ဒါဟာတစ်ဦးတစ်ယောက်ချင်းရဲ့ အခြေအနေတွေဖြစ်ပြီး မျိုးဆက်တစ်ဆက်ကနေ တစ်ဆက် လက်ဆင့်ကမ်းလာတာမဟုတ်ပါဘူး။ ဒါကြောင့် sciatica ကိုကုသတဲ့အခါ ရောဂါဖြစ်ရတဲ့ တကယ့်အကြောင်းရင်းပေါ်ကိုပဲ အာရုံစိုက်ဖို့လိုပါတယ်။
အမှန်တရား နံပါတ် (၂)။ Sciatica ဆိုတာက လက္ခဏာတစ်ခုပါပဲ။ ရောဂါတစ်ခုမဟုတ်ပါဘူး
လူအများစုကတော့ sciatica ဆိုတာ နာကျင်မှုကိုဖြစ်နေစေတဲ့ ရောဂါတစ်ခုလို့ထင်နေကြပါတယ်။ ဒါပေမဲ့ ဒါဟာ နာကျင်မှုရဲ့ လက္ခဏာတစ်ရပ်ပါပဲ။
Sciatica ဆိုတာက ကျောရိုးရဲ့အခြားဖွဲ့စည်းမှု အစိတ်အပိုင်းတစ်ခုခု ဥပမာ herniated disc က sciatic အာရုံကြောတွေပေါ် ဖိအားတစ်ခုခုပေးလိုက်တဲ့အခါ နောက်ကျောတွေကစလို့ ခြေထောက်၊ ခြေဖဝါးနဲ့ ခြေချောင်းလေးတေါကိုပါ နာကျင်စေတဲ့ အခြေအနေတစ်ခုပါ။
နာကျင်မှုကို ဘာကဖြစ်ပေါ်စေတာလဲဆိုတဲ့ ရောဂါကို အတည်ပြုပြီး ဒါကိုပဲ ကုသမယ်ဆိုရင်တော့ နာကျင်မှုတွေ သက်သာလာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။