မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
မျက်စိအမြင်အာရုံကြောရောင်ခြင်းသည် အမြင်အာရုံကို ဦးနှောက်မှ သိရှိစေရန် မျက်စိမှ ဦးနှောက်သို့ ပို့ပေးသော မျက်စိတွင်းရှိ အာရုံကြော အစုအေ၀ ရောင်ရမ်းခြင်းဖြစ်သည်။
ထိုသို့ဖြစ်လျှင် အတွေ့များသော လက္ခဏာများမှာ မျက်လုံးနာခြင်းနှင့် မျက်စိတဖက် မမြင်တော့ခြင်း (ယာယီ)တို့ဖြစ်သည်။
မျက်စိအမြင်အာရုံကြောရောင်ခြင်းသည် အလွန်အဖြစ်များပါသည်။ အမျိုးသမီးများနှင့် အမျိုးသားများတွင် ဖြစ်နိုင်ချေမှာ ၃ : ၁ ဖြစ်ပြီး အသက် ၁၄ နှစ် မှ ၄၅ နှစ်ကြား အမျိုးသမီးများတွင် ပိုဖြစ်ပါသည်။ လူငယ်များတွင်လည်းဖြစ်နိုင်ပါသည်။
သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
တွေ့ရများသော ရောဂါလက္ခဏာမှာ မျက်လုံးလှုပ်လိုက်လျှင် နာကျင်ခြင်းဖြစ်သည်။ ယင်းသည် မျက်စိတဖက်တည်းတွင် ဖြစ်တတ်ပြီး ရုတ်တရက် အစပျိုးတတ်သောရောဂါဖြစ်သည်။ ရောဂါစဖြစ်ပြီး ရက်အနည်းငယ် မှ ၂ ပတ်အတွင်းရောဂါ လက္ခဏာများ ပိုဆိုးလာတတ်ပါသည်။
ရောဂါလက္ခဏာများမှာ-
မျက်စိအာရုံကြောရောင်သော လူနာအများစုသည် မျက်လုံးလှုပ်လိုက်လျှင် နာကျင်ခြင်းကို ခံစားရပြီး မျက်လုံးအိမ်နောက်ဖက်မှ ကိုက်ခဲသော နာကျင်မှုပုံစံမျိုးဖြစ်သည်။
ယင်းဖြစ်စဉ်သည် များသောအားဖြင့် ယာယီ မမြင်ခြင်းမျိုးဖြစ်ပြီး နာရီအနည်းငယ်မှ ရက်အနည်းငယ်ကြာမြင့်နိုင်သည်။ ထို့နောက် ရက်သတ္တပတ်နှင့် လ အတန်ကြာလျှင် ပြန်မြင်ရပါသည်။ သို့သော် အနည်းစုတွင်မူ တသက်လုံး မျက်စိကွယ်သွားတတ်ပါသည်။
ယင်းသည် ဘေးဖက်မြင်ကွင်းကို မမြင်ရခြင်းဖြစ်သည်။
မျက်စိအာရုံကြောများရောင်ရမ်းလျှင် ပုံမှန်အားဖြင့် မြင်ရသော အရောင်မျိုးစုံကို မကွဲပြားတော့ခြင်းဖြစ်နိုင်သည်။
မျက်စိအာရုံကြောများရောင်ရမ်းလျှင် မျက်လုံးလှုပ်ရှားမှုနှင့် အတူ မျက်လုံးထဲတွင် အရောင်များ တဖျတ်ဖျတ်လက်နေခြင်းများခံစားရပါသည်။
အခြားသော လက္ခဏာများမှာ မျက်လုံးအမြင်အာရုံဆုံးရှုံးပြီးနောက် မျက်လုံးထဲရှိ အမြင်အာရုံခံကိရိယာတွင် အရောင်များပြောင်းလဲခြင်းတို့ဖြစ်ပြီး ယင်းဖြစ်စဉ်သည် ၄ ပတ်မှ ၆ ပတ်အထိကြာမြင့်နိုင်ပါသည်။
(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)
မျက်လုံးနှင့်ဆိုင်သော ရောဂါများသည် မျက်စိအမြင်အာရုံချို့ယွင်းခြင်းနှင့် အခြားသော ဆိုးရွားသည့်ကျန်းမာရေးပြသနာများဖြစ်လာနိုင်ပါသည်။ အောက်ပါတို့ဖြစ်လာပါက ဆရာဝန်နှင့် ချက်ချင်းဆက်သွယ်ပါ။
မျက်စိနာကျင်ခြင်း၊ အမြင်အာရုံများ ပြောင်းလဲလာခြင်း စသည့် ရောဂါ လက္ခဏာအသစ်များခံစားရလျှင်
ခြေများ၊ လက်များ ထုံကျင်ခြင်း၊ အားနည်ခြင်း တို့သည် အာရုံကြောအားနည်းခြင်း၏ လက္ခဏာများ ဖြစ်ပါသည်။
လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
အောက်ပါရောဂါများသည် ကိုယ်ခံအားစနစ်မူမမှန်ခြင်းကြောင့်ဖြစ်ပြီး မျက်စိအမြင်အာရုံကြောရောင်ခြင်းနှင့် ဆက်စပ်မှုရှိပါသည်။
ယင်းရောဂါသည် ဦးနှောက်နှင့် အာရုံကြောမကြီးရှိ အာရုံကြောများကို ဖုံးထားသည့်အလွှာပျက်စီးသည့်ရောဂါဖြစ်ပြီါ် ထိုသို့ဖြစ်ခြင်းသည် ကိုယ်ခံအားစနစ်မူမမှန်ခြင်းကြောင့်ဖြစ်သည်။ ထိုရောဂါခံစားရပြီး မျက်စိအမြင်အာရုံကြောများရောင်နိုင်ချေသည် ၅၀% ရှိသည်။
ယင်းရောဂါသည် ဦးနှောက်နှင့် အာရုံကြောမကြီးရှိ အာရုံကြောများကို ဖုံးထားသည့်အလွှာပျက်စီးသည့်ရောဂါနှင့် ဆင်တူသော်လည်း ယင်းရောဂါ၏ အားသာချက်မှာ ဦးနှောက်ရှိ အာရုံကြောများကို ထိခိုက်ပျက်စီးစေခြင်း မရှိပါ။
မျက်စိအမြင်အာရုံကြောရောင်ခြင်းကို ဖြစ်စေ သော အခြား အခြေအနေများမှာ-
ဘက်တီးရီးယားကြောင့်ဖြစ်သော လိုင်းမ်ရောဂါ၊ ကြောင်ကုတ်ခြင်းကြောင့်ဖြစ်သောရောဂါနှင့် ကာလသားရောဂါများ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝက်သက်၊ မော်နာ နှင့် ရေယုန်ရောဂါ တို့သည် မျက်စိအမြင်အာရုံကြောရောင်ခြင်းကို ဖြစ်စေသည်။
Sarcoid နှင့် Lupus ရောဂါများသည် မျက်စိအမြင်အာရုံကြောရောင်ခြင်းကို ဖြစ်စေသည်။
ကွီနိုင် ဌက်ဖျားဆေး နှင့် အခြားသော ပိုးသတ်ဆေးအချို့သည် မျက်စိအမြင်အာရုံကြောရောင်ခြင်းဖြစ်စေသည်။
မျက်စိအမြင်အာရုံကြောရောင်ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများမှာ-
အများစု သည် မျက်စိအမြင်အာရုံကြောရောင်ပြီး နောက်တွင် မျက်စိအမြင်အာရုံကြောများပျက်စီးသွားတတ်သော်လည်း သိသာသောလက္ခဏာများ မပြပါ။
အများစုသည် မျက်စိအမြင်အာရုံကြောရောင်ပြီး လအတန်ကြာတွင် ပုံမှန်အမြင်အာရုံကို ပြန်ရရှိသော်လည်း အရောင်များကို ခွဲခြားနိုင်စွမ်းမရှိတော့ချေ။ အချို့သည် တသက်လုံးမမြင်ရတော့သည်များလည်းရှိသည်။
မျက်စိအမြင်အာရုံကြောရောင်ခြင်းကို ကုသသော စတီးရွိုက်ဆေးများသည် ကိုယ်ခံအားစနစ်ကို ကျဆင်းစေသောကြောင့် ရောဂါဝင်လွယ်ခြင်း၊ စိတ်မူမမှန်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်းများဖြစ်နိုင်ပါသည်။
ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
မျက်စိအမြင်အာရုံကြောရောင်ခြင်းကို ပုံမှန်အားဖြင့် ဖြစ်သော နှင့် ပုံမှန်မဟုတ်သော အမျိုးအစားဟူ၍သတ်မှတ်ကာ အောက်ပါအတိုင်း အဆင့်များ ခွဲထားပါသည်။
မျက်စိဆရာဝန်က သင့်မျက်လုံး၏ မြင်နိုင်စွမ်းအား၊ ဘေးဖက်မြင်ကွင်းများနှင့် အရောင်များကို ခွဲခြားနိုင်စွမ်းအားများကို စစ်ဆေးပါမည်။
မျက်လုံးကို စစ်ဆေးနေစဉ်တွင် အလင်းရောင်ပါသော မှန်ဘီလူးဖြင့် မျက်လုံး၏အနောက်ဖက်တွင်ရှိသော အရာများကို ကြည့်ရှုစစ်ဆေးပါသည်။
ထိုသို့စစ်ဆေးခြင်းဖြင့် မျက်စိအမြင်အာရုံကြောများကို အမြင်လွှာပေါ်သို့ပို့ပေးသော ချပ်ပြားတွင် မူမမှန်မှုများကို တွေ့ရှိနိုင်ပါသည်။ မျက်စိအမြင်အာရုံကြောရောင်သူများ၏ ၃ ပုံ ၁ ပုံသည် ထိုချပ်ပြားရောင်ရမ်းနေတတ်သည်။
မျက်စိဆရာဝန်က အလင်းရောင်ကို အသုံးပြုပြီးသူငယ်အိမ်ထဲသို့ လှုံ့ဆော်မှုပေးခြင်းဖြင့် သူငယ်အိမ်၏ တုန့်ပြန်မှုကို သိနိုင်ပါသည်။
မျက်စိအမြင်အာရုံကြောရောင်ခြင်းသည် သူငယ်အိမ်ကို ထိခိုက်ပါက သူငယ်အိမ်၏ တုန့်ပြန်မှုမူမမှန်ဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည်။
သံလိုက်စက်ကွင်းများ နှင့် ရေဒီယိုအသံလှိုင်းများ သုံးကာ သင့်ခန္ဓာကိုယ်ထဲရှိ ပုံရိပ်များကို ဖမ်းယူခြင်းဖြစ်သည်။ မျက်စိအမြင်အာရုံကြောများကို ကြည့်ရာတွင် ယင်းတို့ကို ပြတ်သားစွာမြင်ရစေရန် ဆေးရည်တမျိုးကို ထိုးပြီး ရိုက်ရပါသည်။
သွေးစစ်ခြင်းဖြင့် အမြင်အာရုံကြောနှင့် ပင်မကြောရိုးမရောင်ခြင်းတွင် တွေ့ရသော ဓါတ်တမျိုးကို သွေးထဲတွင် ရှာဖွေနိုင်ပါသည်။
ပြင်းထန်သောမျက်စိအမြင်အာရုံကြောရောင်းများတွင် အဆိုပါရောဂါဖြစ်နိုင်ချေရှိမရှိစမ်းသပ် စစ်ဆေးခြင်းပင်ဖြစ်သည်။
ယင်းသည် အမြင်လွှာတွင်ရှိသော အာရုံကြောများ၏ ထုကို တိုင်းတာခြင်းဖြစ်ပြီး မျက်စိအမြင်အာရုံကြောရောင်သူများတွင် ထိုထုသည် ပုံမှန်ထက်ပါးလွှာနေကြောင်း တွေ့ရသည်။
ယင်းစစ်ဆေးမှုကို ပြုလုပ်နေစဉ်တွင် သင်သည် မျက်နှာပြင်တခုရှေ့တွင် ထိုင်ရမည်ဖြစ်ပြီး သင့်ခေါင်းတွင် ဝိုင်ယာကြိုးများနှင့် အမြင်အာရုံကို ဦးနှောက်မှ တုန့်ပြန်မှုကို ဖမ်းယူနိုင်သောအပြားငယ်လေးများ တပ်ဆင်ထားမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မျက်စိအမြင်အာရုံကြောရောင်သူများတွင် အမြင်အာရုံကို ဦးနှောက်မှ တုန့်ပြန်မှု နှေးကြောင်းသိရှိနိုင်သည်။
မျက်စိအမြင်အာရုံကြောရောင်ခြင်းသည် ဖြစ်သော အမျိုးအစားအပေါ်မူတည်ပြီး ကုသနိုင်သောဆေးများရှိပါသည်။
မျက်လုံးအိမ်အနောက်ဖက်တွင်ဖြစ်သော အာရုံကြောရောင်ရမ်းမှုများကို စတီးရွိုက်အရောင်ကျဆေးများဖြင့် ကုသနိုင်သည်။
သုံးပုံ တစ်ပုံ သည် မျက်လုံးအိမ်အရှေ့ဖက်တွင်ဖြစ်သော အာရုံကြောရောင်ရမ်းမှုများဖြစ်ပြီး : Interferons, Glatiramer , Mitoxantrone တို့ဖြင့်ကုသခြင်းဖြင့် ပင်မအာရုံကြောများပျက်စီးနိုင်ချေကို လျှော့ချနိုင်ပါသည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် မျက်စိအမြင်အာရုံကြောရောင်သူများအတွက်
ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။
အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။