backup og meta

ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့အဆီနဲ့ခန္ဓါကိုယ်ကို ထိခိုက်စေတဲ့ အဆီတွေရဲ့ကွဲပြားမှုအကြောင်းသိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့အဆီနဲ့ခန္ဓါကိုယ်ကို ထိခိုက်စေတဲ့ အဆီတွေရဲ့ကွဲပြားမှုအကြောင်းသိကောင်းစရာ

    ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့အဆီနဲ့ခန္ဓါကိုယ်ကို ထိခိုက်စေတဲ့ အဆီတွေရဲ့ကွဲပြားမှုအကြောင်းသိကောင်းစရာ

    လူတော်တော်များများက အဆီဆိုတဲ့အရာကခန္ဓါကိုယ်အတွက်မကောင်းဘူးလို့ တရားသေကြီးသတ်မှတ်ထား တတ်ကြပြီးလူအများစုက သူတို့နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာပါဝင်တဲ့အဆီတွေကို ချေဖျက်နိုင်ဖို့အတွက် အချိန်ကုန်ငွေကုန်ခံပြီးလုပ်ဆောင်ကြပါတယ်။ အမှန်တော့ ကိုယ်ခန္ဓါအလေးချိန်ကျဆင်းဖို့အတွက်လည်း အဆီကိုလိုအပ်ပါတယ်။

    ရှောင်ရှားသင့်တဲ့အဆီအမျိုးအစားတွေက trans fat နဲ့ saturated fat တွေပဲဖြစ်ပါတယ်။ ဒီအဆီတွေကို အသင့်ထုတ်ပိုးပြင်ဆင်ထားတဲ့ အာလူးချောင်းကြော်တွေ၊မာဂျရင်း၊ကိတ်တွေနဲ့အခြားအစားအသောက်တွေ ထဲမှာတွေ့ရှိရနိုင်ပါတယ်။ ဒီအဆီတွေက ခန္ဓါကိုယ်အတွက်အကျိုးမပြုတဲ့ကိုလက်စထရော (LDL) ကိုတိုးစေပြီး ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ကိုလက်စထရော (HDL) ကိုလျော့ကျစေပါတယ်။

    မပြည့်ဝဆီများဖြစ်ကြတဲ့ အိုမီဂါ သရီး၊ အိုမီဂါ ဆစ်၊ oleic acid နဲ့ linoleic acid တွေက ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့အဆီတွေဖြစ်ကြပြီး သည်လိုမျိုးအဆီတွေကို နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာထည့်သွင်းစား သုံးပေးခြင်းဖြင့် ကိုယ်ခန္ဓါအလေးချိန်ကိုကျဆင်းစေမှာဖြစ်ပါတယ်။ ဗီတာမင် အေ၊ဒီ၊အီးနဲ့ကေတွေက အဆီဓါတ် ကိုလိုအပ်ပါတယ်။ ခန္ဓါကိုယ်အနေနဲ့သည်ဗီတာမင်ဓါတ်တွေကိုစုပ်ယူနိုင်ဖို့ဆိုရင် အဆီဓါတ်ကိုလိုအပ်ပါတယ်။ အဆီမရှိဘူးဆိုရင် ခန္ဓါကိုယ်ကသည်ဗီတာမင်တွေကိုစုပ်ယူနိုင်မှာမဟုတ်ပါဘူး။ အဆီမရှိဘူးဆိုရင် ခန္ဓါကိုယ် အနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်တွေကိုရရှိနိုင်မှာမဟုတ်ပါဘူး။

    အကျိုးပြုတဲ့အဆီနဲ့အကျိုးမပြုတဲ့အဆီ

    အခြေခံအားဖြင့်တော့အဆီကို ပြည့်ဝဆီနဲ့မပြည့်ဝဆီ ဆိုပြီးနှစ်မျိုးခွဲခြားထားပါတယ်။ အဆီအုပ်စုတစ်ခုစီမှာ အဆီအမျိုးအစားများစွာပါဝင်နေပါတယ်။

    မပြည့်ဝဆီအကြောင်းပြောရမယ်ဆိုရင်တော့ မပြည့်ဝဆီထဲမှာ polyunsaturated fatty acid နဲ့ monounsaturated fatတွေပါဝင်နေပါတယ်။ ဒီအဆီနှစ်မျိုးကို အတန်အသင့်စားသုံးတဲ့အခါ ခန္ဓါကိုယ်ရဲ့ ကိုလက်စထရောပမာဏကိုကျဆင်းစေပြီး နှလုံးရောဂါခံစားရနိုင်ခြေကိုလျော့ကျစေပါတယ်။

    Polyunsaturated fat ကိုအသီးအရွက်အဆီတွေမှာတွေ့ရများတတ်ပြီး ဒီအဆီတွေက သွေးတွင်းကိုလက်စထရော ပမာဏနဲ့ triglyceride ပမာဏတွေကိုလျော့ကျစေပါတယ်။ polyunsaturated fat တစ်မျိုးက အိုမီဂါ သရီး ဖက်တီးအက်ဆစ်ဖြစ်ပါတယ်။ အိုမီဂါသရီးဖက်တီးအက်ဆစ်ကို အဆီများတဲ့ ငါးတွေဖြစ်ကြတဲ့ ဆယ်လ်မွန်၊ မက်ကာရယ်နဲ့ငါးခူလိုမျိုးငါးတွေနဲ့ နှမ်းကြတ်စေ့ဆီနဲ့ သစ်ကြားသီးတွေမှာတွေ့ရှိရပါတယ်။ ဒီငါးမျိုးတွေထဲမှာ ခန္ဓါကိုယ်အတွက်အကျိုးရှိတဲ့ အိုမီဂါ သရီးဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး တစ်ပတ်ကိုနှစ်ကြိမ် ငါးစားသုံးပေးဖို့ American Heart Association ကအကြံပြုထားပါတယ်။

    စားသုံးဖို့မသင့်တဲ့အဆီနှစ်မျိုးကတော့ saturated fat နဲ့ trans fatty acid တွေဖြစ်ကြပြီး နှစ်မျိုးစလုံးက သွေးတွင်းကိုလက်စထရောပမာဏကိုတိုးစေပြီး သွေးကြောတွေကို ပိတ်ဆို့စေသလို နှလုံးရောဂါတွေ ဖြစ်နိုင်ခြေကိုလည်းတိုးစေပါတယ်။

    ပြည့်ဝဆီတွေကို တိရစ္ဆာန်တွေကနေရတဲ့စားသောက်ကုန်တွေဖြစ်ကြတဲ့ အသားတွေ၊နို့တွေနဲ့ ဥအမျိုးမျိုးမှာ တွေ့ရှိရပါတယ်။ အုန်းဆီနဲ့စားအုန်းဆီတွေမှာလည်း ပြည့်ဝဆီတွေပါဝင်နေပါတယ်။ ပြည့်ဝဆီတွေက အူမကြီး ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေကိုဖြစ်ပေါ်ခံစားရစေတာကြောင့် ကျန်းမာရေးနဲ့ သင့်တော်တဲ့ မပြည့်ဝဆီတွေကိုစားသုံးပေးခြင်းဖြင့် ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုအမြဲထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်။

    ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေက နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲမှာ အရေးပါတဲ့ ကဏ္ဍတစ်ရပ် ကနေပါဝင်နေပါတယ်။ အဆီတွေတိုင်းမှာ ကယ်လိုရီပမာဏတွေများစွာပါဝင်နေတာကြောင့် ကျန်းမာရေး အတွက်အကျိုးပြုတဲ့အဆီတွေကို အတန်အသင့်စားသုံးဖို့လိုပါတယ်။

    ပထမဆုံးအနေနဲ့ လုပ်ဆောင်ရမှာက နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲက saturated fat နဲ့ trans fat တွေပါဝင်နေတဲ့ အစားအသောက်တွေကို လျှော့ချစားသုံးပေးပါ။ သည်နောက်မှာတော့ monounsaturated fat နဲ့ polyunsaturated fat တွေပါဝင်တဲ့ အစားအစာတွေကိုစားသုံးဖို့လုပ်ဆောင်ရပါမယ်။ ဒီလိုမျိုးလုပ်ဆောင်ပေး တာကနှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး ကျန်းမာသန်စွမ်းစေအောင်အထောက်အကူပြုပေးမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement