backup og meta

သင်လုပ်မိနိုင်တဲ့ ရာသီအသားအရေထိန်းသိမ်းမှု အမှား ၈ချက်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်လုပ်မိနိုင်တဲ့ ရာသီအသားအရေထိန်းသိမ်းမှု အမှား ၈ချက်

    နွေရာသီရောက်ဖို့ အတော်ကို နီးလာပါပြီ။ ဆိုလိုတာက ရေခဲမုန့်တွေနဲ့ ရေကူးကန်သွားဖို့ကာလကိုရောက်လာပါပြီ။ ဒါပေမယ့် သင်ကဂရုမစိုက်မိဘူးဆိုရင် နွေရာသီက နေလောင်ခြင်းနဲ့ ဆိုးရွားတဲ့ နေလောင်ဒဏ်ခံရတဲ့လိုင်းတွေ (tan lines) တွေကို ဖြစ်စေနိုင်ပါတယ်။ SPF ပါတဲ့ နှုတ်ခမ်းနီဆိုးဆေးအဆီ နဲ့ မကြာခဏ နေရောင်ကာလိမ်းဆေးတွေလိမ်းပေးတာတေအပြင် လူတွေဟာ သူတို့ကိုယ်တိုင်တောင် သတိမထားမိဘဲ အသားအရည်ထိန်းသိမ်းမှုအမှားတွေကို လုပ်လေ့ရှိကြပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ အဆိုပါအမှားတွေပါပဲ။

    အမွေးရိတ်ပြီး ချက်ချင်း ရေချိုးခြင်း

    နွေရာသီမှာ ခြေထောက်တွေ၊ ချိုင်းကြားတွေနဲ့ bikini line တွေ အမွေးရိတ်ခြင်းကို ကျွန်မတို့ အလွန်တရာလုပ်လေ့ရှိပါတယ်။ တကယ်တမ်းတော့ ရေမချိုးခင်ရိတ်တာထက် ရေချိုးပြီးမှရိတ်တာက ပိုကောင်းတာပါ။ အမွေးရိတ်ခြင်းဟာ သင်လုပ်လိုက်တဲ့ ပထမဆုံးအလုပ်တစ်ခု မဖြစ်သင့်ပါဘူး။ သင်ဘာမှ စမလုပ်သေးခင် သင့်အသားအရည်နဲ့ အမွေးကို ရေနွေးနဲ့ ရေနွေးငွေ့တွေသုံးပြီး ရေဓါတ်ဖြည့်ပေးပါ။ ဒါဟာ ဘရိတ်ဓါးသုံးပြီး အမွေးရိတ်တဲ့အခါမှာ ပိုပြီး လွယ်ကူစေပါလိမ့်မယ်။

    ကိုယ်ခြောက်သွားအောင် တဘက်နဲ့ ပွတ်သုတ်ခြင်း

    ရေချိုးပြီးထွက်လာတဲ့အချိန်ဟာ ရေချိုးနေချိန်လိုပါပဲ အရေးကြီးပါတယ်။ သင့်ခန္ဓါကိုယ်ကို တဘက်နဲ့ ဘယ်လိုခြောက်အောင်လုပ်ပါသလဲ။ ပွတ်တိုက်ခြင်းဟာ အသားအရည်ကို ပျက်စီးစေပါတယ်။ ပြီးတော့ ဒါက နွေရာသီလက်ပြတ်အင်္ကျီတွေဝတ်ဆင်တဲ့အခါမှာ အဆင်မပြေမှုတွေဖြစ်စေပါတယ်။ ပိုကောင်းအောင်လား? ရေတွေစင်သွားအောင် တဘက်နဲ့ ပုတ်ပေးပါ။

    ရေချိုးရာက ထွက်လာတဲ့အခါမှာ အဝတ်အစားချက်ချင်းဝတ်ခြင်း

    အပြင်လောကမှာ အရမ်းသာယာနေတဲ့အခါ သင်ဟာ အိပ်ရာကထ၊ ရေမိုးချိုးပြီး အမြန်ဆုံးအပြင်သွားချင်နေမှာပါ။ ဟုတ်တယ်မဟုတ်လား။ ဒါကို ကျွန်တော်တို့သဘောပေါက်ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်မှာ ပျောက်ဆုံးနေတဲ့အရာအနည်းငယ်ရှိနေပါတယ်။ ပထမဆုံးကတော့ နေရောင်ကာဆေးလိမ်းဖို့ပါ။ နောက်တစ်ခုကတော့ အစိုဓါတ်ထိန်းဆေးလိမ်းဖို့ပါပဲ။ ဒါတွေကို ရေချိုးပြီးတာနဲ့ချက်ချင်းလုပ်ဖို့ မမေ့ပါနဲ့။ အိပ်ရာမဝင်ခင်ဘဲ လုပ်ရမှာမဟုတ်ပါဘူး။ ရေဓါတ်ကိုထိန်းသိမ်းထားနိုင်ဖို့ ရေချိုးပြီး ၅မိနစ်အတွင်း ချက်ချင်း လိမ်းပါ။ အထူးသဖြင့် နွေရာသီမှာ ပုံှမှန်ထက်ပိုပြီး အမွေးရိပ်မယ်ဆိုရင် ဒါကသင့်အတွက်ပိုပြီးမရှိမဖြစ်ကို လိုပါတယ်။

    တစ်နေရာထဲမှာပဲ အစိုဓါတ်မဖြည့်ပါနဲ့။

    အစိုဓါတ်ထိန်းဆေး (Moisturizer)တွေ သုံးတဲ့အခါ မလိမ်းဘဲကျော်သွားနိုင်တဲ့နေရာတွေဖြစ်တဲ့ ချိုင်းနဲ့ bikini line တွေလို နေရာမျိုးဟာ အထူးအရေးကြီးတာကြောင့် ဒီနေရာတွေမှာ လိမ်းကိုလိမ်းပေးဖို့သတိချပ်ပါ။ မလိမ်းဘဲကျော်သွားရင် အသားအရည်ကိုခြောက်သွေ့ပြီး ပျက်စီးစေနိုင်ပါတယ်။ Moisturizer ရဲ့ ရည်ရွယ်ချက်ကိုက အသားအရည်ကိုကာကွယ်ပေးနေတဲ့အလွှာရဲ့ ဘယ်လိုပျက်စီးခြင်းကိုမဆို လျှော့ချပေးဖို့မဟုတ်လား။ ဒါကြောင့် ရေချိုးပါ။ ခြောက်အောင်ပုတ်ပြီးသုတ်ပေးပါ။ Moisturizer လိမ်းပါ။ ခြောက်သွားပါစေ။ ပြီးတော့မှ ချွေးနံ့ထိန်းဆေး (deodorant)သုံးပါ။

    ချွေးနံ့ပျောက်ဆေးကို နံနက်ခင်းမှာပဲအသုံးပြုခြင်း

    တကယ်လို့သင်က ချိုင်းချွေးအတွက်စိတ်ပူနေရရင် (အထူးသဖြင့် ပူပြင်းတဲ့ရာသီဥတုမျိုးမှာ) ညဘက်မှာလည်း ချွေးနံ့ထိန်းဆေးကို အသုံးပြုချင်ပါလိမ့်မယ်။ တကယ်တမ်းမှာ antiperspirants တွေကို ညနေဘက်မှာအသုံးပြုပေးတာက ပိုပြီးအသုံးဝင်ပါတယ်။ ဒါဟာ ချွေးတွေက အရည်ပြားကိုဖောက်ထွက်လာမှာကို ပိတ်ဆို့ပေးပါတယ်။ ညနေပိုင်းမှာသုံးခြင်းကပိုကောင်းရတဲ့အကြောင်းရင်းကတော့ ပုံမှန်အားဖြင့် သင့်ခန္ဓါကိုယ်က ညနေပိုင်းမှာ ချွေးထွက်တာနည်းတယ်လေ။

    ရေကူးကန်ထဲကတက်လာပြီး ရေပြန်မချိုးခြင်း

    ရေကူးကန်သွားတဲ့နေ့တွေဟာ များသောအားဖြင့် ပျင်းစရာကောင်းတဲ့နေ့တွေပါပဲ။ သင်ဟာ ခုံတန်းရှည်ပေါ်မှာနာရီပေါင်းများစွာအချိန်ဖြုန်းပြီး ရေချိုးဖို့တော်တော်နဲ့လုပ်ဖြစ်မှာမဟုတ်ပါဘူး။ ရပါတယ်။ ဒါပေမယ့် သင်က ခေါင်းလျှော်ရည်၊ပျော့ဆေး၊ရေချိုးဆပ်ပြာ စတာတွေကို ချက်ချင်းမသုံးဘူးဆိုရင်တောင်မှ သင်ကန်ထဲကတက်လာတာနဲ့ ရေနဲ့တော့ သန့်စင်သင့်ပါတယ်။ ကလိုရင်းဟာ သင့်အသားအရည်ကို ခြောက်သွေ့ပျက်စီးစေပါတယ်။ ဒါကြောင့် ရေကန်ထဲကထွက်လာပြီးတာနဲ့ ရေချိုးချလိုက်ပြီး အရည်ပြားပေါ်က ကလိုရင်းတွေသန့်စင်သွားအောင်လုပ်ဖို့ သတိပြုပါ။

    အရိပ်ထဲမှာ၊အခန်းထဲမှာနေရတာမို့ နေရောင်ကာလိမ်းဆေးတွေက မလိုအပ်ဘူးလို့ထင်နေခဲ့ရင်

    နေ့တိုင်းနေ့တိုင်း ရုံး၊အလုပ်သွား အိမ်ပြန်လုပ်နေကြတဲ့လူတွေဟာ သူတို့အတွက်တော့ နေရောင်ကာဆေးမလိုလောက်ပါဘူးလို့ ထင်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီအတွေးအခေါ်က မမှန်ကန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ UV အလင်းတန်းတွေဟာ မှန်ပြူတင်းတွေကိုဖြတ်သန်းသွားနိုင်ပြီး ရုံးထဲနေတဲ့သူတွေကိုတောင် နေလောင်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်နဲ့ အလားသဏ္ဍာန်တူဖြစ်ရပ်မျိုးဟာ ဘတ်စ်ကားသို့မဟုတ် ကားရဲ့ ပြူတင်းပေါက်နားတွေမှာ ထိုင်တဲ့သူတွေမှာတောင် ဖြစ်တတ်ပါသေးတယ်။ အကာအကွယ်မပါတဲ့ နေရာတိုင်းကို နေ့စဉ် နေရောင်ကာဆေးလိမ်းပေးခြင်းကို သွားတိုက်၊သွားကြားထိုးသလို အလေ့အထမျိုးဖြစ်အောင် လုပ်ပါ။ သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲ ပါနေပါစေ။

    သင့်အဝတ်အစားတွေက နေရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်တယ်လို့ ယူဆခြင်း။

    တကယ်လို့ သင်ကနေ့စဉ် နေရောင်ကာလိမ်းဆေးလိမ်းတယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမယ့် နေရောင်ကာဆေးကို အသားပေါ်နေတဲ့နေရာတွေမှာပဲလိမ်းဖို့လိုတယ်လို့ မထင်လိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ သင့်အဝတ်အစားတွေအောက်မှာရှိနေတဲ့ အသားအရည်ကလည်း နေရောင်ခြည်နဲ့ထိတွေ့နိုင်ပါတယ်။ ဒါဟာတကယ်တမ်းတော့ သင်ဝတ်ဆင်တဲ့အဝတ်အစားတဲ့အရည်အသွေးပေါ်မူတည်ပါတယ်။ ဒါကြောင့် ကျစ်လျစ်စွာရက်လုပ်ထားတဲ့ အရောင်ရင့်ရင့်အဝတ်အစားတွေက အရောင်ဖျော့ပြီးလျော့တိလျော့ရဲရက်ထားတဲ့ အဝတ်အစားတွေထက်ပိုပြီး ကာကွယ်ပေးနိုင်ပါတယ်။ သင်က နွေရာသီမှာ ထူပြီးအနက်ရောင်လည်ရှည်အင်္ကျီတွေဝတ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါကြောင့် သင်ရွေးချယ်လိုက်တဲ့အဝတ်အစားတွေဟာလည်း သိပ်ပြီးကာကွယ်နိုင်မှာမဟုတ်ပါဘူး။ အဖြူရောင်လီနင်သားရှပ်အင်္ကျီဟာသင့်ကို နေရောင်ခြည်ဒဏ်က အနည်းငယ်သာ ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် နေရောင်ကာလိမ်းဆေးကို အရည်ပြားအနှံ့လိမ်းပေးပြီး နေရောင်ခြည်ဒဏ်ကို အလိုအလျောက်ကာကွယ်ပေးနိုင်မယ့် အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement