဒါဆိုရင် ကွန်ဒုံးကို ဘယ်လိုမှန်မှန်ကန်ကန် အသုံးပြုမလဲ။ အောက်မှာ လေ့လာကြည့်ပါ။

    • ကွန်ဒုံးဖောက်တဲ့အခါ ကွန်ဒုံးမပေါက်သွားပါစေနဲ့။ ကတ်ကြေးနဲ့ ညှပ်တာ၊ သွားနဲ့ ကိုက်ဖောက်တာ၊ ချွန်ထက်တဲ့ အရာနဲ့ ထိုးတာမျိုး မလုပ်ပါနဲ့။
    • ကွန်ဒုံးက ကျွတ်ဆပ်နေမယ်၊ မာတောင့်တောင့်ဖြစ်နေမယ်၊ ချွဲကျိကျိဖြစ်နေမယ်ဆိုရင် မသုံးပါနဲ့။
    • သက်တမ်းကုန်နေရင် မသုံးပါနဲ့။
    • ကိုယ်ရဲ့ အဖော်ဖြစ်သူနဲ့ မထိတွေ့ခင် ကိုယ့်ရဲ့အင်္ဂါ ထောင်မတ်နေချိန်မှာ ကွန်ဒုံးကိုတပ်ဆင်ပါ။
    • အစကနေ အဆုံးထိ ကွန်ဒုံးတပ်ဆင်လျက်သားဖြစ်နေပါစေ။
    • အကြိမ်တိုင်းအတွက် အသစ်တစ်ခုကို ထပ်မံသုံးပါ။
    • တကယ်လို့ ကွန်ဒုံးရှေ့ပိုင်းမှာ အစွပ်သေးသေးလေးမရှိရင် သုက်ထွက်လာရင် စုထားနိုင်အောင်လို့ လက်မဝက်လောက် ထိပ်မှာ ချန်ထားပါ။
    • လိင်ဆက်ဆံစဉ်အတွင်း ကွန်ဒုံးပေါက်ပြဲတယ်လို့ ခံစားရရင် ချက်ခြင်းရပ်ပြီး အဟောင်းကိုချွတ်ကာ ကွန်ဒုံးအသစ်ကို ဝတ်ဆင်ပါ။
    • သုတ်လွှတ်ပြီး လိင်တံမပျော့ပြောင်းသွားခင်မှာ ကွန်ဒုံးမကျွတ်ထွက်သွားစေပဲ ဂရုစိုက်ကာ ဆွဲထုတ်ပါ။
    • ထုတ်တဲ့အချိန်မှာလည်း သုတ်များမလျှံထွက်အောင် ဂရုတစိုက်ဆွဲထုတ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement