brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အသက် ၂၀ ဝန်းကျင် သင့်ခန္ဓါကိုယ်ပြောင်းလဲမှုများ

အသက် ၂၀ ဝန်းကျင် သင့်ခန္ဓါကိုယ်ပြောင်းလဲမှုများ

လူတွေကပြောကြမယ်။ အသက် ၂၀အရွယ်က ဘဝမှာအကောင်းဆုံးအချိန်ပဲလို့ပေါ့။ သူတို့ဘာလို့ဒီလိုပြောရတာလဲဆိုတော့ ဒီအသက်အရွယ်မှာ အံ့သြစရာအကောင်းဆုံးအဖြစ်အပျက်တွေ အများကြီးကြုံရလို့ပါပဲ။

အသက် ၂၀ ဝန်းကျင် သင့်ခန္ဓါကိုယ်ပြောင်းလဲမှုများ

ဒါပေမယ့် လူတစ်ချို့ကတော့ အသက် ၂၀အရွယ်ဟာ ခန္တာကိုယ်အပြောင်းအလဲတွေ သိသိသာသာဖြစ်ပျက်လာတာကြောင့် ပြဿနာတွေအများကြီးနဲ့ ရင်ဆိုင်ရတဲ့အရွယ်လို့ ပြောကြတယ်။

၁။ ဦးနှောက်

အာရုံကြောအဖွဲ့အစည်းအကြောင်းလေ့လာတဲ့ သိပ္ပံပညာရှင်တွေကြားမှာ “အပြည့်အဝဖွံ့ဖြိုးပြီး ဦးနှောက်”ဆိုတဲ့အဆိုကို အမြဲငြင်းခုန်ကြပါတယ်။ ဘယ်အသက်အရွယ်မှာ ဦးနှောက်ဟာ အပြည့်အဝဖွံ့ဖြိုးပြီးဖြစ်တယ်ဆိုတာကို သတ်မှတ်နိုင်မလဲ။

သိပ္ပံပညာရှင်များဟာ နှစ်ပေါင်းများစွာ မြှီးကောင်ပေါက်အရွယ်နောက်ပိုင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုရပ်တန့်သွားတယ်လို့ ယုံကြည်ထားကြပါတယ်။ သို့သော်လည်း အသက်၂၀၀န်းကျင်မှာ ဦးနှောက်ရဲ့အစိတ်အပိုင်းအချို့က ဖွံ့ဖြိုးကြီးထွားဖို့ အခန်းလွတ်တွေကျန်သေးတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာ အသိသာဆုံးကတော့ ဦးနှောက်အပြင်အကာပိုင်းပဲဖြစ်ပါတယ်။ အဲ့ဒီအပိုင်းက ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ အခြေအနေတွေကို ခန့်မှန်းခြင်း၊ အန္တရာယ်ဖြစ်နိုင်ခြေကို တွက်ချက်ခြင်းနဲ့ ခဏတာမှတ်ဉာဏ်တွေကို တာဝန်ယူပေးပါတယ်။

မြှီးကောင်ပေါက်အရွယ်နောက်ပိုင်းနဲ့ အသက်၂၀အရွယ်အစောပိုင်းကာလတွေမှာ လူတစ်ချို့မှာ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေ ရှိတတ်ပါတယ်။

၂။ အရိုးတွေ

အသက် ၂၀အရွယ်ဆိုတာ အမျိုးသမီးတွေရဲ့ အရိုးလုပ်ဆောင်မှုအလုပ်ရှုပ်ဆုံးအချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ အရိုးတွေဟာ အားအရှိဆုံးနဲ့ ခံနိုင်ရည်အရှိဆုံးဖြစ်ပါတယ်။

ဘဝတစ်လျှောက်လုံးမှာ လူတွေကြီးပြင်းလာသလို အရိုးတွေကလည်း ဆဲလ်အသစ်တွေထုတ်ပေးပြီး ဆဲလ်အဟောင်းတွေကို ဖယ်ရှားပေးနေပါတယ်။ အသက်၂၀အရွယ်မှာ ဒီလုပ်ငန်းစဉ်ဟာအလုပ်အများဆုံးဖြစ်ပြီး ဒီအရွယ်မှာ ခံနိုင်ရည်အရှိဆုံးဖြစ်ပါတယ်။

၃။ အသားအရည်

အသက်၂၀အရွယ်မှာ collagen levelဟာ အမြင့်ဆုံးဖြစ်လို့ အသားအရည်ဟာ နူးညံ့ပျော့ပြောင်းနေမှာပါ။ ဒါပေမယ့် မကောင်းတဲ့အချက်ကတော့ ဝက်ခြံတွေပေါက်လာတာပဲဖြစ်ပါတယ်။

မြှီးကောင်ပေါက်အရွယ်မှာ ဝက်ခြံပေါက်တာကပြဿနာအကြီးအကျယ်မရှိပေမယ့်အစက်အပြောက်တွေကလည်းနေရာအနှံ့ပေါ်လာပါလိမ့်မယ်။

ဒါက ဟော်မုန်းlevelအတက်အကျကြောင့်ဖြစ်ပါတယ်။ အချိန်တစ်ချို့ဖြတ်သန်းပြီးတဲ့နောက်မှာ ဟော်မုန်းတွေတည်ငြိမ်လာပါတယ်။

လူအမျိုးမျိုးဆိုတော့လည်း သူတို့ရဲ့အသက်၂၀အရွယ်ဟာ အမျိုးမျိုးကွဲပြားနေမှာပါ။ ဒါကြောင့် ဒီလိုပြောကြပါတယ်။

“သင့်ရဲ့ အခုအချိန်ကသာ အကောင်းဆုံးပါ” ဒါကြောင့် ဒီအချိန်လေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ပြည့်ပြည့်၀၀ခံစားပြီး နေသွားကြရအောင်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 01/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။