backup og meta

အရောင်ပိုနက်တဲ့ အာရှသားတို့ရဲ့ အရေပြား


Dr. K Zin Thwe မှ ရေးသားသည်။ · 08/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရောင်ပိုနက်တဲ့ အာရှသားတို့ရဲ့ အရေပြား

    ဥရောပမျိုးနွယ်စုနှင့်ဆန့်ကျင်စွာ အာဆီယမ်အရေပြားသည် ပိုအဆီများပြီး မယ်လနင်ပိုများများပါတတ်သည်။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုလိုက်လျောမှုရှိအောင်နေရခြင်းနှင့် အရေပြားအရောင်ဆိုးဆေးပါဝင်မှုနှုန်းမတူခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့် အာဆီယမ်အရေပြားသည် ဖျားချိန် ထိခိုက်ချိန်တို့တွင် ပိုနက်တတ်သည်။ အရေပြားအခြေအနေကိုနားလည်မှ ထိုသို့နက်ခြင်းကိုထိရောက်စွာကုသနိုင်လိမ့်မည်။

    အသားအရည်ပိုနက်ခြင်းဆိုတာဘာလဲ။

    အသားအရည်နက်ခြင်းသည် အရေပြားအခြေအနေတစ်ခုဖြစ်ပြီး ဖြစ်သောနေရာတွင် မယ်လနင်များစွာထုတ်ခြင်းကြောင့်ပုံမှန်ထက်ပိုနက်နေခြင်းဖြစ်သည်။ ဖြစ်သောနေရာအပေါ်မူတည်ပြီး အသားအရေနက်ခြင်းသည် မည်သည့်နေရာတွင်မဆို လက် လည်ပင်း နှင့်အဓိကအာဖြင့်မျက်နှာတွင်အထိဖြစ်တတ်သည်။ ထိုအခြေအနေကအဖြစ်များပြီး အန္ဓါရယ်မရှိသော်လည်း အာဆီယမ်ထုံးတမ်းအရ အပြစ်အနာမရှိ ကြွေထည်ကဲ့သို့အသားအရည်ကိုကြိုက်သောကြောင့်ဒီအခြေအနေကြောင့်စိတ်ရှုပ်ရတတ်သည်။

    အသားအရောင်ပိုနက်ခြင်းကိုဖြစ်စေသောအကြောင်းကဘာလဲ။

    လေ့လာချက်များအရ အဓိကသုံးချက်ကြောင့်ဖြစ်သည်။

    • မယ်လက်မာ။ ဒီအခြေအေနေကိုနေရောင်ထိပြီး အဓိကမျက်နှာတွင် အညှိရောင်အကွက်များဖြစ်ခြင်းမှစသတိထားမိတတ်သည်။ မယ်လက်မာကို ကိုယ်ဝန်ချိန်ပြရုပ်ဟုခေါတတ်သည် အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သောကြောင့်ဖြစ်သည်။ ကိုယ်ဝန်ရှိနေသောမိန်းမများ၊ မဟော်မှန်းဖြည့်စွက်ဆေးသောက်နေသူများ သို့မဟုတ် သန္ဓေတားဆေးသောက်နေသူများတွင်အဖြစ်များသည်။ မယ်လက်မာသည် ကိုယ်ဝန်ဆောင်ပြီးပါက သူ့အလိုလိုပျောက်သွားတတ်သည်။ သို့သော် ဒီအခြေအနေသည်မည်သူမဆိုတွင်ဖြစ်နိုင်သည်။ အသက်အလယ်အလတ် အရေပြားအရောင်နက်သူများတွင်ပိုဖြစ်နိုင်သည်။ အချို့သောညွန်ကြားချက်ပါသောလိမ်းဆေးများဖြင့်ကုသနိုင်သည်။
    • နေရောင်ကြောင့်ပျက်စီးခြင်း။ အရင်ထဲကနက်နေသောနေရာတွင်ပိုမဲလာခြင်းက နေရောင်ကြောင့်အဓိကဖြစ်နိုင်သည်။ အာဆီယမ်အရေပြားပေါ်တွင် အမဲစက်ဖြစ်စေသော အဓိကအကြောင်းအရင်းတစ်ရပ်လဲဖြစ်သည်။ နေရောင်ထိခြင်ကြောင့်မယ်လက်မာကိုပိုဆိုးစေသည်။
    • အယောင်ကျပြီး အသားအရေနက်ကျန်ခဲ့ခြင်း(ပီအိုင်အိပ်) မယ်လနင်များသော အာဆီယမ်အသားအရေတွင်ဖြစ်တတ်သည် အရေပြားအရောင်မူမမှန်သည့်ရောဂါတစ်မျိုးဖြစ်သည်။ အရေပြားတွင်ထိခိုက်မိသော သို့မဟုတ်ယောင်သောအခြေအနေ -ဝက်ခြ့နှင်းခူ မီးလောင်ခြင်း ဆိုလာရီအေးစစ်သို့မဟုတ် ပွတ်တိုက်မိခြင်း-တို့ကြောင့် အရောင်ဆိုးဆေးအထုတ်များပြီး အမဲစက်များဖြစ်စေတတ်သည်။ တခါတရ့ အရေပြးအထူးကုသမှုများလုပ်နေရာမှစဖြစ်တတ်သည်။ ကံကောင်းစွာ အရေပြားပြန်လဲသောအခါတွင်ပြန်သက်သာသွားတတ်သော်လည်း အနာကျက်သောကာလက လအနည်းငယ်ထိကြာနိုင်သည်။ ကောင်းသောအချက်မှာ ပီအိုင်အိပ်သည် ကုသမှုကိုကောင်းစွာတုံပြန်သည်။

    ထိုပြင် အချို့သောအခြေအနေများ ဥပမာ ကိုယ်ဝန်ဆောင်ခြင်းသို့မဟုတ် အဒီဆန်ရောဂါ(အရီနယ် အရည်အိတ်မကောင်းခြင်း)ကြောင့် မယ်လနင်ကိုပိုထွက်စေပြီး အသားအရေပိုနက်စေသည်။ ဆေးများ အချို့ပိုးသတ်ဆေးများ က မယ်လနင်ထုတ်ခြင်းကို အရေပြားပုံစံမျိုးစုံ အဓိကအားဖြင့် အာဆီယမ်အရေပြားများတွင်များစေသည်။

    အသားအရည်ပိုနက်ခြင်းကိုဘယ်လိုကာကွယ်မလဲ။

    နုပြိုသော စွဲဆောင်မှုရှိသောပုံစံဖြစ်ရန် ဂရုစိုက်မှုပုံစံလိုအပ်သည်။ အာဆီယမ်အရေပြား၏ကောင်းသောအချက်တစ်ချက်မှာ စောစီးစွာ အသက်ကြီးပုံပေါက်ခြင်းကိုနည်းစေသည်။ သို့သော် အရေပြားပုံစံအရ အသားရေ အရောင်မညီခြင်းသည် အဓိကအရေပြားပြသာနာဖြစ်ပြိး အမျိုးသမီးတော်တော်များများထိုအကြောင်းကိုပြောသည်။ ထိုသို့အရေပြားအရောင်နက်ခြင်းကိုကာကွယ်ရန်နည်းလမ်းများရှိပါသည်။

    ပထမဥိးဆုံး အရေပြားကိုကာကွယ်ရန်လိုအပ်သည်။ နေရောင်တွင်အလုပ်လုပ်သောအချိန်ကိုကန့်သတ်ခြင်း၊ နေရောင်ကာကွယ်သောဆေး(အက်ပီအက်ဖ် များသော-အနည်းဆုံး အက်ပီအက်ဖ် ၁၅ +)ကိုသုံးခြင်းကြောင့် အသားအရေနက်ဖြင်းဖြစ်နှုန်းကိုလျော့ချပေပြီး ရှိပြီးသားအမဲစက်များကိုပိုမဆိုးလာအောင်ကာကွယ်ပေးသည်။ နေရောင်ကာကွယ်သောဆေးတခုတည်းဖြင့် မကာကွယ်သင့်ပါ။ အာဆိယမ်တိုင်းပြည် ဥပမာ ဗီယမ်နမ်ရှိအမျိုးသမီးများသည် နေရောင်ကာကွယ်သောဆေးဖြင့်သာမက မျက်နှာဖုံးများ အင်္ကျိလက်ရှည်များဝတ်ခြင်းဖြင့်လည်းကာကွယ်ကြသည်။

    ဒုတိယအနေဖြင့် အစားအသောက်ကောင်းစွာစားခြင်းကလဲ အသားအရေလှပစေရန်လိုအပ်ကြောင်းသိသင့်သည်။ ထိုပြင် မှန်ကန်သောအစားအသောက်ကိုရွေးချယ်ခြင်းကြောင့် အသားအရေနက်သောပြသာနာမျိားကိုသက်သာစေရန်ကူညီပေးနိုင်သည်။ အန္ဓါရယ်ရျိသောအဆိပ်ကိုဖယ်ပေးသည့် ဓါတုဓါတ်တိုးပစ္စည်းဆန့်ကျင်သော်အရာများကအကူအညီဖြစ်နိုင်သည်။ ထိုအဆိပ်များက ယောင်ယမ်းခြင်းဖြစ်စေခြင်း အခြားအရေပြားအခြေအနေများကိုဖြစ်စေခြင်းဖြင့် မညီညာသောအသားအရေအရောင်ကိုဖြစ်စေနိုင်သည်။

    နောက်ဆုံးအနေနှင့် သင်တွင် ခြောက်သွေ့သော ခံစားလွယ်သောအသက်ကြီးလွယ်သောအသားအရည်ရှိပါက အရေပြားခွာသောကုထုံးကိုတစ်ပါတ်တစ်ခါနှစ်ခါခန့်လုပ်သင့်သည်။ အရေပြားအဆီပြန်မှုနှင့်တွဲပါက တစ်ပါတ်နှစ်ခါသုံးခါလုပ်သင့်သည်။ အရေးကြီးဆုံးက အပြင်းထန်သောအရေပြားခွာကုထုံးသုံးခြင်းက အရေပြားမပျက်စီးစေပဲ အသစ်ဖြစ်စေသည်။

    အသားအရည်ပိုနက်ခြင်းသည် စိတ်အနှောက်အယှက်ဖြစ်စေနိုင်သည်။ အာဆီယမ်အရည်ပြားသည် အယောင်သဖြင့် အရေပြားဂရုစိုက်သည့်ပစ္စည်းများရွေးချယ်ရာတွင် သင်အများကြီးပိုဂရုစိုက်သင့်သည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 08/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement