backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Eating Disorders (အစားအသောက်မူမမှန်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Eating Disorders (အစားအသောက်မူမမှန်ခြင်း) ကဘာလဲ။

အစားအသောက်မူမမှန်ခြင်းဆိုတာ အစားအသောက်ုပုံမှန်မစားခြင်း နှင့် ခန္ဓါကိုယ်ပုံစံအလေးချိန်အပေါ် စိတ်ဖိစီးမှုများခြင်းကြောင့်ဖြစ်လာသော ဖျားနာမှုတစ်ခုဖြစ်သည်။ များသောအားဖြင့် သင့် ခန္ဓါကိုယ်အလေးချိန် ပုံသန္ဏန် အစားအသောက်တို့အပေါ် အလေးအနက်အရမ်းထားခြင်း ကြောင့်ဖြစ်တတ်ပြီး အန္ဓါရယ်များသောအစားအသောက်ပုံစံကိုဖြစ်စေသည်။ ခန္ဓါကိုယ်အတွက် လုံလောက်သော အာဟာရကိုမရနိုင်ပဲဖြစ်တတ်သည်။

အဖြစ်များဆုံးပုံစံမှာ အေနိုရက်စီးယားနာဖိုစာ၊ ဗျူလီးမီးရား နာဖိုစာ နှင့် အစားအသောက်များလွန်းခြင်းတို့ဖြစ်သည်။

အစားအသောက်မူမမှန်ခြင်းသည် နောက်ဆက်တွဲပြသာနာများစွာကိုဖြစ်စေနိုင်သည်။ အချို့က အသက်အန္ဓါရယ်ရှိနိုင်သည်။ အစားအသောက်မူမမှန်ခြင်းပြင်းထန်လေလေ သို့မဟုတ် ရောဂါကြာရှည်လေလေ ပိုပြင်းထန်သောနောက်ဆက်တွဲ ဥပမာ

ရောဂါဆိုင်ရာပြသာနာများ

စိတ်ဓါတ်ကျခြင်း နှင့် ဒေါသထွက်လွယ်ခြင်း

သတ်သေလိုသောအတွေး သို့မဟုတ် အပြုအမူများဖြစ်ခြင်း

ကြီးထွားဖွံဖြိုးမှုဆိုင်ရာပြသာနာများဖြစ်ခြင်း

ပတ်ဝန်းကျင်နှင့် ဆက်စပ်မှုဆိုင်ရာပြသာနာများ

ဆေးစွဲခြင်း

အလုပ်နှင့် ကျောင်းတွင် ပြသာနာများဖြစ်ခြင်း

သေခြင်း ထိဖြစ်တတ်သည်။

Eating Disorders (အစားအသောက်မူမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ ဆယ်ကျော်သက်နှင့် ငယ်သောမိန်းကလေးများသည် ယောက်ျားလေးများထက်ပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Eating Disorders (အစားအသောက်မူမမှန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အစားအသောက်မူမမှန်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

အန္ဓါရယ်ရှိစွာပိန်နေသော်လည်းအချိန်ကြာဖြင့်စွာဝိတ်ချခြင်း

ဝိတ် အတက်အကျများခြင်း

အစားအသောက်ရှိ ကယ်လိုရီနှင့် အဆီပမာဏကိုအမြဲတွက်နေခြင်း

နိသာယ နှင့်ဆိုင်သောအစားအသောက်ပုံစံများ ဥပမာ အစာကို အပိုင်းအသေးလေးများအဖြစ်စိတ်ခြင်း တယောက်တည်းစားခြင်း သို့မဟုတ် အစာအားဖွက်ခြင်း။

အစားအသောက်ပမာဏ ငွေပမာဏ သို့မဟုတ် ချက်ပြုတ်မှုပမာဏကိုကန့်သတ်ထားခြင်း။

အခြားသူအတွက်ဖွယ်ဖွယ်ရာရာချက်သေးသော်လည်း ကိုယ်တိုင်အစားအသောက်ထိန်းခြင်း။

စိတ်ဓါတ်ကျခြင်း

ပတ်ဝန်းကျင်ဆိုင်ရာ မိသားစုဆိုင်ရာနှင့် သူငယ်ချင်းများအားရှောင်ကျဉ်နေခြင်း

အစာငတ်ခံချိန် နှင့် အစာအများစားချိန် အပြောင်းအလဲမြန်ခြင်း။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ကံမကောင်းစွာ လူအများစုက အစားအသောက်မူမမှန်ခြင်းအတွက် ကုသမှုမလိုဟုတွေးတတ်ကြသည်။ သင်ချစ်ရသောသူ ကိုစိတ်ပူပါက သူ သို့မဟုတ် သူမကိုဆရာဝန်နှင့်သွားရောက်ပြသရန်တိုက်တွန်းပါ။ မကျန်းမာစေသော အစားအသောက်ဆိုင်ရာပုံစံ နှင့် ယုံကြည်မှုများရှိပါက သို့မဟုတ် အစားအသောက်မူမမှန်ခြင်းဖြစ်စေသောဖိအားများရှိနေပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ အစားအသောက်မူမမှန်ခြင်းဟုဖော်ပြသော အခြေအနေများမှာ

အစားအသောက်မစားဖြစ်ခြင်း သို့မဟုတ် မစားချင်၍အကြောင်းပြချက်များပေးနေခြင်း။

အသီးအရွက်ပဲ စားခြင်း

ကျန်းမာသောအစားအသောက်ပဲဖြစ်အောင် အလေးအနက်ထားလွန်းခြင်း

မိသားစုစားသောအစာမစားပဲ ကိုယ့်အစားအသောက်ကို တယောက်တည်းပြင်ဆင်စားခြင်း။

ပုံမှန်ပတ်ဝန်းကျင်ဆိုင်ရာလုပ်ဆောင်ချက်များမလုပ်တော့ခြင်း။

အဝလွန်ခြင်း နှင့် ဝိတ်ကျစေရန်အတွက် စိတ်ပူလွန်နေခြင်း။

မှန်ခဏခဏကြည့်ပြိး အပြစ်ရှာနေခြင်း။

အချိုများသော သို့မဟုတ် အဆီများသောအစားများကို အများကြီးခဏခဏစားခြင်း

ဝိတ်လျော့စေရ် ဖြည့်စွက်စာ ဝမ်းလျောဆေး သို့မဟုတ် သဘာဝပစ္စည်းများသုံးစွဲခြင်း

လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်း

လက်ထိုးအန်ခြင်း

သွားကြွေလွာပျောက်ဆုံးသွားခြင်းသည်လည်း ခဏခဏအန်ခြင်း၏လက္ခဏာဖြစ်တတ်သည်။

အစာစားနေချိန် အိမ်သာသွားခြင်း။

ပုံမှန်ထက် အသားသို့မဟုတ် သားရေစာများပိုစားခြင်း

အစားအသောက်စားခြင်းအပေါ် စိတ်ဓါတ်ကျခြင်း ရှက်ခြင်း သို့မဟုတ် အပြစ်ရှိသည်ခံစားနေရခြင်း

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Eating Disorders (အစားအသောက်မူမမှန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အစားအသောက်မူမမှန်ခြင်းဖြစ်စေသော အကြောင်းအတိအကျကိုမသိရသေးပါ။ အချို့သောစိတ်ပိုင်းဆိုင်ရာပြသာနာများကြောင့် ဖြစ်စေသောအကြောင်းအရင်းများစွာရှိပါသည်။ဥပမာအားဖြင့်

အချို့သူများတွင်မျိုးရိုးဗီဇကြောင့်ပိုဖြစ်တတ်သည်။ ပထမဆွေမျိုးတော်စပ်မှု -ညီအကိုမောင်နှမ သို့မဟုတ် မိသားစု- တွင်ရှိပါကပိုဖြစ်နိုင်သည်။

စိတ်ပိုင်းဆိုင်ရာ နှင့် ခံစားချက်နှင့်ဆိုင်သောကျန်းမာရေး။ အစားအသောက်မူမမှန်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ ခံစားချက်ဆိုင်ရာပြသာနာများနှင့်တွဲရှိတတ်သည်။ ကိုယ်ကို့ကိုယုံကြည်မှုနည်းခြင်း၊ အကောင်းဆုံးကိုသာရယူလိုခြင်း၊စိတ်လက်မာန်ပါလုပ်ဆောင်တတ်ခြင်း နှင့် ဆက်ဆံမှုဆိုင်ရာပြသာနာတို့ကြောင့်ဖြစ်တတ်သည်။

အောင်မြင်ခြင်းနှင့် တန်ဖိုးတက်ခြင်းတို့ကလည်း ပိန်လာစေတတ်သည်။ ဖိစီးမှုများ မီဒီယာမှလူတွေကိုယ့်အားမြင်ပုံတို့ကြောင့်ပိန်ချင်စိတ်များဖြစ်စေတတ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Eating Disorders (အစားအသောက်မူမမှန်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဖြစ်ပွားမှုကိုမြင့်စေသောအကြောင်းအရင်းများစွာရှိပါတယ်။ ဥပမာ

မိန်းကလေးများ။ ဆယ်ကျော်သက်မိန်းကလေးများနှင့် အသက်ငယ်သောမိန်းမများတွင် အေနိုရက်စီးယားသို့မဟုတ် ဗျူလီမီးအား(အစားအသောက်မစားလိုခြင်း)ပိုဖြစ်တတ်သော်လည်း ယောက်ျားလေးများတွင်လည်းဖြစ်တတ်သည်။

အသက်အရွယ်မျိုးစုံတွင်ဖြစ်တတ်သော်လည်-ကလေးငယ်များ ဆယ်ကျော်သက်များနှင့် အသက်ကြီးသူများ-ဆယ်ကျော်သက်နှင့် နှစ်ဆယ်အစပိုင်းတွင်ပိုဖြစ်တတ်သည်။

မိသားစုမျိုးရိုးရှိခြင်း။ မိဘနှင့် ညီအကိုမောင်နှမတွင်ဖြစ်ပါက ပိုဖြစ်နိုင်သည်။

စိတ်ပိုင်းဆိုင်ရာပြသာနာရှိသူများ။ စိတ်ဓါတ်ကျခြင်း ဒေါသထွက်ခြင်း စိတ်အလိုမကျမှုများသောသူများတွင်ပိုဖြစ်တတ်သည်။

ပြောင်းလဲသွားသောခန္ဓါကိုယ်နှင့် အခြားသူများ၏ချီးမွမ်းချက်များကြောင့်ပိန်အောင်ပိုကြိုးစားတတ်ကြသည်။ ထိုမှ အစားအသောက်ရှောင်ပြီးပိုဖြစ်တတ်သည်။

စိတ်ဖိစီးမှုများခြင်းကြောင့် အစားအသောက်မူမမှန်ခြင်းပိုဖြစ်တတ်သည်။

အားကစား အလုပ်နှင့် အနုပညာအလုပ်များ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Eating Disorders (အစားအသောက်မူမမှန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

စမ်းသက်မှုများတွင်

ရုပ်ပိုင်းဆိုင်ရာစမ်းသက်ခြင်း။ အခြားရောဂါကြောင့် အစားအသောက်မူမမှန်ခြင်းမဟုတ်ကြောင်းကိုဖယ်ရန်စမ်းသက်လိမ့်မည်။ အခြားဓါတ်ခွဲခန်းဆိုင်ရာစမ်းသက်ချက်များကိုလည်းတောင်းနိုင်သည်။

စိတ်ပိုင်းဆိုင်ရာစမ်းသက်ခြင်း။ စိတ်ပိုင်းဆိုင်ရာဆရာဝန်မှသင်အတွေး ခံစားချက် အစားအသောက်ပုံသဏာန်အားမေးလိမ့်မည်။ သင့်အား စိတ်ပိုင်းဆိုင်ရာမေးခွန်း ကိုယ့်ကိုယ်ကိုစမ်းသက်မှုဆိုင်ရာမေးခွန်းများမေးနိုင်သည်။

အခြားလေ့လာချက်များ။ အခြားလေ့လာချက်များဖြင့် နောက်ဆက်တွဲပြသာနာများကိုရှာဖွေလိမ့်မည်။ စမ်းသက်မှုများဖြင့် သင်လိုအပ်သောအာဟာရပမာဏကိုတွက်ပေးလိမ့်မည်။

Eating Disorders (အစားအသောက်မူမမှန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုတွင် ယေဘုယျအားဖြင့်-

မကျန်းမာသောအစားအစာ အစား ကျန်းမာသောအစာစားရန်သင်ယူခြင်းကအထောက်အကူပြုလိမ့်မည်။ အမှန်အမှားခွဲထုံး နှင့် မိသားစုဆိုင်ရာပြသာနာများဖြေရှင်းခြင်း တို့လည်းပါဝင်နိုင်သည်။

ဆေးရုံတင်ခြင်း။ အရမ်းဆိုးဝါးသောကျန်းမာရေးပြသာနာများ ဥပမာ မစားချင်အသောက်ချင်တော့ခြင်း ကြောင့် အာဟာရချို့တဲ့ခြင်းရှိပါက ဆရာဝန်မှ ဆေးရုံတက်ရန်ညွန်းလိမ့်မည်။

ဆေးဝါးများ ဥပမာ စိတ်ဓါတ်တက်ကြွစေသောဆေးနှင့် စိတ်ပူပန်မှုလျော့ချသောဆေးများက ရောဂါလက္ခဏာများ သက်သာစေရန်အထောက်အကူပြုနိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအစားအသောက်မူမမှန်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်အစားသောက်မူမမှန်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ကုသမှုနည်းလမ်းအတိုင်းကုသမှုခံယူပါ။ ကုသမှုအတိုင်း အစားအသောက်ပုံစံအတိုင်းလိုက်နာပါ။ သင့်တော်သော်ဗီတာမင် သတ္ထုဓါတ်အကြောင်းမေးမြန်းသုံးစွဲပါ။

သင့်ကျန်းမာသည်ကိုမြင်လိုသောမိသားစု သူငယ်ချင်း မန်ဘာများနှင့် သီးခြားမနေပါနှင့်။

လုပ်ရမည့်လေ့ကျင့်ခန်းပုံစံကိုဆရာဝန်နှင့်တိုင်ပင်ပါ။

ကိုယ့်အားအထောက်အကူပြုစေသောစာအုပ်မျိုးဖတ်ပါ။ သင့်ဆရာဝန်မှ အချို့ အထောက်အကူဖြစ်သော အရာများကိုညွန်းလိမ့်မည်။

ဝိတ်ချိန်ခြင်း မှန်ခဏခဏကြည့်ခြင်းအားရှောင်ပါ။ မကောင်းသော အကျင့်ကိုပြင်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement