backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သွားကျန်းမာရေး - နှုတ်ခမ်းကွဲ၊အာခေါင်ကွဲခြင်း


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွားကျန်းမာရေး - နှုတ်ခမ်းကွဲ၊အာခေါင်ကွဲခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း ကဘာလဲ။

နှုတ်ခမ်းကွဲခြင်းဆိုတာ မွေးကတည်းက အပေါ်နှုတ်ခမ်း ၂ခြမ်းဟာ စေ့မနေဘဲ ကွဲနေတာကိုခေါ်ပါတယ်။ မမွေးဖွားလာခင်ကတည်းက ကွဲနေတာပါ။ အလားတူကိစ္စမျိုး အာခေါင်မှာလည်းဖြစ်တတ်ပါတယ်။ နှုတ်ခမ်းကွဲခြင်းနှင့် အာခေါင်ကွဲခြင်းဟာ တစ်ခုစီလည်းဖြစ်တတ်သလို လူတစ်ယောက်တည်းမှာ ၂မျိုးလုံးဖြစ်နေတာမျိုးလည်းရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးဟာ အစောပိုင်းသန္ဓေသားဖွံ့ဖြိုးစဉ်ကာလမှာတည်းက ဖြစ်တာပါ။ ခုလို အင်္ဂါမစုံမှုဟာ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်တတ်သလို ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်နဲ့ပတ်ဝန်းကျင်ဆိုင်ရာထိတွေ့မှုတွေ ထိခိုက်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လက္ခဏာများ

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း ရဲ့လက္ခဏာတွေကဘာတွေလဲ

အများအားဖြင့်တော့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတာတွေဟာ မွေးမွေးချင်းကိုသိနိုင်ပါတယ်။ အောက်ဖော်ပြပါ ပုံစံတွေအတိုင်း ဖြစ်ပေါ်နိုင်ပါတယ်။

• နှုတ်ခမ်းနဲ့အာခေါင်မှာဖြစ်နေတဲ့ကွဲကြောင်းဟာ မျက်နှာတစ်ခြမ်းတည်းမှာရော နှစ်ခြမ်းလုံးမှာပါ ဖြစ်နိုင်ပါတယ်။

• နှုတ်ခမ်းအကွဲကတော့ နှုတ်ခမ်းမှာVပုံသဏ္ဍာန်ကွဲကြောင်းအသေးလေးဖြစ်နိုင်သလို နှုတ်ခမ်းကနေ အပေါ်သွားဖုံးနဲ့ နှာခေါင်းအောက်ထိလည်းရှည်လျားနိုင်ပါတယ်။

• အာခေါင်ကွဲတာကတော့ မျက်နှာအသွင်အပြင်ကို မထိခိုက်နိုင်ပါဘူး

အချို့ဖြစ်ရပ်အနည်းစုမှာ ကွဲကြောင်းဟာ အာခေါင်ပျော့ရဲ့ကြွက်သားတွေမှာပဲပေါ်တတ်ပါတယ်။ (submucous cleft palate)။ အာခေါင်ပျော့ဆိုတာကတော့ ပါးစပ်အနောက်နားမှာရှိတာပါ။ ဒီလိုကွဲတဲ့ပုံစံကတော့ မွေးဖွားစဉ်မှာလည်းမသိသာသလို လက္ခဏာတွေပိုကြီးထွားမလာမချင်း သတိပြုမိနိုင်မှာလည်းမဟုတ်ပါဘူး။ ဒီလို submucous cleft palate တွေရဲ့လက္ခဏာတွေကတော့

• မြိုချရခက်ခဲခြင်း

• နှာခေါင်းသံနှင့်စကားပြောခြင်း

• နားတွင်းမကြာခဏပိုးဝင်ခြင်း စတာတွေဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဒီရောဂါဟာ များသောအားဖြင့် မွေးတည်းကဖြစ်ပေါ်နေတာကြောင့် ဆရာဝန်က အဲ့ဒီအချိန်ကစပြီး ညှိနှိုင်းစောင့်ရှောက်မှုကို စတင်နိုင်ပါလိမ့်မယ်။ တကယ်လို့ သင့်ကလေးမှာ submucous cleft palate ရဲ့လက္ခဏာတွေရှိခဲ့မယ်ဆိုရင် ဥပမာ အစာကျွေးတဲ့အချိန်မှာခက်ခဲနေတာမျိုး ဆိုရင် သင့်ကလေးရဲ့ ဆရာဝန်နဲ့ပြပါ။

ကုသခြင်း နှင့် ကာကွယ်ခြင်း

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း ကို ဘယ်လိုကုသပါသလဲ၊ ဘာလုပ်သင့်သလဲ

ဘယ်သူမှတော့ ကိုယ့်ကလေးကိုမွေးရာပါချို့ယွင်းမှုတွေနဲ့ မွေးလာစေချင်မှာမဟုတ်ပါဘူး။ အသက်တစ်ချောင်းကိုမွေးဖွားလိုက်လို့ စိတ်လှုပ်ရှား ပီတိဖြစ်နေတဲ့အချိန်မှာ သင့်ကလေးဟာ နှုတ်ခမ်းကွဲနေတာ အာခေါင်ကွဲနေတာ စသဖြင့် မွေးရာပါချို့ယွင်းချက်တွေရှိနေတယ်ဆိုတာသိလိုက်ရရင်တော့ တစ်မိသားစုလုံး စိတ်ထိခိုက်ရတော့တာပါပဲ။

မိဘနဲ့မိသားစုဝင်များအတွက် – သင်တို့မိသားစုဘဝထဲကို အဆိုပါချို့ယွင်းမှုနဲ့ကလေးလေးဝင်လာတော့မယ်ဆိုရင်အောက်ပါ အချက်တွေကို စိတ်မှာမြဲမြဲမှတ်သားပေးပါ။

• ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့။ အင်အားရှိအောင်ကြိုးစားပြီး သင့်ကလေးကိုကူညီထောက်ပံ့ပါ။

• လွတ်လွတ်လပ်လပ်ခံစားပါ။ ဝမ်းနည်းတာ၊စိတ်မကောင်းဖြစ်တာနဲ့ စိတ်ဓါတ်ကျတာတွေခံစားရမယ်ဆိုတာ သဘာဝပါပဲ။

• အကူအညီရှာပါ။ ဆေးရုံက လူမှုရေးလုပ်သားတွေဟာ အသင်းအဖွဲ့တွေ၊ ဘဏ္ဍာရင်းမြစ်တွေနဲ့ ပညာရေးအတွက် အထောက်အပံ့တွေရှာတွေ့နိုင်အောင်ကူညီပေးနိုင်ပါလိမ့် မယ်။

ကလေးအတွက် – သင့်ကလေးကို နည်းလမ်းများစွာနဲ့ထောက်ပံ့ပေးနိုင်ပါတယ်။

• ကလေးကို ပုံမှန်လူသားတစ်ယောက်အတိုင်းပဲဂရုစိုက်ပါ။ နှုတ်ခမ်းကွဲတာတွေ အာခေါင်ကွဲတာတွေကို လျစ်လျူရှုထားပါ။

• ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်မပါဝင်တဲ့ ကိုယ်ကျင့်တရားနဲ့ အခြားသောစိတ်ပိုင်းဆိုင်ရာတွေကို အပြုသဘောဆောင်တတ်အောင် ညွှန်ပြပါ။

• ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုချခိုင်းခြင်းအားဖြင့် မိမိကိုယ်ကိုယုံကြည်မှုရှိလာအောင် လုပ်ယူပါ။

• ယုံကြည်မှုအပြည့်ရှိတဲ့ ကိုယ်နေဟန်ထားတွေဖြစ်အောင် သင်ကြားပေးပါ။ ဥပမာ -ပြုံးတာနဲ့ ရင်ကော့ခေါင်းမော့ထားတာမျိုး

• ပွင့်လင်းလွတ်လပ်စွာပြောနိုင်ပါစေ။ တကယ်လို့ သင့်ကလေးကို မိမိပုံပန်းသဏ္ဍာန်နဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းအောင် စတာနောက်တာမျိုး ကျောင်းမှာပြုလုပ်ခဲ့ရင် ဒီအကြောင်းတွေကို သင့်ရှေ့မှာ စိတ်ချယုံကြည်စွာပြောပြနိုင်တဲ့ထိပေါ့။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကို ဘယ်လိုကာကွယ်မလဲ

ဒီလိုချို့ယွင်းချက်တွေရှိတဲ့ ကလေးငယ်ကိုမွေးပြီးသွားရင်တော့ မိဘတွေဟာအခြားကလေးတစ်ယောက်ကိုလည်းထိုနည်းနှင်နှင်မွေးလာကြမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီလိုချို့ယွင်းမှုတွေကို မကာကွယ်နိုင်ပေမယ့်လည်း နားလည်နိုင်စွမ်းပိုမြင့်လာဖို့နဲ့ ဖြစ်လာနိုင်ချေလျော့ကျဖို့အတွက် အောက်ပါအချက်တွေကိုလိုက်နာကြည့်ပါ။

• မျိုးရိုးကိုလေ့လာပါ။ သင့်မိသားစုရဲ့ ရာဇဝင်ထဲမှာ ဒီလိုချို့ယွင်းချက်တွေရှိခဲ့ဖူးရင် ကိုယ်ဝန်မဆောင်ခင် ဆရာဝန်ကိုပြောပြပါ။ ဆရာဝန်က မျိုးရိုးဗီဇဆိုင်ရာအကြံပေးပုဂ္ဂိုလ်ထံ ညွှန်ပြပေးနိုင်ပြီး ထိုသူက ချွတ်ယွင်းချက်နဲ့ကလေးမွေးဖွားလာနိုင်ချေဘယ်လိုရှိသလဲဆိုတာကို သင်နားလည်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

• ကိုယ်ဝန်ဆောင်အားဆေးသောက်ပါ။ ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ အားဆေး တွေသောက်သုံးတာက ချွတ်ယွင်းချက်ပါတဲ့ကလေးမွေးနိုင်ချေကို လျော့နည်းသွားစေပါတယ်။ တကယ်လို့ သင်ကမကြာခင်မှာပဲ ကိုယ်ဝန်ယူတော့မယ်ဆိုရင် ခုတည်းက ကိုယ်ဝန်ဆောင်စဉ်သောက်တဲ့ အားဆေး တွေကိုသောက်သုံးပါ။

• ဆေးရွက်ကြီးနဲ့ အရက်ရှောင်ပါ။ ဒီ၂မျိုးလုံးကို ကိုယ်ဝန်ဆောင်စဉ်မှာအသုံးပြုတာက နှုတ်ခမ်းကွဲ၊အာခေါင်ကွဲစတဲ့ချွတ်ယွင်းချက်ပါတဲ့ကလေးမွေးနိုင်ချေ မြင့်မားစေပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement