backup og meta

Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) ကဘာလဲ။

အဖြစ်အများဆုံးသွေးအားနည်းခြင်း(ကျန်းမာသောသွေးနီဥနည်းခြင်း)ပုံစဖြစ်သည်။ သွေးနီဥများသည် အောက်စီဂျင်ကိုခန္ဓါကိုယ်တစ်သျူးများစီသို့ပို့ပေးသည်။

နာမည်အတိုင်း သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်းသည် သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်သည်။ သံဓါတ်မလုံလောက်သောကြောင့် သွေးနီဥအတွင်းရှိအောက်စီဂျင်သယ်ယူပေးသောအရာကိုခန္ဓါကိုယ်မှကောင်းစွာမထုတ်နီုင်တော့ပေ။ ထို့ကြောင့်သင့်အား ပင်ပန်းစေခြင်း အသက်ရူရခက်ခြင်းများဖြစ်စေသည်။

သံဓါတ်အားနည်းခြင်းကို သံဓါတ်အားဖြည့်ဆေးများဖြင့်ပြန်ဖြည့်နိုင်သည်။ သို့သော်အကယ်၍ အတွင်းပိုင်းသွေးထွက်သည်ဟု သံသယရှိပါက စမ်းသပ်မှုကုသမှုများလိုတတ်သည်။

Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသမီးများနှင့် သံဓါတ်ပါသောအစားအစာကိုရှောင်သူများတွင် ပိုဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • အလွန်မောပန်းလွယ်ခြင်း
  • အားနည်းခြင်း
  • ဖြူဖျော့ခြင်း
  • ရင်ဘတ်အောင့်ခြင်း ရင်ခုန်နှုန်းမြန်ခြင်း အသက်ရူကြပ်ခြင်း
  • ခေါင်းကိုက်ခြင်း မူခြင်း
  • လက်ဖျားခြေဖျားအေးခြင်း
  • လျှာယောင်ခြင်း သို့မဟုတ် အနာဖြစ်ခြင်း
  • လက်သည်းများကျွတ်ဆက်ခြင်း
  • အာဟာရမရှိသောအစားများအားစားချင်စိတ်ပြင်းခြင်း ဥပမာ ရေခ၊ဲ ဖုန်များ
  • မစားချင်မသောက်ချင်ခြင်း (ကလေးငယ်များနှင့် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

ရှိသောကလေးများတွင်ပိုဖြစ်တတ်သည်)

အချို့သောကိစ္စများတွင် ရောဂါမပြင်းထန်တတ်ပေ။ သို့သော် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

ပိုဆိုးလာပါက ရောဂါလက္ခဏာများပေါ်လာတတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

၏လက္ခဏာများပေါ်လာပါကသွားရောက် ပြသသင့်သည်။ သံဓါတ်အားနည်းခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

သည် ကိုယ်တိုင်ကုသသင့်အရာမဟုတ်ပါ။ ဆရာဝန်နှင့်မတိုင်ပင်ပဲ သံဓါတ်အားဖြည့်ဆေးများမသုံးသင့်ပါ။ သံဓါတ်များပါက အန္ဓါရယ်ဖြစ်စေပြီး အသဲနှင့် အခြားနောက်ဆက်တွဲပြဿများဖြစ်လာနိုင်သည်။

အကြောင်းရင်းများ

Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

ဖြစ်ပါက သင့်ခန္ဓါကိုယ်တွင် သံဓါတ်မလုံလောက်ပေ။ မလုံလောက်ခြင်းကြောင့်ဟေမိုဂလိုဖင် မထုတ်နီုင်တော့ပါ။ ဟေမိုဂလိုပင်သည် သွေးနီဥ၏အပိုင်းအစတခုဖြစ်ပြီး သွေးအားနီစေခြင်း အောက်ဆီဂျင်အားခန္ဓါကိုယ်အနှံသယ်ဆောင်ပေးခြင်းများလုပ်နီုင်သည်။ သံဓါတ်လုံလောက်စွာမစားပါက သို့မဟုတ် သံဓါတ် ဆုံးရှုံးမှုများပါက သင့်ခန္ဓါကိုယ်တွင် ဟေမိုဂလိုပင်မလုံလောက်တော့ပဲ သံဓါတ်အားနည်းခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

ဖြစ်ပေါ်လာစေသည်။

သံဓါတ်ချို့တဲ့ခြင်းကိုဖြစ်စေသောအကြောင်းများမှာ

  • သွေးဆုံးရှုံးမှုများခြင်း။ သွေးရှိ သွေးနီဥများတွင်သံဓါတ်ပါသည်။ ထို့ကြောင့် သင်သွေးဆုံးရှုံးပါက သံဓါတ်များပါသွားတတ်သည်။ ရာသီများသောမိန်းမများတွင် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ
  • ဖြစ်နှုန်းများသည် အဘယ်ကြောင့်ဆိုသော် ရာသီချိန်တွင်သွေးဆုံးရှုံးသွားသောကြောင့်ဖြစ်သည်။ တဖြည်းဖြည်းင်းနှာတာရှည်သွေးဆုံးရှုံးခြင်းဥပမာ အစာအိမ်အူအနာ ၊ကန့်လတ်ကာကြွက်သားအတွင်းမှကျွံြခ်ငး အူမကြီးအလုံး သို့မဟုတ် အူမကြီးစအိုကင်ဆာတို့တွင် လဲ သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါဖြစ်တတ်သည်။
  • သံဓါတ်စားသုံးမှုနည်းခြင်းသင့်အစာမှသံဓါတ်ပုံမှန်ရရှိသည်။ သင်အနည်းငယ်ပဲစားသုံးပါက သင့်ခန္ဓါကိုယ်သည် သံဓါတ်ချို့တဲ့လိုက်မည်။ သံဓါတ်များသောအစာများမှာ အသား ဥ အသီးအရွက် တို့ဖြစ်ကြသည်။ ကလေးများတွင်ကြီးထွားမှုအတွက် သံဓါတ်များသောအစားအစာစာရန်လိုအပ်သည်။
  • သံဓါတ်အားမစုပ်နိုင်ခြင်း။ အစာမှပါသောသံဓါတ်ကို အူသေးမှစုတ်ယူပြီး သွေါ်ထဲသို့ရောက်သည်။ အကယ်၍အူသေးမကောင်းပါက ဥပမာ စီးလိရိတ်ရောဂါတွင် အစာအာဟာရများကိုမစုပ်နိုင်ပ သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

ဖြစ်စေသည်။ဲအူသေးအားဖြတ်ထုတ်ထားပါက သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

နှင့် အခြားအာဟာရများချို့တဲ့နိုင်သည်။

  • ကိုယ်ဝန်ဆောင်ခြင်း။ သံဓါတ်အားတိုးဆေးသောက်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် သံဓါတ်သည် သွေးအားများစေရုံမက ကလေးကြီးထွားနှုန်းအတွက်လိုအပ်သော ဟေမိုဂလိုဘင်ကိုလဲများစေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • မိန်းကလေးဖြစ်ခြင်း။ မိန်းကလေးများသည် ရာသီလာချိန်တွင်သွေးဆုံးရှုံးမှုများပြီး သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

ဖြစ်နှုန်းများသည်။

  • ကလေးငယ်များ။ ကလေးများ (များသောအားဖြင့်နေ့မစေ့ပေါင်မပြည့်သောကလေးငယ်များတွင် ) သံဓါတ်အား မိခင်နီု့သို့မဟုတ် ဖော်မြူလာများကကောင်းစွာမရနိုင်ခြင်းကြောင့်ဖြစ်တတ်သည်။ ကြီးထွားမှုအတွက် သံဓါတ်များများလိုအပ်သည်။ အစားအသောက်စုံလင်အောင်မစားပါက သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

ဖြစ်တတ်သည်။

  • သက်သက်လွတ်စားခြင်း။ အသားမစားသူများတွင်ပိုဖြစ်တတ်သည်။
  • သွေးခဏခဏလှူသူများ။ သွေးပုံမှန်လှုသောလူများတွင်ပိုဖြစ်တတ်သည်။ သွေးလှူခြင်းဖြင့် သံဓါတ်ထိန်းသိမ်းထားမှုကိုကျနီုင်သည်။ သို့သော် ခဏတာသာဖြစ်ပြီး သံဓါတ်များသောအစားအစာများစားပါကပြန်ကောင်းသည်။ ဟေမိုဂလိုဘင်နည်းသောကြောင့်သွေးမလှူရန်ပြောပါက ဆရာဝန်အားသိလိုသည်များမေးမြန်းပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအားအတည်ပြုရန် ဆရာဝန်မှအောက်ပါတို့အားရှာလိမ့်မည်။

  • သွေးနီဥ အရွယ်အစားနှင့်အရောင်။ သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ
  • တွင် သွေးနီဥသည် ပိုသေးပိုဖျော့မည်။
  • ဟေမတိုခရစ်။ ထိုအရာသည် သွေးနီဥဖြင့်လုပ်ထားသော သွေးပမာဏဖြစ်သည်။ ပုံမှန်အားဖြင့် အရွယ်ရောက်မိန်းကလေးတွင် ၃၄.၉နှင့်၄၄.၅ အတွင်းရှိပြီး အရွယ်ရောက်ယောကျာ်းလေးတွင် ၃၈.၈ မှ ၅၀ ရာခိုင်နှုန်းကြားရှိသည်။ သို့သော်အသက်အရွယ်ပေါ်မူတည်၍ကွဲနိုင်သည်။
  • ဟေမိုဂလိုဘင်။ ဟေမိုဂလိုဘင်နည်းပါကသွေးအားနည်းခြင်းကိုပြသည်။ ပုံမှန်အားဖြင့်၁၃.၅ မှ ၁၇.၅ ဂရမ် /ဒက်ဆီလီတာ ဖြစ်ပြီး မိန်းကလေးအတွက် ၁၂.၀ မှ ၁၅.၅ထိဖြစ်သည်။ ကလေးအတွက်ပုံမှန်မှာ ကလေးအသက် လိင်ပေါ်မူတည်ပြီးပြောင်းလဲနိုင်သည်။
  • ဖယ်ရတင်။ဤ ပရိုတင်းသည် သံဓါတ်သိမ်းခြင်းတွင်ပါဝင်ပေးသည်။ နည်းနေပါက သံဓါတ်ထိန်းသိမ်းထားမှနည်းနေသည်ဟုဖော်ပြသည်။

သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါဟုဖော်ပြပါကဖြစ်စေသောအကြောင်းအရင်းကိုရှာရန်အောက်ပါစမ်းသက်မှုများလုပ်လိမ့်မည်။

  • အစာအိမ်မှန်ပြောင်းကြည့်ခြင်း။ အူကျွံခြင်း အနာဖြစ်ခြင်းများကိုမြင်နီုင်သည်။ သေးပါးသော ပြွန်တွင် ကင်မရာတပ်တင်၍ လည်ချောင်းမှအစာအိမ်သို့ကြည့်သည်။ ထိုသို့ကြည့်ခြင်းဖြင့်သွေးထွက်သောနေရာကိုသိနိုင်သည်။
  • အူမကြီးမှန်ပြောင်းကြည့်ခြင်း။ အူအောက်ပိုင်းသွေးထွက်မထွက်သိနိုင်သည်။ သေးပါးသောပြွန် ကို ကင်မရာတပ်၍ စအိုမှအူမကြီးအထိကြည့်သည်။ မေ့ဆေးပေး၍လုပ်လေ့ရှိသည်။ အူမကြီး နှင့်စအိုကိုသွေးထွက်မထွက်ကြည့်နိုင်သည်။
  • နှုန်းလွန်အသံလှိုင်းဖြင့်ဖြစ်ဆေးခြင်း။ မိန်းမများတွင် တင်ပါးဆုံရိုးအား ရိုက်ပြီး ရာသီသွေးများခြင်းကိုဖြစ်စေသောအကြောင်းအားရှာနိုင်သည်။ဥပမာ သားအိမ်တွင် အသားလုံးဖြစ်နေခြင်း

သင်၏ဆရာဝန်သည် သံဓါတ်အားတိုးဆေးဖြင့်ကုသပေးပြီး အထက်ပါစမ်းသက်မှုများ သို့မဟုတ် အခြားစမ်းသက်မှုများအားလုပ်လိမ့်မည်။

Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) ကို ဘယ်လိုကုသပါသလဲ

သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါကိုကုရန် သံဓါတ်အားတိုးဆေးကိုဆရာဝန်မှညွှန်ကြားလိမ့်မည်။ လိုအပ်လျင် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါကိုဖြစ်စေသော အကြောင်းအရာကိုကုလိမ့်မည်။ ဆေးဆိုင်တိုင်းတွင်ဝယ်နိုင်သောသံဓါတ်အားဆေးကိုသံဓါတ်ပြန်ဖြည့်ရန်ဆရာဝန်မှညွှန်းလိမ့်မည်။ မှန်ကန်သောပမာဏကိုဆရာဝန်မှရွေးချယ်ပေးလိမ့်မည်။ ကလေးများအတွက် အရည်ပုံစံလဲရနိုင်သည်။ သံဓါတ်စုပ်ယူအားများစေရန်အောက်ပါတို့ကိုလုပ်နိုင်သည်။

  • အစားမစားမှီသောက်ပါ။ သို့သော် သံဓါတ်ဆေးများသည် အစာအိမ်အားထိစေနိုင်သောကြောင့် အစားစားခြင်းသောက်ရန်လိုအပ်နိုင်သည်။
  • အက်စစ်ကိုချေဖျက်သောဆေးနှင့်သံဓါတ်အားဆေးအားတွဲမသောက်ပါနှင့်။ ရင်ပူခြင်းကိုချက်ခြင်းသက်သာစေသောဆေးသည် သံဓါတ်စုပ်ယူခြင်းကိုအနှောက်အယှက်ဖြစ်စေသည်။ သံဓါတ်ဆေးမသောက်မှီ နှစ်နာရီ သို့မဟုတ် သောက်ပြီး လေးနာရီကြာမှသောက်ပါ။
  • သံဓါတ်ဆေးအား ဗီတာမင်စီနှင့်တွဲသောက်ပါ။ သံဓါတ်စုပ်ယူမှုအားကောင်းစေးသည်။ ဆရာဝန်မှ သံဓါတ်ဆေးအား လိမော်ရည် သို့မဟုတ် ဗီတာမင်စီ ဖြင့်တွဲသောက်ရန်ညွန်ကြားလိမ့်မည်။
  • သံဓါတ်အားဆေးသည် ဝမ်းချုပ်ခြင်းဖြစ်နိုင်သည့်အတွက် ဝမ်းပျော့ဆေးများနှင့်တွဲသုံးနိုင်သည်။ သံဓါတ်ဆေးကြောင့်ဝမ်းမဲမဲသွားနိုင်သည်။ အန္ဓါရယ်မရှိပါ။

သံဓါတ်ချို့တဲ့ခြင်းသည် တညထဲနှင့်မပြင်နိုင်သည်။ လပေါင်းများစွာ သံဓါတ်အားဆေးသောက်ဖို့လိုမည်။ အပါတ်အနည်းငယ်ကြာချိန်တွင် နေထိုင်ကောင်းရှိလာလိမ့်မည်။ သွေးရှိသံဓါတ်အားမည်သည့်အချိန်ပြန်ဖောက်ရမည်ကိုဆရာဝန်အားမေးပါ။ သင့်သံဓါတ်ပြန်ပြည့်ပြီဆိုသော်လည်း သံဓါတ်အားဆေးအား တစ်နှစ်ထက်မကလဲသောက်ရန်လိုအပ်တတ်သည်။

သံဓါတ်အားဆေးများက သံဓါတ်ကိုပြန်မဖြည့်နိုင်ပါက တနေရာမှသွေးထွက်နေခြင်းသို့မဟုတ် သံဓါတ်မစုပ်နိုင်ခြင်းဖြစ်နိုင်သောကြောင့် ဆရာဝန်မှအကြောင်းအရင်းကိုရှာ၍ကုသမှုများလုပ်လိမ့်မည်။

ဖြစ်စေသောအကြောင်းအရင်းကိုမူတည်၍သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါကုသမှုများတွင် အောက်ပါတို့ပါဝင်နိုင်သည်။

  • ဆေးပေးခြင်းဥပမာ သန္ဓေတားဆေး သည် ရာသီသွေးများခြင်းကိုသက်သာစေသည်။
  • ပဋ္ဋိဇီဝပိုးသတ်ဆေးနှင့်အခြားဆေးများအား အစာအိမ်အူအနာအတွက်ပေးသည်။
  • သွေးထွက်နေသောအလုံး သို့မဟုတ် အသားလုံးများရှိပါက ခွဲစိတ်မှုပြုလုပ်သည်။

သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါပြင်းထန်ပါက သံဓါတ်အား သွေးမှပေးခြင်း သွေးသွင်းခြင်းတို့ဖြင့် သံဓါတ်နှင့် ဟေမိုဂလိုဘင် ကိုအမြန်ဆုံးပြန်တတ်စေနိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

သံဓါတ်များသောအစားများစားပါ။

သံဓါတ်များသောအစာများမှာ

  • အသား ဝက်သား ကြက်ငှက်
  • ပင်လယ်စာ
  • ပဲသီးတောင့်
  • အနီရောင်အသီးအရွက် ဥပမာ ဟင်းနုနွယ်
  • အသီးခြောက်များ ဥပမာ စပျစ်သီးခြောက် တရုတ်ဇီးသီး
  • သံဓါတ်ဖြည့်ထားသော ဆန် ပါမှန့်ပါစတာ
  • ပဲလုံး

သင့်ခန္ဓါကိုယ်သည် အသားမှ၇သောသံဓါတ်ကိုအခြားအရာတွေထက်ပိုစုပ်ယူသည်။ အသားမစားရန်ဆုံးဖြတ်ထားပါက သံဓါတ်များများပါသော အစာများကိုရွေးချယ်ရန်လိုအပ်မည်။

သင့်ခန္ဓါကိုယ်မှ သံဓါတ်စုပ်အားများစေရန် ဗီတာမင် စီပါသောအစာများကိုရွေးချယ်စားပါ။

သံဓါတ်စုပ်အားများစေရန် သံပုရာရည်သို့မဟုတ် ဗီတာမင်စီပါသော အခြားအစာများကို သံဓါတ်များသောအစာနှင့်အတူတွဲစားပါ။ သံပုရာရည် လိမော်ရည်တို့တွင်ပါသော ဗီတာမင်စီကို သံဓါတ်စုပ်ယူအားကိုများစေသည်။ ဗီတာမင်စီသည် အောက်ပါတို့တွင်တွေ့နိုင်သည်။

  • ပန်းုမုန်လာမျိုး
  • စပျစ်သီး
  • ကီဝီသီး
  • အစိမ်းရောင်ပါသောအရွက်
  • ဖရဲသီး
  • လိမော်သီး
  • ငရုတ်ကောင်း
  • စတော်ဘယ်ရီ
  • လိမော်သီးတစ်မျိုး
  • ခရမ်းချဉ်သီး

ကလေးငယ်များတွင်သံဓါတ်ချို့တဲ့ခြင်းအားကာကွယ်ခြင်း

ကလေးများတွင် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါအားကာကွယ်ရန် မိခင်နို့သို့မဟုတ် သံဓါတ်ဖြည့်စွက်ဖော်မြူလာအား ပထမတစ်နှစ်တွင်တိုက်ကျွေးသင့်သည်။ နွားနို့တွင် သံဓါတ်များများပါသော်လည်း တစ်နှစ်အောက်ကလေးများအတွက်မပေးပါ။ အသက်၆လကျော်လျင် သံဓါတ်ဖြည့်ထားသော ဆန် သို့မဟုတ် အသားအားတနေ့နှစ်ကြိမ်ကျွေးပါ။ တစ်နှစ်ကျော်ပါက ၂၀အောင်စ (၅၉၁ မီလီလီတာ)ထက်နို့ကိုမသောက်တာသေချာပါစေ။ နို့အများကြီးသောက်ခြင်းသည် အခြားအစားအစာများမစားတော့ခြင်းကိုဖြစ်နိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:
1. Iron deficiency anemia. http://www.mayoclinic.org/diseases-conditions/iron-deficiency-anemia/home/ovc-20266507. Accessed 12 Feb 2017
2. Iron deficiency anaemia. http://www.nhs.uk/conditions/anaemia-iron-deficiency-/pages/introduction.aspx. Accessed 12 Feb 2017
3. iron deficiency anemia. http://www.healthline.com/health/iron-deficiency-anemia#Overview1. Accessed 12 Feb 2017

ယခုပုံစံ

28/11/2019

Dr. Kaung Thar မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးကို သံဓါတ်မချို့တဲ့စေဖို့ ဂရုစိုက်ကာကွယ်ခြင်း

သံဓါတ်ချို့တဲ့ရင် ကိုယ်ခန္ဓါက ဘာတွေပြောင်းလဲသွားမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 28/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement