backup og meta

သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ ။

    အားဆေး မဖြစ်မနေသောက်ပေးမှ ကျန်းမာရေး ကောင်းမှာလား ဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ရှိတတ်ကြမှာပါ။ ကိုယ်ကလည်း စားလို့ကောင်း သောက်လို့ကောင်းတဲ့ အရွယ်၊ ကျန်းမာရေး ကလည်း ကောင်းနေတယ် ဆိုရင် အားဆေး မသောက်လို့ ရလား။ သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။

    သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ ။

    အမှန်က အားဆေး ဆိုတာ အာဟာရဓာတ်တွေ ချို့တဲ့နေတဲ့ သူတွေ ရှိတာကြောင့် သူ့တို့ကို ပြန်ပြီး အာဟာရ ဖြည့်ပေးဖို့ အတွက် ပေါ်လာရတာပါ။ ဒါပေမယ့် စားလို့ကောင်း သောက်လို့ကောင်းတဲ့ သူတွေလည်း တချို့အခြေအနေတွေမှာ အားဆေးသောက်ပေးဖို့ လိုနိုင်ပါတယ်။

    ဘယ်လိုအခြေအနေမျိုးလည်း ဆိုတော့ ကိုယ်က အစားရွေးလွန်းတယ်။ သက်သတ်လွတ်စားနေတယ်။ စားတော့စားတယ် အစားနည်းတယ်။ အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားအရွယ်တွေ၊ ရောဂါအခံတွေ ရှိတဲ့ အခြေအနေမျိုးမှာပေါ့။ ဒီလို လူမျိုးတွေမှာဆို နေ့စဉ် တစ်နေ့ ၃နပ် စားနေပေမယ့်လည်း ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့နေနိုင်ပါတယ်။

    ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့တဲ့အခါ အောက်ပါ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    • အမြင်အာရုံ အားနည်းလာမယ်၊ အသားအရေတွေ ခြောက်သွေ့လာမယ်
    • အာရုံကြော အားနည်းလာမယ်
    • သွားတိုက်လိုက်တာနဲ့ သွားဖုံးကနေ သွေးထွက်နေမယ်
    • အရိုး သန်စွမ်းမှု အားနည်းနေပြီး အရိုးပွတာ ၊ အရိုးကျိုး လွယ်တာမျိုးတွေ ဖြစ်နေမယ်
    • အသားအရေကလည်း မစိုပြေတော့ဘဲ ခြောက်သွေ့နေမယ်
    • အနာကျက်လည်း နှေးနေတတ်ပြီး ထိခိုက်မိပြီ ဆိုတာနဲ့ သွေးတိတ်ဖို့လည်း ကြာနေတတ်တယ်
    • သွေးအားလည်းနည်းနေတတ်ပြီး ဆံပင်တွေလည်း ကြွပ်ဆတ်နေတတ်ပါတယ်။
    • နှုတ်ခမ်းနားတစ်ဝိုက်မှာလည်း ကျီးကန်း ပါးစပ်လိုမျိုး အနာတွေ ပေါက်နေပြီဆိုရင်တော့ သင့်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့မှုတွေ ရှိနေပါပြီ ။ ။

    ကိုယ်စားတာ ကတော့ စားတာပဲ ။ ဒါပေမယ့် ဒီလို ဗီတာမင် ချို့တဲ့တဲ့ လက္ခဏာတွေ ရှိနေပြီဆို ဘာလုပ်ရမှာလဲ။ ဒီ ဗီတာမင် တွေ အကုန်လုံးပြန်ရအောင် ကိုယ့်ရဲ့ စားသောက်မှုပုံစံကို ပြန်ညှိဖို့ လိုပါတယ်။ လတ်တလောမှာတော့ အားဆေးသောက်ပြီး ဖြေရှင်းထားကြတာပေါ့။

    ရေရှည်မှာတော့ အားဆေးကိုချည်း အားမကိုးဘဲ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ကို အစားအစာကနေ ရနိုင်သလောက် ယူတာက အကောင်းဆုံးပါ။

    ဒါပေမဲ့ တချို့တွေမှာတော့ အားဆေးကို တစ်သက်လုံး မှီဝဲသွားရမယ့် လူတွေလည်း ရှိပါတယ်။ သူတို့တွေကတော့ အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားတွေ၊ အူလမ်းကြောင်း ခွဲစိတ်မှုခံယူထားလို့ ဗီတာမင်တချို့ မရနိုင်တော့တဲ့သူတွေ၊ အာဟာရပြည့်ဝအောင် မစားဖြစ်ကြတဲ့ သက်သတ်လွတ်စားသူတွေပေါ့။ (ဒီနေရာမှာ သက်သတ်လွတ်စားတိုင်း အာဟာရချို့တဲ့တာ မဟုတ်ပါဘူး။ အသီးအရွက်တွေကနေလည်း အာဟာရ ရနိုင်လို့ သက်သတ်လွတ်စားတိုင်း အားဆေးသောက်ဖို့ လိုတာတော့ မဟုတ်ပါဘူး။)

    ဒါကြောင့် ပြန်ချုပ်ရရင် နေ့စဉ် ၃နပ် ပြည့်ဝအောင် စားနေပေမယ့် စားသောက်ပုံ မမှန်တဲ့အခါ၊ မလုံလောက်တဲ့အခါ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချိုတဲ့တတ်ပါတယ်။ ဒီအခါ ဗီတာမင်အစုံပါတဲ့ အားဆေးတစ်မျိုး မှီဝဲပေးဖို့ လိုပါတယ်။ အားဆေးတွေ သောက်နေပေမယ့် တစ်ဖက်ကလည်း အာဟာရပြည့်ဝအောင် စားသုံးပါ။ အစားအသောက်ကရတဲ့ အာဟာရက အားဆေးကရတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေထက် ပိုကောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement