backup og meta

Home Blood Glucose Test (သွေးတွင်းသကြားဓါတ်ကို အိမ်မှာစစ်ဆေးနည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Home Blood Glucose Test (သွေးတွင်းသကြားဓါတ်ကို အိမ်မှာစစ်ဆေးနည်း) ကဘာလဲ။

Home Blood Glucose Test ဟာ သွေးသကြားဓါတ်တစ်မျိုး ဖြစ်တဲ့ ဂလူးကိုစ့် ကို သွေးအတွင်းမှာ ပမာဏဘယ်လောက်ရှိသလဲဆိုတာကို တိုင်းတာတဲ့ စစ်ဆေးမှု တစ်ခု ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို အိမ်မှာ (သို့) နေရာတိုင်းမှာ သေးငယ်ပြီး သယ်သွားနိုင်တဲ့ ဆီးချိုတိုင်း စက် ကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။

အိမ်မှာ သွေးတွင်းသကြားဓါတ်တိုင်းခြင်းကို သွေးသကြားဓါတ် အတက်အကျကို စောင့်ကြည့်ဖို့ အသုံးပြုနိုင်ပါတယ်။ သင့်ဆရာဝန်ကို ဘယ်လောက်တစ်ခါ စစ်ဆေးသင့်သလဲဆိုတာကို မေးမြန်းသင့်ပါတယ်။ ဘယ်လောက်တစ်ကြိမ် စစ်ဆေးသင့်သလဲဆိုတာဟာ သင့်ဆီးချိုကုသမှုနဲ့ ယေဘုယျ ကျန်းမာရေးပေါ်ကို မူတည်ပါတယ်။ အင်ဆူလင်သောက်ပြီး ဆီးချိုထိန်းနေရသူတွေဟာ သွေးသကြားဓါတ်ကို မကြာခဏ စစ်ဆေးသင့်ပါတယ်။ သွေးသကြားဓါတ်ကို အိမ်မှာစစ်ဆေးခြင်းကို Home Blood Glucose Test လို့ ခေါ်ပါတယ်။

သင်ဟာ အင်ဆူလင်ကို ရှားပါးစွာ အသုံးပြုရင် (သို့) လုံးဝအသုံးမပြုဘူးဆိုရင် သွေးသကြားဓါတ်စစ်ဆေးခြင်းဟာ သင့်ကိုယ်ခန္ဓါက အစားအစာတွေ၊ ဖျားနာမှု၊ စိတ်ဖိစီးမှု၊ ကိုယ်လက်လှုပ်ရှားမှု၊ ဆေးတွေနဲ့ အခြားလှုပ်ရှားမှုတွေရဲ့ တုန့်ပြန်ပုံတွေကို သိရှိဖို့ အလွန်အသုံးဝင်ပါတယ်။ အစာမစားမီနဲ့ အစာစားပြီး စစ်ဆေးခြင်းဟာ ဘာစားသင့်တယ်ဆိုတာကို ထိန်းညှိပေးနိုင်ပါတယ်။

ဆီးချိုတိုင်းစက် (သွေးတွင်းသကြားတိုင်းစက်) အချို့အမျိုးအစားတွေဟာ အဖြေရာကျော်ကို သိမ်းထားပေးနိုင်ပါတယ်။ ဒါဟာ သွေးအဖြေကို အချိန်ကြာတဲ့အခါ ပြန်ကြည့်နိုင်ပြီး အချိန်တစ်ခုအတွက် သွေးသကြားဓါတ်ပမာဏကို ခန့်မှန်းနိုင်ပါတယ်။ ဒါဟာ သင့်သွေးသကြားဓါတ်ပမာဏ ပြောင်းလဲမှုတွေကိုလည်း အမြန်တွေ့ရှိနိုင်ပါတယ်။ ဒီစနစ်တွေထဲက အချို့ဟာ အချက်အလက်တွေကို ကွန်ပျူတာထဲကိုပြောင်းလဲ ထည့်သွင်းပြီး ဇယား (သို့) အခြားအလွယ်တကူ သိရှိနိုင်တဲ့ ပုံစံမျိုးကို ပြောင်းလဲနိုင်ပါတယ်။

အိမ်သုံး သွေးတွင်းသကြားဓါတ်တိုင်းတာနည်း နောက်ပိုင်းထွက်တွေဟာ insulin pumps (အင်ဆူလင်စက်)တွေနဲ့ ဆက်သွယ်နိုင်ပါတယ်။ အင်ဆူလင်စက် တွေဟာ အင်ဆူလင်ကို နေ့အချိန်မှာ ခန္ဓါကိုယ်ကို ထောက်ပံ့ပေးတဲ့ စက်တွေပဲဖြစ်ပါတယ်။ ဒီစက်တွေက သွေးသကြားဓါတ်ကို ပုံမှန်အတွင်းဖြစ်စေဖို့ အင်ဆူလင်ပမာဏ ဘယ်လောက် လိုအပ်တယ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။

Home Blood Glucose Test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

သင့်ဆရာဝန်က သွေးသကြားဓါတ်ကို ဘယ်လောက်တစ်ကြိမ် စစ်ဆေးရမယ်ဆိုတာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ယေဘုယျအားဖြင့် စစ်ဆေးမှု အကြိမ် အရေအတွက်ဟာ သင့်မှာ ရှိတဲ့ ဆီးချိုအမျိုးအစားနဲ့ ကုသမှု အစီအစဉ်ပေါ်ကို မူတည်ပါတယ်။

• ဆီးချို အမျိုးအစား ၁ – သင့်ဆရာဝန်ဟာ သင့်မှာ ဆိးချို အမျိုးအစား ၁ ရှိနေခဲ့ရင် သွေးသကြားဓါတ်စစ်ဆေးမှုကို တစ်နေ့မှာ လေးကြိမ်ကနေ ရှစ်ကြိမ်အထိ ပြုလုပ်ဖို့ အကြံပေးနိုင်ပါတယ်။ အစားအစာနဲ့ မုန့်တွေမစားခင်၊ လေ့ကျင့်ခန်းမလုပ်ခင်၊ မအိပ်ခင်နဲ့ တခါတလေ ညအချိန်တွေမှာ စစ်ဆေးနိုင်ပါတယ်။ နေမကောင်းရင်၊ ပုံမှန်အလုပ်တွေ ပြောင်းလဲရင်၊ ဆေးအသစ်သောက်ရင် သကြားဓါတ်ကို ပိုမို စစ်ဆေးသင့်ပါတယ်။

• ဆီးချိုအမျိုးအစား ၂ -ဆီးချိုအမျိုးအစား ၂ အတွက် အင်ဆူလင်ထိုးနေတယ်ဆိုရင် သင့်ဆရာဝန်ဟာ အမျိုးအစားနဲ့ လိုအပ်တဲ့ အင်ဆူလင်ပမာဏပေါ်မူတည်ပြီး သွေးသကြားဓါတ်ကို တစ်နေ့မှာ နှစ်ကြိမ် (သို့) နှစ်ကြိမ်ထက်ပိုပြီး စစ်ဆေးဖို့ အကြံပေးနိုင်ပါတယ်။ အစာမစားခင်မှာ စစ်ဆေးသင့်ပြီး တစ်ခါတစ်ရံမှာ မအိပ်ခင်မှလည်း စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ ဆီးချို အမျိုးအစား ၂ ကို ဆေး (သို့) အစားအသောက် (သို့) လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ ထိန်းနေတယ်ဆိုရင် သွေးသကြားဓါတ်ကို နေ့စဉ် စစ်စရာမလိုပါဘူး။

ပြင်ဆင်မှု

Home Blood Glucose Test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

တကယ်လို့ အဖြေဟာ သင်မျှော်လင့်ထားတာနဲ့ ကွာခြားတယ်ဆိုရင် နောက်တစ်ကြိမ် ပြန်လည် စစ်ဆေးသင့်ပါတယ်။

ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကိုယ်ဝန်ရှိစဉ် ဆရာဝန်ပြသပြီး ပုံမှန် သွေးသကြားဓါတ်စစ်ဆေးခြင်းဟာ အလွန်အရေးကြီးပါတယ်။ သွေးသကြားဓါတ်ပမာဏကို သင့်လျော်တဲ့ ပမာဏ အတွင်း ထိန်းထားတဲ့အမျိုးသမီးတွေမှာ ကျန်းမာတဲ့ကလေးမွေးနှုန်း များပြီး ဆီးချိုနဲ့ ဆက်စပ်တဲ့ ဆိုးကျိုးတွေ ရှိတဲ့ကလေး မွေးနှုန်းနည်းပါးပါတယ်။

ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်တဲ့ ဆီးချိုနောက်ဆက်တွဲ ကီတုန်းများသော diabetic ketoacidosis မှာတော့ ဆီးစစ်နိုင်ပါတယ်။ သွေးကိုလည်း ကီတုန်း တွေကို စစ်ဆေးဖို့ အသုံးပြုနိုင်ပါတယ်။

Home Blood Glucose Test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

သွေးသကြားဓါတ်စစ်ဆေးဖို့ သေးငယ်တဲ့ လျှပ်စစ်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆီးချိုတိုင်းစက် လိုအပ်ပါတယ်။ ဒီကိရိယာဟာ သွေးနမူနာ အတွင်းမှာ ပါဝင်တဲ့ သကြားပမာဏကို ဖတ်တာဖြစ်ပြီး များသောအားဖြင့် လက်ထိပ်ကသွေးကို test strip (စမ်းသပ်တဲ့ အပြား) ပေါ်တင်လိုက်တာဖြစ်ပါတယ်။ သင့်ဆရာဝန် (သို့) ဆီးချို ရောဂါဆိုင်ရာ ကျွမ်းကျင်သူနဲ့ သင့်လျော်တဲ့ ကိရိယာအကြောင်းကို ဆွေးနွေးသင့်ပါတယ်။

သင့်ဆရာဝန်ကိုလည်း ကိရိယာကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ မေးမြန်းသင့်ပါတယ်။

စစ်ဆေးမှု

Home Blood Glucose Test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

ဒီစစ်ဆေးမှု တစ်ခုစီကတော့ Home Blood Glucose Test အမျိုးအစားပေါ် မူတည်ပြီး ကွာခြားမှုရှိပါတယ်။ သေချာတဲ့အဖြေကို ရရှိဖို့ ကိရိယာရဲ့ ညွှန်ကြားချက်ကို သေချာစွာ လိုက်နာသင့်ပါတယ်။ ဒီနည်းကို အသုံးပြုပြီး သွေးသကြားဓါတ်စစ်ဆေးတဲ့အခါ

• သင့်လက်ကို ပူနွေးတဲ့ ဆပ်ပြာရည်နဲ့ ဆေးကြောသင့်ပါတယ်။ သန့်ရှင်းတဲ့ အဝတ်နဲ့ အခြောက်ခံသင့်ပါတယ်။

• Lancet (အပ်) ကို စက်ထဲကိုထည့်ပါ။ Lancet စက်ဟာ lancet တွေကို ထည့်ထားတဲ့ ဘောပင်အရွယ်အစား ကိရိယာတစ်ခု ဖြစ်ပါတယ်။ သူဟာ အပ် အရေပြားအတွင်းကို ဘယ်လောက်နက်နက်ဖေါက်မလဲဆိုတဲ့ အနေအထားကို ထိန်းညှိပေးပါတယ်။

• Test strip (စမ်းသပ်တဲ့ အပြားလေး) ကို ထည့်ထားတဲ့ဘူးကနေ ထုတ်လိုက်ပါ။ အခြား strip တွေကို ထိခိုက်တဲ့ ရေငွေ့ရိုက်ခြင်းကနေ ကာကွယ်ဖို့ အဖုံးကို အမြန်ပိတ်သင့်ပါတယ်။

• Lancet စက် ကိရိယာ ကို အသုံးပြုပြီး လက်ထိပ်ဘေးကို အပ်မှာ ကပ်လိုက်ပါ။ လက်ထိပ်ကို ထိုးခြင်းဟာ ပိုမိုနာကျင်စေပြီး လိုအပ်တဲ့ သွေးပမာဏ မရတာမျိုး ဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်း နည်းသစ်တွေမှာတော့ သွေးကိုပိုမိုရရှိဖို့ လက်ထိပ်မဟုတ်တဲ့နေရာတွေ (ဥပမာ လက်ဖဝါး၊ လက်ဖျံ)တွေကို အသုံးပြုကြပါတယ်။

• Test strip ပေါ်က မှန်ကန်တဲ့နေရာမှာ သွေးတစ်စက်ကို တင်ပါ။

• ဂွမ်းကိုအသုံးပြုပြီး ဖေါက်ထားတဲ့နေရာကို သွေးတိတ်အောင် ဖိထားပါ။

• အညွှန်းတွေကို အသုံးပြုပြီး အဖြေထုတ်ယူပါ။ အချို့ စက်တွေဟာ အဖြေရရှိဖို့စက္ကန့်ပိုင်းသာ ကြာတတ်ပါတယ်။

စစ်ဆေးပြီးနောက်

Home Blood Glucose Test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

သင်ဟာ သွေးအဖြေတွေနဲ့ စစ်ထားတဲ့ အချိန်တွေကို ရေးမှတ်ထားနိုင်ပါတယ်။ ဒါပေမယ့်အချို့စက်တွေဟာ ရက်ပေါင်းများစွာ (သို့) ရက်သတ္တပတ်ပေါင်းများစွာအထိ မှတ်ထားပေးနိုင်တာမို့ ဒီက ပြန်ယူနိုင်ပါတယ်။ သင့်သွေးသကြားဓါတ်ဟာ ရှိသင့်တဲ့ အညွှန်းပမာဏနဲ့ ဘယ်လိုနေလဲဆိုတာကို သင်ရော သင့်ဆရာဝန်ဟာ ဒီရေးမှတ်ထားမှုကို ကြည့်ပြီး စစ်ဆေးနိုင်ပါတယ်။ သင့်ဆရာဝန်ဟာ ဒီအဖြေတွေကို ကြည့်ပြီး ဆီးချိုဆေးတွေ ပြောင်းဖို့လိုလားဆိုတာကို ဆုံး ဖြတ်နိုင်ပါတယ်။

Lancets အပ်တွေကို အသုံးပြုပြီးရင် သေချာစွာ လွှတ်ပစ်သင့်ပါတယ်။ သူတို့ကို အိမ်က အမှိုက်ပုံးအတွင်းမှာ မလွှင့်ပစ်သင့်ပါဘူး။ တစ်စုံတစ်ယောက်ကို မရည်ရွယ်ပဲ ရှသွားနိုင်ပါတယ်။ ဒီ အပ်တွေကို ဆပ်ပြာမှုန့်ထည့်တဲ့ ပလပ်စတစ်ပုံးလိုမျိုးထဲမှာလည့်သင့်ပါတယ်။ လေးပုံသုံးပုံ ပြည့်ပြီဆိုရင်တော့ အဖုံးပိတ်သင့်ပါတယ်။ အပ် တွေကို သေချာစွာ လွှင့်ပစ်ဖို့ သက်ဆိုင်ရာနဲ့ ဆွေးနွေးနိုင်ပါတယ်။ အချို့အဖွဲ့တွေမှာ ဆေးပစ္စည်းတွေကို ဘယ်လိုစွန့်ပစ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ရှိပါတယ်။ တခါတလေမှာတော့ သင့်ဆရာဝန် ရုံးခန်းက သင့်အမှိုက်တွေကို သင့်အစား လွှင့်ပစ်ပေးနိုင်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Home Blood Glucose Test (သွေးတွင်းသကြားဓါတ်ကို အိမ်မှာစစ်ဆေးနည်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

အောက်ဖေါ်ပြပါ ပမာဏ ကိန်းဂဏန်းတွေက တစ်နေ့တာအတွင်း သကြားဓါတ်ပမာဏ ဘယ်အပိုင်းအခြားမှာ ရှိသင့်တယ်ဆိုတာကို ဖေါ်ပြပါတယ်။ ဖြစ်သင့်တဲ့ သွေးသကြားဓါတ်ပမာဏဟာ အခြားလူတစ်ယောက်နဲ့ ကွာခြားမှု ရှိနိုင်ပြီး တစ်နေ့တာအတွင်း ပြောင်းလဲမှု ရှိနိုင်ပါတယ်။

ဆီးချိုရှိပြီး ကိုယ်ဝန် မရှိသောသူများ

• အစာမစားခင် ။ 70 mg/dL (3.9 mmol/L) ကနေ 130 mg/dL (7.2 mmol/L)

• အစာစားပြီး ၁-၂နာရီအကြာ ။ 180 mg/dL (10 mmol/L) အောက်

ကိုယ်ဝန်ရှိချိန် ဆီးချိုရှိခြင်း

• မနက်စာ မစားခင် ။ 95 mg/dL (5.3 mmol/L) အောက်

• အစာစားပြီး တစ်နာရီအကြာ 140 mg/dL (7.8 mmol/L) အောက် (သို့) အစာစားပြီး ၂ နာရီအကြာ 120 mg/dL (6.7 mmol/L) အောက်

အခြေအနေ အတော်များများဟာ သွေးသကြားဓါတ်ပမာဏကို ပြောင်းလဲပေးနိုင်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်ရောဂါလက္ခဏာတွေနဲ့ အရင်က ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို ဆွေးနွေးပေးမှာဖြစ်ပါတယ်။ သင့်မှာရှိသင့်တဲ့ သွေးသကြားဓါတ်အပိုင်းအခြားနဲ့ ပတ်သက်ပြီး ဆရာဝန်ကို မေးမြန်းကာ ဒီစစ်ဆေးမှုအဖြေတွေ သိပ်များ၊ သိပ်နည်းခဲ့ရင် ဘယ်လို ဖြေရှင်းမလဲ၊ ဆရာဝန်ကို ဘယ်အချိန်ခေါ်မလဲဆိုတာတွေကို အစီအစဉ် ဆွဲသင့်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Home Blood Glucose Test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Home Blood Glucose Test နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Home Blood Glucose Test http://www.webmd.com/diabetes/home-blood-glucose-test?print=true. Accessed July 4, 2016.

How to test your blood sugar http://www.mayoclinic.org/diseases-conditions/diabetes/in-depth/blood-sugar/art-20046628?pg=2. Accessed July 4, 2016.

How and When to Test Your Blood Sugar With Diabetes http://www.webmd.com/diabetes/guide/how-test-blood-glucose?page=2. Accessed July 4, 2016.

ယခုပုံစံ

19/09/2019

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement