backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sjogren Syndrome (ရှိုးဂရန်းရောဂါစု)


Dr.Nyan Linn မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sjogren Syndrome (ရှိုးဂရန်းရောဂါစု) ကဘာလဲ။

ရှိူးဂရန်းရောဂါစုဆိုသည်မှာ ပါးစပ်နှင့်မျက်လုံးများတွင် စိုစွတ်မှုရှိနေရန် သွားရည်နှင့် မျက်ရည်တို့ကိုထုတ်ပေးသည့်အကျိတ်များအား မိမိ၏ခုခံအားစနစ်မှ ပြန်လည်တိုက်ခိုက်နေသော ရောဂါတစ်မျိုးဖြစ်သည်။ ထို့ကြောင့်ရှိုးဂရန်းဖြစ်နေသောသူ၏မျက်လုံးနှင့် ပါးစပ် တွင် လုံလောက်သောစိုစွတ်မှုများမရှိပေ။

Sjogren Syndrome (ရှိုးဂရန်းရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ

မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်ပွားနိုင်သော်လည်း ဆရာဝန်များ၏တွေ့ရှိချက်အရ ဖြစ်ပွားသူအများစုမှာ အသက်40ကျော်များဖြစ်ကြသည်။ ထို့ပြင် အမျိုးသမီးများတွင် ပို၍ဖြစ်ပွားတတ်သည်။

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Sjogren Syndrome (ရှိုးဂရန်းရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရှိုးဂရန်းရောဂါစု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ရှိုးဂရန်းရောဂါစုရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

မျက်လုံးများခြောက်ကပ်ခြင်း

မျက်လုံးများပူစပ်ခြင်း၊ယားခြင်း(သို့) စမ်းကြည့်ပါက မာတင်းတင်းဖြစ်နေခြင်း

ပါးစပ်များခြောက်ကပ်ခြင်း

သင်၏ပါးစပ်သည် ဝါဂွမ်းများအပြည့်ငုံထားသကဲ့သို့ မျိုရခက် စကားပြောရခက်ဖြစ်နေစေသည်။

ပို၍ပြောရလျှင်ထိုလက္ခဏာများအပြင် အချို့လူများတွင် အောက်ပါ လက္ခဏာတခု (သို့) တခုထက်ပို၍ရှိနေတတ်သည်။

အဆစ်အမြစ်များရောင်ခြင်း၊နာခြင်း၊တောင့်ခြင်း

သွားရည်ထုတ်အကျိတ်များရောင်ရမ်းခြင်း အထူးသဖြင့် မေးရိုး၏အနောက်နှင့် နားအရှေ့ရှိ သွားရည်ထုတ်အကျိတ်များသည် ရောင်ရမ်းခြင်း

မိန်းမကိုယ်သည် ခြောက်ကပ်နေခြင်း

ကြာရှည်စွာသလိပ်မပါပဲ ချောင်းအခြောက်ဆိုးနေခြင်း

အရေပြားတွင် အနီစက်များထွက်ခြင်း (သို့) ခြောက်ကပ်နေခြင်း စသည်ဖြင့်ဖြစ်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါအား ရှာဖွေ တွေ့ရှိ၍ လျင်မြန်စွာ ကုသခြင်းသည် ရောဂါအခြေအနေဆိုးဝါးလာမှုနှင့် အရေးပေါ်အခြေအနေများကို ကာကွယ်ပေးနိုင်သည်။ ထိုကဲ့သို့သော ပြင်းထန်သည့် အခြေအနေများမဖြစ်ရန် ဆရာဝန်အား အမြန်ဆုံးပြသသင့်ပါသည်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Sjogren Syndrome (ရှိုးဂရန်းရောဂါစု) ကိုဘာတွေကဖြစ်စေသလဲ

ရှိုးဂရန်းရောဂါစုသည် ခုံခံအားနှင့်ဆိုင်သည့် ရောဂါတခုဖြစ်ပြီး ဆိုလိုသည်မှာ မိမိ၏ခုခံအားစနစ်သည် မိမိ၏ကိုယ်ပိုင်ဆဲလ်များနှင့် တစ်ရှူးများကို မှားယွင်းစွာ တိုက်ခိုက်နေခြင်းဖြစ်သည်။ ကံမကောင်းစွာဖြင့် အချို့သူများတွင် အဘယ်ကြောင့် ရှိုးဂရန်းဖြစ်ပွား၍အချို့သူများတွင် မဖြစ်ပွားသည်ကို သိပ္ပံပညာရှင်များက ယခုထိသေချာစွာမသိကြသေးပါ။ အချို့သောမျိုးရိုးဗီဇများသည် ဖြစ်ပွားနိုင်ချေကို မြင့်စေသော်လည်း အခြားသော ဘက်တီးရီးယားနှင့် ပိုးမွှားများကလည်းဖြစ်ပွားစေသည့် အကြောင်းအရင်းတွင် လိုအပ်နေကြောင်းသိရသည်။ ရှိုးဂန်းရောဂါတွင် သင်၏ ခုခံအားစနစ်သည် မျက်လုံးနှင့် ပါးစပ်ရှိအရည်ထုတ်အကျိတ်များကိုအရင် ပစ်မှတ်ထားတိုက်ခိုက်တတ်သည်။ သို့သော်လည်း အခြားသောပျက်စီးထိခိုက်ခံရနိုင်သည့် အစိတ်အပိုင်းများမှာ

အဆစ်အမြစ်များ

သိုင်းရွိုက်အကျိတ်

အသည်း

အဆုတ်

အရေပြား

အကြောများ စသည်ဖြင့်ဖြစ်ကြသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Sjogren Syndrome (ရှိုးဂရန်းရောဂါစု) ဖြစ်နိုင်ခြေကိုဘာတွက မြင့်တက်စေသလဲ

ရှိုးဂရန်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်အရွယ် – အသက်40 ကျော်သူများတွင် အများအားဖြင့်တွေ့ရသည်။

လိင် – အမျိုးသမီးများတွင် ပို၍ဖြစ်နိုင်ချေများသည်။

လေးဘက်နာရောဂါ

ရှိုးဂရန်းရှိသော သူများတွင် အများအားဖြင့် အဆစ်အမြစ်ကိုက် နှင့် SLE စသော လေးဘက်နာရောဂါများရှိတတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Sjogren Syndrome (ရှိုးဂရန်းရောဂါစု) ကို ဘယ်လိုအတည်ပြုပါသလဲ

အကယ်၍သင်၏ဆရာဝန်မှ သင့်တွင် ထိုရောဂါရှိသည်ဟုသံသရရှိပါက သင့်အားကြည့်ရှူထိတွေ့စမ်းသပ်ခြင်းနှင့် အခြားသော လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်တတ်သည်။ အခြားသော လုပ်ဆောင်နေကျစစ်ဆေးမှုများမှာ

သွေးစစ်ခြင်း

မတူညီသောသွေးဆဲလ်များ၏ပမာဏများအားစစ်ဆေးခြင်း

ရှိုးဂရန်းရောဂါစုတွင် ရှိနေကျဖြစ်သည့် အန်တီဘော်ဒီများရှိမရှိကိုစစ်ဆေးခြင်း

ရောင်ရမ်းစေသည့်အခြေအနေများရှိမရှိစစ်ဆေးခြင်း

အသည်းနှင့် ကျောက်ကပ်တို့တွင် ပြဿနာရှိမရှိစစ်ဆေးခြင်း

မျက်လုံးအားစစ်ဆေးခြင်း

Schirmer tear test ဟုခေါ်သော စစ်ဆေးမှုတခုဖြင့် သင့်မျက်လုံး၏ ခြောက်သွေ့မှုကို သင့်ဆရာဝန်မှ တိုင်းတာနိုင်ပါသည်။ ထိုစစ်ဆေးမှုတွင် ဆီစုပ်စက္ကူကဲ့သို့သော စက္ကူအပိုင်းအစငယ်အား အောက်မျက်ခွံ၏အောက်တွင် ထားခြင်းဖြင့် မျက်ရည်မည်မျှထုတ်လုပ်နေမှုအခြေအနေကို စမ်းသပ်သည်။

ဖောက်ထွင်းကြည့်ရှူစစ်ဆေးမှုများ

အချို့သော ဖောက်ထွင်းကြည့်ရှူ စစ်ဆေးမှုများမှလည်း သွားရည်ထုတ်အကျိတ်များ၏ စွမ်းဆောင်ရည်ကို သိရှိနိုင်သည်။

အသားစယူခြင်း

ရှိုးဂရန်းရောဂါစုကို ဖော်ပြသည့် ရောင်ရမ်းနေသည့် နှုတ်ခမ်းဆဲလ်များရှိမရှိကို သင်၏ဆရာဝန်မှ နှုတ်ခမ်းအသားစယူကာ စစ်ဆေးခြင်းများလည်းပြုနိုင်ပါသည်။

Sjogren Syndrome (ရှိုးဂရန်းရောဂါစု) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်မှ ထောက်ခံသော ကုသမှုများမှာ

ရောဂါလက္ခဏာအပေါ်မူတည်၍ ပေးသောဆေးများ

သွားရည်ထုတ်လုပ်ခြင်းအား အားကောင်းစေသော ဆေးဝါးများ ဥပမာ ပိုင်လိုကာပင်း နှင့် cevimeline တို့သည် သွားရည်ထုတ်လုပ်ခြင်းကို အားကောင်းစေပြီး တခါတရံ မျက်ရည်ထုတ်လုပ်ခြင်းကိုပါ အားကောင်းစေသည်။

ဘေးထွက်ဆိုးကျိုးများမှာ ချွေးပြန်နေခြင်း၊ဗိုက်အောင့်ခြင်း၊အသားအရေနီရဲပူနွေးလာခြင်း၊နှင့် ဆီးသွားများခြင်း တို့ဖြစ်သည်။

တိကျထူးခြားသော နောက်ဆက်တွဲရလဒ်များကို ကုသခြင်း

အဆစ်အမြစ်များရောင်လာပါက စတီးရွိုက်မဟုတ်သော အရောင်အရမ်းကျဆေးများ (သို့) အခြား အဆစ်အမြစ်ရောင်ပျောက်ဆေးများအားအသုံးပြုခြင်းမှလည်း အကျိုးထူးနိုင်ပါသည်။ အလွယ်တကူအပြင်ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သည့် မျက်ဆင်းဆေးများသည် မထိရောက်ပါက ဆရာဝန်ညွှန်ကြားသည် မျက်ဆင်းဆေးများအား လိုအပ်နိုင်ပါသည်။ ပါးစပ်အတွင်းရှိ မှိုရောဂါပိုးများအား မှိုသတ်ဆေးများဖြင့် ကုသသင့်ပါသည်။

တစ်ကိုယ်လုံးအနှံ့ဖြစ်ပွားသော ရောဂါလက္ခဏာများအား ကုသပါ

Hydroxychloroquine ဟူသော ငှက်ဖျားပိုးအားကုသသည့် ဆေးတစ်မျိုးသည် ရှိုးဂရန်းရောဂါစုအားကုသရာတွင် မကြာခဏထိရောက်ခြင်းကိုတွေ့ရသည်။ ခုခံအားဖိနှိပ်ကျဆင်းစေသည့် ဆေးများ ဥပမာ မီသောက်ထရက်ဆိပ်ကိုလည်း ဆရာဝန်မှ ညွှန်ပေးနိုင်သည်။

ခွဲစိတ်ခြင်း

မျက်စိခြောက်ကပ်ခြင်းကို သက်သာရန် မျက်ရည်များအားထုတ်ပေးသည့် မျက်ရည်ပြွန်များအားပိတ်ဆို့မှုများအား လမ်းကြောင်းဖွင့်ပေးသော အသေးစားမျက်စိခွဲစိတ်မှုများကိုပြုလုပ်ရန်လည်း စဉ်းစားရနိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရှိုးဂရန်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရှိူးဂရန်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

မျက်ရည်တုများနှင့် မျက်ဆင်းရည်များအသုံးပြုခြင်းသည် မျက်စိခြောက်ကပ်၍သက်သောင့်သက်သာမဖြစ်မှုတို့ကို သက်သာပျောက်ကင်းစေပါသည်။

စိုစွတ်မှုအားတိုးမြှင့်ပါ

လေသလပ်ခြင်းတို့ကို လျှော့ချ၍ အတွင်းပိုင်းစိုစွတ်မှုအားတိုးမြှင့်ပေးခြင်းသည် မျက်လုံးများအား သက်သောင့်သက်သာမဖြစ်လောက်အောင် ခြောက်သွေ့သွားမှုတို့အား ကာကွယ်နိုင်ပါသည်။ဥပမာ ပန်ကာ(သို့)လေအေးပေးစက်အရှေ့တည့်တည့်တွင် ထိုင်ခြင်း နှင့် နေကာမျက်မှန်(သို့) မျက်လုံးကို ကာကွယ်သည့်ပစ္စည်းများကို အပြင်ထွက်သောအခါ အသုံးပြုခြင်းတို့ဖြစ်သည်။

အရည်များများသောက်ခြင်းဖြင့် အထူးသဖြင့် ရေသောက်ခြင်းသည် ပါးစပ်ခြောက်ခြင်းကို လျှော့ချနိုင်ပါသည်။ သွားရည်ထွက်ခြင်းကို လှုံ့ဆော်ပေးပါ။ သကြားမပါသော ပီကေများ (သို့) မာကြောသောသကြားလုံးများသည် သွားရည်များများထွက်ရန်အားပေးပါသည်။ ရှိုးဂရန်းရောဂါစုသည် သွားပိုးစားနိုင်ချေကို များစေသောကြောင့် အချိုလျှော့စားခြင်း ကို အထူးသဖြင့် ထမင်းစားချိန်များကြားတွင်ဖြစ်သည်။ လီမွန်ဖျော်ရည်သည်လည်း သွားရည်များများထွက်စေသည်။

သွားရည်အတုများအား စမ်းသုံးကြည့်ပါ

ထိုသွားရည်အတုများသည် ရိုးရိုးရေထက် ပိုထိရောက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရည်များတွင် ပါးစပ်အား ကြာရှည်စွာ စိုစွတ်စေနိုင်သည့် ချောဆီဓါတ်တစ်မျိုးပါဝင်နေ၍ဖြစ်သည်။

နှာခေါင်းအတွင်းဖြန်းပက်ရသော ဆားရည်တစ်မျိုးသည်လည်း နှာခေါင်းအတွင်းတစ်ခုလုံးကို ကောင်းစွာရှင်းရှင်းလင်းလင်းစိုစွတ်၍ အသက်ရှူလို့ကောင်းစေသည်။ ထူထဲခြောက်ကပ်နေသောနှာခေါင်းကြောင့် ပါးစပ်ဖြင့် အသက်ရှူနေရနိုင်သည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Nyan Linn မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement