backup og meta

ကင်ဆာဝေဒနာသည်တွေအတွက် မိခင်ဖြစ်နိုင်မယ့် အခွင့်အရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာဝေဒနာသည်တွေအတွက် မိခင်ဖြစ်နိုင်မယ့် အခွင့်အရေး

    ကင်ဆာဝေဒနာသည်တွေအတွက် မိခင်ဖြစ်နိုင်မယ့် အခွင့်အရေး

    Mount Elizabeth ဆေးရုံရဲ့သားဖွားမီးယပ်အထူးကုတစ်ဦးဖြစ်သလို ဆေးရုံရဲ့ သန္ဓေရရှိရန်အကူအညီပေးဌာန ဒါရိုက်တာလည်းဖြစ်တဲ့ ဒေါက်တာ Ann Tan က ကင်ဆာဝေဒနာသည်တွေရဲ့ သန္ဓေအောင်နိုင်စွမ်းနဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ ကင်ဆာကုသမှုခံယူနေစဉ်အတွင်းနဲ့ ကင်ဆာကုထုံးခံယူပြီးချိန်မှာ ကိုယ်ဝန်ဆောင်ဖို့က မဖြစ်နိုင်ဘူးလို့ယူဆနေကြပေမယ့် သိပ်တော့မသက်ဆိုင်လှပါဘူး။

    မမျိုးဥကိုအေးခဲထားတဲ့ နည်းလမ်းကအောင်မြင်မှုရရှိလာတာနဲ့အတူ အမျိုးသမီးတစ်ဦးအနေနဲ့ ကလေးမွေးဖွားနိုင်တဲ့အရွယ်မှာ ကင်ဆာဝေဒနာခံစားရမယ်ဆိုရင် မိခင်ဖြစ်နိုင်စေဖို့အတွက် မျိုးဥအေးခဲထားတဲ့ နည်းလမ်းကို အသုံးပြုသင့်ပါတယ်။

    ကင်ဆာကုထုံးက သန္ဓေအောင်ခြင်းအပေါ် ဘယ်လိုသက်ရောက်နေသလဲ

    ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ထိန်းချုပ်ဖို့ အသုံးပြုတဲ့ ကင်ဆာကုထုံးတွေက မျိုးဥအိမ်နဲ့မမျိုးဥထုတ်လုပ်မှုအပေါ်မှာ ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေက မျိုးဥအရေအတွက်ကအတိုင်းအတာတစ်ခုအထိသာပါရှိလာတာဖြစ်တဲ့အတွက် ကင်ဆာကုထုံးကြောင့် မျိုးမအောင်တာမျိုးကဖြစ်နိုင်ခြေရှိနေတဲ့အနေအထားတစ်ရပ်ပါ။

    အမျိုးသမီးတစ်ယောက်အနေနဲ့ ကင်ဆာရှိနေပြီလို့ သိလိုက်ရတဲ့အချိန်မှာရောဂါအခြေအနေက သန္ဓေအောင်နိုင်မှုအပေါ် သက်ရောက်မှုမရှိဘူးဆိုရင်တောင်မှ မိခင်ဖြစ်နိုင်ဖို့အခွင့်အရေးအတွက် မျိုးဥတွေကိုအေးခဲထားမလားဆိုတာကို စဉ်းစားဆုံးဖြတ်ဖို့က အရေးကြီးပါတယ်။ ကုသမှုခံယူပြီးချိန်မှာ ရာသီသွေးကပုံမှန်ပြန်ဆင်းတယ်ဆိုပေမယ့် သန္ဓေအောင်ဖို့အတွက် လုံလောက်မှုရှိချင်မှရှိမှာပါ။ ကုသမှုခံယူပြီးချိန်မှာသွေဆုံးချိန်က ပုံမှန်ထက် စောသွားတာမျိုးဖြစ်နိုင်ပါတယ်။ အသက်အရွယ်အလိုက် ကုထုံးအပေါ်တုံ့ပြန်မှုကကွာခြားနိုင်တဲ့အပြင် မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်တဲ့ ထိခိုက်မှုအတိုင်းအတာလည်း ကွာခြားနိုင်ပါတယ်။

    ကင်ဆာဝေဒနာသည်အမျိုးသမီးတွေရဲ့ မျိုးဥကို ထိန်းသိမ်းပေးခြင်း

    ကမ္ဘာတစ်လွှားက အမျိုးသမီးအများစုမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ ၁၅ ခုမှာ ရင်သားကင်ဆာနဲ့ အမျိုးသမီးမျိုးပွားအင်္ဂါမှာဖြစ်တဲ့ ကင်ဆာရောဂါတွေပါဝင်နေပါတယ်၊ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စစ်တမ်းတွေအရသိရပါတယ်။

    ကလေးမွေးဖွားနိုင်တဲ့အရွယ်မှာ ကင်ဆာဝေဒနာခံစားရတဲ့အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ မမျိုးဥတွေကိုအေးခဲသိမ်းဆည်းထားတာက မိခင်ဖြစ်နိုင်မယ့်အခွင့်အရေးကို ထိန်းသိမ်းပေးရာကျသလိုရောဂါကိုခုခံနိုင်ဖို့ ခွန်အားလည်းရစေပါတယ်။

    ယနေ့ခေတ်မှာ အသက် ၄၀အောက်အမျိုးသမီး ၈၀ ရာခိုင်နှုန်းကျော်ရဲ့ ရင်သားကင်ဆာကိုအောင်အောင်မြင်မြင်ကုသပေးနိုင်နေပြီပဲဖြစ်ပါတယ်။ ကင်ဆာရောဂါရှိနေပြီလို့ သိပြီဆိုတာနဲ့ ဓါတုကုထုံး ဒါမှမဟုတ် ဓါတ်ရာင်ခြည်ကုထုံးခံယူဖို့ကို အရင်ဆုံးလုပ်ဆောင်ပါတယ်။ ဒီလိုမျိုးကုသမှုမခံယူခင်မှာအရင်ဆုံး ကင်ဆာအထူးကု (သို့မဟုတ်) ခွဲစိတ်ကုဆရာဝန်တို့နဲ့ လူနာတို့ကြားမှာ မမျိုးဥကိုအေးခဲထားမယ့်ကိစ္စကို အရင်ဆုံးဆွေးနွေးရပါမယ်။ပြီးတဲ့အခါမှာတော့ လူနာနဲ့ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ဆွေးနွေးမှုလုပ်ပေးသင့်ပါတယ်။

    အမျိုးသမီးတွေအတွက် မမျိုးဥကိုထိန်းသိမ်းပေးတဲ့ နည်းလမ်းကတစ်ခုမကရှိနေပါတယ်။ အချို့နည်းလမ်းတွေကတော့ ပိုပြီးစိတ်ချရတာမျိုးရှိပါတယ်။

    မမျိုးဥကိုအေးခဲသိမ်းဆည်းခြင်း – သန္ဓေအောင်နိုင်တဲ့အခွင့်အလမ်းကို ထိန်းသိမ်းထားတဲ့ သဘောပါ

    မမျိုးဥကိုအေးခဲသိမ်းဆည်းခြင်းဆိုတာက မမျိုးဥတွေရဲ့ ဇီဝဗေဒဖြစ်စဉ်တွေကို ရပ်တန့်ထားလိုက်ပြီး အနာဂတ်ကာလမှာအသုံးပြုဖို့အတွက် မမျိုးဥမှာပါတဲ့ ဆဲလ်တွေနဲ့တစ်ရှုးတွေကိုအေးခဲထားလိုက်တာပဲဖြစ်ပါတယ်။

    သန္ဓေသားလောင်းလေးတွေ နဲ့ မမျိုးဥတွေကိုအေးခဲထားတဲ့ နည်းပညာတစ်ရပ်ဖြစ်တဲ့Vitrification ကအေးခဲထားတဲ့ မျိုးဥတွေ အရည်ပျော်သွားချိန်မှာ ရှင်သန်နိုင်ခြေတော်တော်လေးများစေတာကိုတွေ့ရပါတယ်။Vitrification ကရေခဲခဲစေတာမျိုးမဖြစ်ဘဲ တိုက်ရိုက်အေးခဲစေတဲ့နည်းပါ။ ဒီနည်းလမ်းမှာ မျိုးဥတွေကို လျင်လျင်မြန်မြန်အေးခဲသွားစေတဲ့အတွက်ရေခဲဖွဲ့စည်းမှုကြောင့် ဆဲလ်တွေထိခိုက်မငကို နည်းပါးစေပြီး မျိုးဥတွေရှင်သန်နိုင်ခြေကိုမြင့်မားစေပါတယ်။Vitrification နည်းလမ်းက အရင်ကအသုံးပြုခဲ့တဲ့ဖြည်းဖြည်းချင်းအေးခဲစေတဲ့ နည်းလမ်းထက်ပိုပြီး ထိရောက်မှုရှိတယ်လို့လည်းသိရပါတယ်။

    မမျိုးဥတွေကို ရယူစုဆောင်းဖို့အတွက် အနည်းဆုံးအချိန်နှစ်ပတ်လောက် ယူရပါတယ်။ လုပ်ထုံးလုပ်နည်းအသစ်တွေ နဲ့ ဆေးဝါးအသစ်တွေကို အသုံးပြုမယ်ဆိုရင်တော့ အချိန်သိပ်ပေးစရာမလိုဘဲ ရာသီသွေးဆင်းတဲ့အချိန်မှာ မမျိုးဥတွေကိုရယူနိုင်မှာပါ။ မမျိုးဥတွေ ရယူခြင်းကို စိတ်ငြိမ်ဆေးပေးတဲ့နည်းလမ်းနဲ့ လုပ်ဆောင်ရတာဖြစ်ပါတယ်။ မမျိုးဥ ရယူတဲ့နည်းလမ်းက ကင်ဆာရောဂါ ကုသမှုအစီအစဉ်ကို နည်းနည်းတော့ကြန့်ကြာစေနိုင်ပါတယ်။

    မမျိုးဥထိန်းသိမ်းဖို့အတွက်ရွေးချယ်စရာနည်းလမ်းတွေ

    ကင်ဆာဝေဒနာခံစားနေရသူက ဆယ်ကျော်သက်အရွယ်ပဲရှိနေသေးတာ ဒါမှမဟုတ် အသက်ငယ်သေးပေမယ့် မျိုးဥအိမ်ဖယ်ထုတ်ရမယ့် အနေအထားဖြစ်နေမယ်ဆိုရင် ကိုယ်ဝန်ဆောင်နိုင်အောင် အခြားနည်းလမ်းကိုသုံးပြီး လုပ်ပေးလို့ရနိုင်ပါတယ်။ ဒီနည်းလမ်းက လက်ရှိမှာ စမ်းသပ်လေ့လာဆဲဆိုပေမယ့်လေ့လာမှုအချက်အလက်တွေအရ ကုသမှုခံယူပြီးတဲ့အခါ ရယူထားတဲ့ တစ်ရှုးတွေကိုပြန်လည်အစားထိုးပေးခြင်းနည်းလမ်းနဲ့ မျိုးအောင်နိုင်စွမ်းကို ထိန်းသိမ်းလို့ရတယ်လို့တွေ့ရပါတယ်။

    laparoscopy နည်းပညာကိုသုံးပြီး မျိုးဥအိမ် တစ်ခုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကိုဖယ်ရှားကုသမှုခံယူလိုက်ရပြီဆိုပါတော့။ မျိုးဥအိမ်တစ်ရှုးကို နည်းနည်းလောက်ဖြတ်တောက်ရယူပြီး အေးခဲသိမ်းဆည်းထားရပါမယ်။ ကင်ဆာကုသမှုခံယူပြီးတဲ့အခါ မျိုးဥအိမ်တစ်ရှုးကို အရည်ပျော်စေပြီး သားဥပြွန်တွေနဲ့နီးရာနေရာ ဒါမှမဟုတ် ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတစ်နေရာရာမှာထားရပါမယ်။ အစားထိုးတစ်ရှုးက ပုံမှန်အတိုင်း စတင်လည်ပတ်လာပြီဆိုတာနဲ့ မျိုးဥတွေထွက်လာပြီး ဓါတ်ခွဲခန်းထဲမှာ သန္ဒေအောင်အောင် လုပ်ဆောင်လို့ရမှာပါ။

    သွေးကင်ဆာ နဲ့ မျိုးဥအိမ်ကင်ဆာဝေဒနာခံစားရသူတွေမှာတော့အေးခဲထားတဲ့ တစ်ရှုးတွေကနေတဆင့် ခန္ဓါကိုယ်ထဲကို ကင်ဆာဆဲလ်တွေပြန်လည်ရောက်ရှိသွားနိုင်တာကြောင့် မျိုးဥအိမ်တစ်ရှုးအေးခဲ အစားထိုးကုသမှုခံယူဖို့ အားမပေးပါဘူး။

    ကိုယ်ဝန်ဆောင်တာက မိခင်နဲ့ကလေးမှာ ကင်ဆာဖြစ်နိုင်ခြေတိုးစေတယ် ဆိုတဲ့ အထောက်အထားမရှိပါဘူး

    ရင်သားကင်ဆာကဟော်မုန်းပြောင်းလဲမှုကိုဖြစ်စေနိုင်တာကြောင့် ထိခိုက်မှုတွေဖြစ်လာမှာကို လူတိုင်းလိုလိုစိုးရိမ်ကြတဲ့ ကင်ဆာဝေဒနာတစ်ခုပါ။ ဒါပေမယ့်လေ့လာမှုအရတော့ ရင်သားကင်ဆာကြောင့် အသက်မသေဘဲကျန်ရစ်သူတွေက ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အခြားအမျိုးသမီးတွေနည်းတူ အန္တရာယ်မရှိတာကိုတွေ့ရှိခဲ့ရပါတယ်။

    ကင်ဆာဝေဒနာခံစားဖူးသူ အမျိုးသမီးတွေမှာလည်းရောဂါကြောင့် ကလေးအပေါ်တိုက်ရိုက်သက်ရောက်တာမျိုးမရှိဘူးလို့တွေ့ရပါတယ်။ ရင်သားကင်ဆာရှိတဲ့ အမျိုးသမီးတွေကနေမွေးဖွားလာတဲ့ကလေးငယ်တွေမှာ ကင်ဆာရောဂါကြောင့် မွေးရာပါချို့ယွင်းမှုတွေပါလာတာမျိုးမရှိသလိုရေရှည်မှာ ကျန်းမာရေးထိခိုက်တာမျိုးလည်းမရှိပါဘူး။

    တကယ်လို့များ ကင်ဆာကုထုံးကြောင့် နှလုံး (သို့မဟုတ်) အဆုတ်လိုမျိုး ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်တာမျိုးဖြစ်လာမယ်ဆိုရင် ကိုယ်ဝန်ဆောင်တာကြောင့်နောက်ဆက်တွဲရောဂါခံစားရတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ကင်ဆာကုထုံးခံယူပြီးမှာ ကိုယ်ဝန်ဆောင်ဖို့ စဉ်းစားနေသူတွေအနေနဲ့ကတော့ ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို သိရှိနိုင်စေဖို့အတွက် သားဖွားမီးယပ်အထူးကုနဲ့အရင်ဆုံးတိုင်ပင်တာက အကောင်းဆုံးပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement