backup og meta

နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား

    နားကြပ်တံလေးတွေ တချို့တွေ အိတ်ထဲ ဆောင်ထားကြတာ တွေ့ဖူးပါတယ်။ နားသန့်ရှင်းရေး အဖြစ်နဲ့ မကြာခဏ သုံးတတ်ကြတယ်ပေါ့။ နားဖာကလော်လေးတွေ သော့ချိတ်မှာ ချိတ်ထားတာက ရှိသေးတယ်။ ဒီပစ္စည်းတွေနဲ့ မကြာမကြာ နားဖာချေး သန့်ရှင်းရေး မလုပ်ပေးရင်ဘဲ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိသူလိုလို ဆက်ဆံခံရတတ်တာ သေချာတာပေါ့။ တကယ်ပဲ နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား

    နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား ဆိုတော့ ဒီလို အယူအဆမျိုးကို ဆေးပညာ ကတော့ နိုးပါ တဲ့။

    နား အတွင်းပိုင်းဆိုတာ သူ့အလိုအလျောက် သန့်စင်နိုင်စွမ်း ရှိသလို ထူးထူးခြားခြား သန့်ရှင်းပေးဖို့ မလိုပါဘူး။ အတော်များများ လုပ်လေ့ရှိတဲ့ နားသန့်ရှင်းရေးကတော့ နားဖာချေးတွေကို ရှင်းထုတ်တာပါပဲ။ ဒါတွေ မရှိမှ သန့်နေမယ်၊ အကြား အာရုံ ပိုကောင်းတယ် လို့ ထင်ကြတယ်လေ။

    နားဖာချေး ဘာလို့ ဖြစ်လာတာလဲ

    နားဖာချေးဆိုတာ cerumen လို့ခေါ်တဲ့ ဓာတ်ပစ္စည်း တစ်မျိုးဖြစ်ပြီး နားကို ကာကွယ်ပေးဖို့နဲ့ နားအတွင်းပိုင်း စိုစွတ်မှု ထိန်းပေးဖို့ ခန္ဓာကိုယ်က အလိုအလျောက် ပုံမှန် ထုတ်ပေးနေတာပါ။ နားဖာချေးသာ မရှိရင် နားထဲမှာ ခြောက်သွေ့ယားယံ နေနိုင် ပါတယ်။

    သူ့မှာ ဘက်တီးရီးယား သေစေနိုင်စွမ်းလည်း ရှိလို့ နားကို အလိုအလျောက် သန့်စင်ပေးနိုင် ပါတယ်။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေလို အန္တရာယ် ပေးနိုင်တဲ့ အရာတွေ နားအတွင်းထဲ မရောက်နိုင်အောင် တားဆီးပေးထားတာမို့ နားဖာချေးက နားအတွက် အကာအကွယ် တစ်ခုလိုတောင် ဖြစ်နေပါသေးတယ်။ ဒါပေမယ့် နားဖာချေးက အပြင်ပိုင်းမှာပဲ ရှိပြီး အတွင်းပိုင်းမှာ မရှိတတ်ပါဘူး။

    နားဖာချေး ပိတ်တာကရော

    နားဖာချေး ပိတ်ရတဲ့ အကြောင်းရင်းကတော့ နားထဲကို နားကြပ်ဂွမ်းလို တစ်ခုခုနဲ့ သန့်ရှင်းဖို့ ကြိုးစားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နားထဲ ထိုးလိုက်တဲ့အခါ နားဖာချေးတွေကို အတွင်းထဲ နက်နက် ပိုရောက်သွားအောင် တွန်းပို့သလို ဖြစ်စေတာမို့ပါ။ ပြင်ပ အရာဝတ္ထုတစ်ခုခု ဒါမှမဟုတ် ချွန်ထက်တဲ့ အရာဝတ္ထု တစ်ခုခုနဲ့ နားထဲကို ကလော်တာ၊ ထိုးတာတွေကြောင့် ပိုးဝင်တာ၊ နားစည်ပေါက်ပြဲတာ၊ အကြားအာရုံ ဆုံးရှုံးတာတွေလို နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

    ဘယ်လိုသန့်ရှင်းပေးသင့်တာလဲ

    ပုံမှန် အားဖြင့်တော့ မလိုပါဘူး။ ဒါပေမယ့် နားဖာချေးတွေ များနေတယ်၊ လက္ခဏာ တစ်ခုခု ဖြစ်လာတယ်ဆိုရင် cerumen impaction လို့ခေါ်တဲ့ နားဖာချေးပိတ်ဆို့ခြင်း  ဖြစ်နေနိုင်ပါတယ်။

    သူ့ရဲ့လက္ခဏာတွေက –

    • နားထဲမှာ နာတာ ဒါမှမဟုတ် ပိတ်နေသလို ခံစားရတာ၊
    • တစ်ချက်တစ်ချက် သိပ်မကြားရတာ (ကြာရင်ပိုဆိုးလာနိုင်တယ်)
    • နားထဲ အသံမြည်နေတာ၊
    • နားထဲက ယားတာ၊ အရည်ထွက်တာ၊ အနံ့ထွက်တာ၊
    • ချောင်းဆိုးတာ တို့ ပါဝင်ပါတယ်။

    ဆရာဝန်ပြတဲ့အခါ နားကိုစစ်ဆေးကုသပြီး နားဖာချေးတွေကို ကိရိယာအသေးစားလေးတွေသုံးပြီး ဖယ်ရှားတာ၊ စုပ်ထုတ်တာ စတဲ့နည်းတွေ လုပ်ပေးမှာပါ။ ဒါ့ကြောင့် နားထဲ ယားလာတာ၊ စပ်လာတာ တစ်ခုခုဖြစ်လာရင် ဆရာဝန်ပြပါ။

    နားပိတ်ဆို့တာ သိပ်ဆိုးဆိုးရွားရွားမဖြစ်ဘူးဆိုရင်တော့ အဝတ်စ နုနုလေးတစ်ခုကိုသုံးပြီး နားအပြင်ပိုင်းလေးကို အသာအယာသန့်ရှင်းပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement