backup og meta

မှတ်ဉာဏ်ကောင်းမွန်စေသော အစားအစာများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မှတ်ဉာဏ်ကောင်းမွန်စေသော အစားအစာများ

    အလုပ်လုပ်စဉ် (သို့) စာဖတ်စဉ်မှာအာရုံစိုက်ဖို့ခက်ခဲတယ်လို့ ခံစားရဖူးပါသလား။ တကယ်လို့ ခံစားရဖူးတယ်ဆိုရင်တော့ ဒီဆောင်းပါးဟာသင့်အတွက်အကျိုးရှိမှာပါ။ အခြေခံအားဖြင့် သင်စားသောက်သမျှဟာသင့်ရဲ့ကျန်းမာရေးနဲ့ မှတ်ဉာဏ်ကိုအကျိုးသက်ရောက်တာကြောင့် အာရုံစူးစိုက်မှု မရရှိခြင်းဟာကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ပုံကြောင့်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာသင့်မှတ်ဉာဏ်ကိုကူညီပေးမယ့် အစားအသောက်တွေအကြောင်းဖေါ်ပြသွားမှာဖြစ်ပါတယ်။

    ထောပတ်သီး

    အချို့လူတွေဟာအဆီပါဝင်မှုများတယ်ဆိုပြီးထောပတ်သီးကိုမကြိုက်ကြပါဘူး။ တကယ်တော့ သူ့မှာပါဝင်တဲ့အဆီဟာ mono-saturated fat လို့ ခေါ်တဲ့ ခန္ဓါကိုယ်အတွက် ကောင်းမွန်တဲ့ အဆီပဲဖြစ်ပါတယ်။ ထောပတ်သီးဟာအသားအရည်ကို နူးညံ့ကောင်းမွန်စေပြီးဆံပင်နဲ့ လက်သည်းကျန်းမာရေးကိုအားပေးတဲ့ ကော်လဂျင်လိ ခေါ်တဲ့ ဓါတ်တစ်မျိုးကို ခန္ဓါကိုယ်အတွင်းမှာပိုထွက်စေပါတယ်။ နောက်ပြီးသွေးထဲရှိသကြားဓါတ်ကိုလည်းထိန်းညှိပေးပါတယ်။

    ဘလူးဘယ်ရီသီး

    ဘလူးဘယ်ရီသီးဟာအရသာကောင်းမွန်ရုံတင်သာမကဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါ ပိုင်ဆိုင်ပါတယ်။ သူ့မှာဗီတာမင် စီ၊ ကေနဲ့ အမျှင်ဓါတ်များလည်းပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို Gallic Acid နဲ့ ထုတ်ပိုးထားတာပါ။ ဒီအသီးဟာအာရုံစူးစိုက်မှုကိုအနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ဖိစီးမှုနဲ့ အသက်ကြီးလာလို့ ဖြစ်တတ်တဲ့ ဦးနှောက်ယိုယွင်းပျက်စီးခြင်းကနေကာကွယ်ပေးပါတယ်။ ဘလူးဘယ်ရီကိုပုံစံအမျိုးမျိုးနဲ့ စားနိုင်ပါတယ်။ မုန့်အဖြစ်သော်လည်းကောင်း၊ ဒိန်ချိန်နဲ့ ရောစားခြင်းဖြင့်သော်လည်းကောင်း၊ မနက်စာမှာထည့်သွင်းစားသောက်ခြင်းဖြင့်သော်လည်းကောင်းစားနိုင်ပါတယ်။

    အစိမ်းရောင် အရွက်ပါသောအသီးအရွက်များ

    အစိမ်းရောင် အရွက်ပါသောအသီးအရွက်များမှာဗီတာမင် သတ္တုဓါတ်တွေ အမြောက်အများပါဝင်ပါတယ်။ သင့်သွေးနဲ့ အစာခြေစနစ်အတွက် ကောင်းမွန်တဲ့ chlorophy11 နဲ့ အမျှင်ဓါတ်တွေ အပြည့်အဝပါဝင်ပါတယ်။ ဖျားနာမှုနဲ့ ရောဂါဖြစ်ပွားမှုဒဏ်မှ ကာကွယ်ဖို့ အစိမ်းရောင် အရွက်ပါသောအသီးအရွက် တစ်ခွက်ကိုနေ့စဉ်သောက်သုံးသင့်ပါတယ်။

    သုတေသနအသစ်တစ်ခုရဲ့တွေ့ရှိချက်အရအစိမ်းရောင် အသီးအရွက်တွေဟာသင့်အာရုံစိုက်မှုကိုကောင်းမွန်စေပါတယ်။

    တကယ်တော့ အစိမ်းရောင် အရွက်တွေဖြစ်တဲ့ Swiss chard၊ romaine lettuce၊ kale တို့ဟာဦးနှောက်ထိခိုက်မှုကြောင့်ဖြစ်တဲ့ သတိမေ့ရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။

    ဒါ့အပြင် ထိုအရွက်တွေဟာဗီတာမင် အေနဲ့ ကေပါဝင်တာကြောင့် စားသုံးခြင်းအားဖြင့် သင့်အရိုးကိုသန်စွမ်းစေပြီးရောင်ရမ်းခြင်းတွေကိုလျော့ကျစေပါတယ်။

    အထက်ဖေါ်ပြပါ အစားအစာတွေဟာသင့်အထွေထွေ ကျန်းမာရေးနဲ့ အာရုံစူးစိုက်မှုပေါ်မှာအကျိုးအများကြီးမရှိနိုင်ပေမယ့် သူတို့ဟာအရသာရှိပြီးချက်ရလွယ်ပါတယ်။ သင့်မှာစိုးရိမ်ပူပန်မှုများရှိတယ်ဆိုရင် သင့်ဆရာဝန်၊ အာဟာရပညာရှင်နဲ့ ကျန်းမာရေးစောင့်ရှောက်သူတို့ထံမှ အကြံဉာဏ်တောင်းခံပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement