backup og meta

သင်က ဘယ်လို အသားအရေမျိုးကို ပိုင်ဆိုင်ထားသလဲ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်က ဘယ်လို အသားအရေမျိုးကို ပိုင်ဆိုင်ထားသလဲ။

    ကိုယ့်အရေပြားကို ကိုယ်တိုင် မှန်မှန်ကန်ကန် ဂရုစိုက်နေတယ်ဆိုတာ သေချာပါသလား။ ကိုယ့်အရေပြား အမျိုးအစားကို မသိပဲနဲ့ အရေပြားကို ဂရုစိုက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သင့်မှာ လှပတဲ့အရေပြား ရှိခဲ့ရင်တောင်မှ ထိခိုက်လွယ်သောအရေပြား၊ ပုံမှန်၊ အဆီပြန်၊ ဒါမှမဟုတ် အသားခြောက်တဲ့ အရေပြား ရှိတယ်ဆိုတာ သိပါမှ ကိုယ်နဲ့သင့်တော်တဲ့ အလှအပ ထုတ်ကုန်တွေကို မှန်ကန်စွာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

    အရေပြား အမျိုးအစား သိရှိနိုင်ရန် အချက်များ

    ၁။ မျက်နှာသစ်ပါ။ မျက်နှာပေါ်မှာ မိတ်ကပ်လိမ်းထားရင် မျက်ကပ် ဖျက်တဲ့ ပစ္စည်းတွေနဲ့ ရေကို အသုံးပြုပြီး ဖျက်ပါ။

    ၂။ အရေပြားကို တစ်နာရီလောက်ကြာအောင် အခြောက်ခံကြည့်ပါ။ ဒါဟာ သင့်အရေပြားကို သဘာဝအခြေအနေကို ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။

    ၃။ မျက်နှာကို သုတ်ဖို့ တစ်ရှူးကို အသုံးပြုပါ။

    ၄။ သင့်အရေပြား အမျိုးအစားကို သတ်မှတ်ပါ။

    • ခြောက်သွေ့သော အရေပြား – ခြောက်သွေ့တဲ့အရေပြား ရှိရင် သင့်မျက်နှာပေါ်မှာ ဆဲလ်အသေတွေကို တွေ့မြင်ရမှာပါ။ လူမှုဘဝ ပုံစံနဲ့ အစားအသောက်တွေ၊ ဟော်မုန်းပြောင်းလဲမှုတွေ၊ ရာသီဥတုနဲ့ မျိုးုရိုးဗီဇတွေဟာ အရေပြား ခြောက်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေဖြစ်ပါတယ်။ ဒီလိုအသားအရည် ရှိသူတွေဟာ အရေပြားကို ပုံမှန် ချေးချွတ်ပေးပြီး ရေဓါတ်ဖြည့်တင်းပေးသင့်ပါတယ်။
    • အဆီပြန်တဲ့ အသားအရည် – အရေပြားမှာ ချွေးပေါက်တွေ မြင်နေရပြီး ပြောင်လက်နေတယ်ဆိုရင်တော့ အဆီပြန်တဲ့အသားအရေ ဖြစ်နိုင်ပါတယ်။ ပိုလျှံနေတဲ့ အဆီတွေဟာ ချွေးပေါက်တွေကို ပိတ်စေနိုင်ပြီး ဝက်ခြံထွက်စေပါတယ်။ ဒါပေမယ့် အဆီထွက်တဲ့ အသားအရည်ရှိသူတွေဟာ အခြားသူတွေထက် နုပျိုတယ်လို့ ထင်ရတတ်ပါတယ်။ မျက်နှာကို မကြာခဏ သစ်ပေးသင့်ပြီး အဆီစုပ် စက္ကူတွေကိုလည်း ဆောင်ထားသင့်ပါတယ်။
    • ပုံမှန် အသားအရည် – ပုံမှန်အသားအရည်ရှိသူတွေဟာ အသာ ပြောင်လက်မနေသလို ခြောက်သွေ့လဲ မနေပါဘူး။ သင့်မှာ ပုံမှန်အသားအရည် ရှိရင် ကံကောင်းတယ်လို့ ပြောရမှာပါ။ ပုံမှန်အသားအရည်ဟာ ပျော့ပြောင်း နူးညံ့တတ်ပါတယ်။
    • ပေါင်းစပ်အသားအရည် – ဒါဟာ အတွေ့ရအများဆုံး အသားအရည် အမျိုးအစားပဲဖြစ်ပါတယ်။ သင့်အရေပြားဟာ T-zone (နဖူး၊ နှာခေါင်င်း၊ ပါးစပ်တစ်ဝိုက်) မှာ အဆီပြန်ပြီး အခြားနေရာတွေမှာ ခြောက်သွေ့နေတာဖြစ်ပါတယ်။ ဒီလိုအသားအရည်အတွက် အလှအပ ထုတ်ကုန်တွေကို သေချာရွေးသုံးသင့်ပြီး လိုအပ်ရင် မျက်နှာချေးချွတ်ခြင်းလည်း ပြုလုပ်သင့်ပါတယ်။

    ထိခိုက်လွယ်သော အသားအရည် – သူဟာ ပုံမှန် နေ့စဉ် သုံးနေကြ ပစ္စည်းမျိုးကို အသုံးပြုရုံနဲ့ အရေပြားဟာ အထိမခံနိုင်ပဲ နီခြင်းနဲ့ ယားယံခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ပုံမှန်သုံးနေကျ မျက်နှာသစ်ဆေးတွေကတောင် ဒီအသားအရည်သမားတွေအတွက် ယားယံစေပါတယ်။

    ဒါကြောင့် အရေပြား ခြောက်သွေ့သူတွေဟာ သူတို့အတွက် အလှကုန်ပစ္စည်းတွေကို သေချာရွေးချယ်ယူသင့်ပါတယ်။ ဒီ အသားအရည် အမျိုးအစား ရှိသူတွေဟာ အလှကုန် ပစ္စည်းတွေကို လက်မှာအရင် စမ်းသပ်သုံးစွဲသင့်ပါတယ်။

    ဘယ်လို အသားအရေရှိလဲဆိုတာ ကိုယ်တိုင် မခွဲခြားနိုင်ဘူးဆိုရင် ဆရာဝန်ထံကို သွားရောက် ပြသသင့်ပါတယ်။ အသားအရည် အမျိုးအစားဟာ အချိန်နဲ့ အမျှ ပြောင်းလဲတတ်တာကြောင့် အရေပြား ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ သင့်အသားအရည်ကို ဘယ်လို ကုသရမယ်ဆိုတာ မသိခင် အရေပြားကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement