backup og meta

History And Physical Exam For Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

History And Physical Exam For Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း) ကဘာလဲ။

နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး အထူးသဖြင့် အသက်ကြီးသူတွေမှာ အဖြစ်များကာ ရောဂါအတည်ပြုဖို့ လွတ်သွားတတ်ကြပါတယ်။ ရောဂါရာဇဝင် အသေးစိတ် မေးခြင်းဟာ အရေးကြီးပြီး အခုလောလောဆယ် ဖြစ်နေတဲ့ လက္ခဏာတွေကိုသာမက ရောဂါဖြစ်စေတဲ့ အချက်တွေကို ညွှန်ပြတဲ့ လက္ခဏာတွေကိုပါ ဖြေရှင်းသင့်ပါတယ်။ ရောဂါဖြစ်စေတဲ့ အချက်တွေကတော့ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုး၊ နှလုံးအဆို့ရှင် ရောဂါတို့ပဲ ဖြစ်ပါတယ်။ လူနာမှာအရင်က နှလုံးပုပ်ခြင်း ရှိလားဆိုတာ သိရှိဖို့ အရေးကြီးပါတယ်။

နှလုံးရောဂါကို သိရှိဖို့ ပထမဦးဆုံးအဆင့်ကတော့ အသေးစိတ် ရောဂါရာဇဝင် မေးခြင်းပဲ ဖြစ်ပါတယ်။ ရောဂါရာဇဝင်မေးခြင်းမှာ အရင်တုန်းက နဲ့ အခုလောလောဆယ် ရှိနေတဲ့ ရောဂါအခြေအနေတွေကိုပါ မေးမြန်းသင့်ပါတယ်။

သွေးပေါင်နဲ့ နှလုံးခုန်သံကို တိုင်းတာသင့်ပါတယ်။ သွေးပေါင်တက်ခြင်း၊ ပုံမှန်၊ ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။ ရောဂါ အခြေအနေ ဟာ သွေးပေါင်ကျတတ်တဲ့ လူနာ (90-100mmHg ထက်နည်း) တွေမှာ ဆေး (ACEI၊ beta blockers၊ ဆီးဆေးတွေ) မသောက်ရင် ပိုဆိုးနိုင်ပါတယ်။

History and Physical Exam for Heart Failure တွေကို ဘာကြောင့် လုပ်ကြတာလဲ။

ရင်ဘတ်အောင့်ခြင်းကို ခံစားရရင် နှလုံးရောဂါအတွက် စစ်ဆေးမှု လိုအပ်ပါတယ်။ စစ်ဆေးမှုဟာ ဆရာဝန်နဲ့ ပြသရင် ပုံမှန်ပြုလုပ်နေကျ အရာပဲဖြစ်ပါတယ်။

ပြင်ဆင်မှု

History and Physical Exam for Heart Failure ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

နှလုံးရောဂါကို စောစီးစွာ သိရှိခြင်းဟာ အခံရှိနေတဲ့ ရောဂါ သို့ အကြောင်းရင်းတွေကို အောင်မြင်စွာ ဖြေရှင်းဖို့ အရေးကြီးပါတယ်။ အချို့လူနာတွေမှာ နောက်ထပ်နှလုံးပျက်စီးခြင်း တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် စစချင်း ရောဂါသိရှိနိုင်ဖို့ ဟာခက်ခဲနိုင်ပါတယ်။ နှလုံးရောဂါ လက္ခဏာတွေဟာ ရောဂါလက္ခဏာ မရှိခြင်းကနေ နှလုံးရှောခ့်ရသည် အထိ ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါကို ခံစားနေရသူတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာသာ စစချင်း မှန်ကန်စွာ ရောဂါအမည်တပ်နိုင်ကြပါတယ်။ စနစ်တကျ ချဉ်းကပ်ခြင်းဟာ ဒီရောဂါကို သိရှိစေတဲ့ တိကျမှုကို တိုးတက်စေပါတယ်။

History and Physical Exam for Heart Failure တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

သင်အရင်တုန်ုးက ဖြစ်ခဲ့တဲ့ ရောဂါနဲ့ ကုသမှုတွေအကြောင်းကို အသေးစိတ် ပြင်ဆင်ထားသင့်ပါတယ်။ အရင်က နာမကျန်းမှု သေးသေးလေးဟာ သင့်အတွက် အရေးမကြီးခဲ့ရင်တောင် ဒီပြဿနာကို ဆရာဝန်က သိရှိခြင်းဟာ ရောဂါအတည်ပြုမှုမှာ အထောက်အကူ ပေးပါတယ်။ ဒါ့ပြင် အရင်က နဲ့ အခု ဖြစ်နေတဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိခြင်းဟာ သင့်ဆရာဝန်ကို အကောင်းဆုံး ဆုံးဖြတ်မှုမှာ ကူညီပေးနိုင်ပါတယ်။

ရောဂါရာဇဝင်မေးမြန်းခြင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လတ်တလော သောက်နေတဲ့ ဆေးတွေအကုန်ကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဆေး နာမည်တွေနဲ့ ပမာဏတွေကို ရေးချသွားတာ အကောင်းဆုံး ဖြစ်ပါတယ်။

သင့်ဆွေမျိုးတွေကိုလည်း အမျိုးထဲမှာ နှလုံးရောဂါ ဖြစ်ဖူးသူရှိသလားဆိုတာကို မေးမြန်းသင့်ပါတယ်။ တကယ်လို့ အမျိုးထဲမှာ အသက်ငယ်ငယ်နဲ့ နှလုံးရောဂါ ဖြစ်ဖူးသူ ရှိတယ်ဆိုရင် သင့်မှာလည်း ဒီလိုဖြစ်ဖို့ မျိုးရိုးရှိပါတယ်။ တကယ်လို့ မိသားစုဝင် အတော်များများမှာ နှလုံးရောဂါဖြစ်ပွားနိုင်တဲ့ အချက်တွေရှိတယ်ဆိုရင် (ဥပမာ သွေးတိုး၊ ဆီးချို) သင့်မှာလည်း ဒီရောဂါတွေ ဖြစ်ဖို့ ရာနှုန်းများတာမို့ နှလုံးရောဂါလည်း ပိုမို ဖြစ်နိုင်ပါတယ်။

စစ်ဆေးမှု

History and Physical Exam for Heart Failure နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

အရင်တုံးက ဖြစ်ခဲ့တဲ့ ရောဂါတွေ၊ အခုဖြစ်နေတဲ့ ရောဂါတွေအပြင် သင့်ဆရာဝန်က နှလုံးရောဂါ ဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ အချက်တွေကို သိလိုမှာ ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါဟာ နှလုံးရောဂါကို ဖြစ်စေတာမို့ နှလုံရောဂါဖြစ်စေတဲ့ အချက်တွေဟာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေတဲ့ အချက်တွေနဲ့ ဆင်တူပြီး ဆေးလိပ်သောက်ခြင်း၊ ဆီးချို၊ ကိုလက်စထရော တက်ခြင်း၊ သွေးတိုးခြင်း၊ အသက်ကြီးခြင်း၊ အမျိုးသား အစရှိတဲ့ အချက်တွေ ပါဝင်ပါတယ်။ အရက်အလွန်သောက်ခြင်းဟာလည်း နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။

ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးခြင်းတွေမှာ ဆရာဝန်ဟာ ရောဂါလက္ခဏာတွေ ဖြစ်တဲ့ မောခြင်း၊ ရောင်ခြင်း၊ ချောင်းဆိုးခြင်း၊ အခုလောလောဆယ် သို့ အရင်တုံးက နှလုံးရပ်ဖူးခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ဖူး ခြင်း၊ သွေးပေါင်တက်ခြင်း၊ ဆီးချို ဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု၊ အသက်ရှူခြင်း၊ အိပ်စက်ခြင်း၊ စားသောက်ခြင်းနဲ့ အခြားပုံမှန်လုပ်နေကျ အလုပ်တွေ အကြောင်းကို မေးမြန်းမှာ ဖြစ်ပါတယ်။

စမ်းသပ်စစ်ဆေးမှုရဲ့ အချို့အစိတ်အပိုင်းတွေဟာ နှလုံးရောဂါဖြစ်ကြောင်း သိရှိစေဖို့ ကူညီပေးပါတယ်။

• သွေးပေါင် (သို့) နှလုံးခုန်နှုန်း တိုင်းတာခြင်း

• လည်ပင်းက သွေးပြန်ကြော ဖောင်းရောင်ခြင်း ရှိမရှိ စစ်ဆေးခြင်း (သို့) နှလုံးကို ပြန်သွားတဲ့ သွေးကြောတွေအတွင်း သွေးပေါင်တက်ခြင်းသက်သေ။ သွေးကြောတွေ ဖောင်းရောင်ခြင်းဟာ ညာဘက်ခြမ်း နှလုံးပျက်စီးခြင်း (သို့) ဘယ်ဘက်ခြမ်း နှလုံး ပျက်စီးမှုများခြင်းကို ဖေါ်ပြပါတယ်။

• အသက်ရှူသံကို နားထောင်ခြင်း (အဆုတ် အသံများ)

• နှလုံးမှာ အသံပိုတွေကို နားထောင်ခြင်း

• ဗိုက်မှာ ရောင်ရမ်းမှု၊ အရည်ပြည့်တင်းမှု၊ အသည်းနေရာ နာကျင်မှု ရှိမရှိ စစ်ဆေးခြင်း

• ခြေထောက်၊ ခြေချင်းဝတ်နေရာတွေမှာ အရည်စုစည်းခြင်းကြောင့် ဖောရောင်ခြင်း

• ကိုယ်အလေးချိန်ကို တိုင်းတာခြင်း

စစ်ဆေးပြီးနောက်

History and Physical Exam for Heart Failure လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

သင့်ဆရာဝန်ဟာ သင့်ရောဂါအခြေအနေကို ဆွေးနွေးပြီး သင့်လျော်တဲ့ ကုသမှုတွေ ပေးမှာ ဖြစ်ပါတယ်။ တခါတရံမှာ သင့်ဆရာဝန်ဟာ ထပ်မံစစ်ဆေးမှုတွေကို တောင်းဆိုနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။

တကယ်လို့ စစ်ဆေးမှုတွေနဲ့ ရောဂါရာဇဝင်မေးခြင်းတွေရဲ့ အဖြေက နှလုံးရောဂါရှိတယ်လို့ ညွှန်ပြနေတယ်ဆိုရင် ရင်ဘတ် X-rays ဓါတ်မှန်၊ Echo၊ Electrocardiography အစရှိတာတွေကို ပြုလုပ်ပြီး နှလုံးအရွယ်အစား၊ ပုံသဏ္ဍာန်၊ လုပ်ငန်းဆောင်တာတွေကို စမ်းစစ်ကာ အရည်စုပုံခြင်းအတွင် အဆုတ်ကိုပါ စမ်းစစ်သင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

History And Physical Exam For Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ပုံမှန်

အဆုတ်နဲ့ နှလုံး အသံတွေဟာ ပုံမှန်ဖြစ်ပါတယ်။ သွေးပေါင်ဟာလည်း ပုံမှန်ဖြစ်ပါတယ်။ သင့်မှာ အရည်စုပုံခြင်း သို့ လည်ပင်းအတွင်း ရောင်ရမ်းနေတဲ့ သွေးကြော ရှိခြင်းတွေ မရှိပါဘူး။

လက္ခဏာတွေရဲ့ အခြားအကြောင်းရင်းတွေအတွက် အခြားစစ်ဆေးမှုတွေကိုလည်း ပြုလုပ်ရနိုင်ပါတယ်။

ပုံမှန်မဟုတ်တဲ့ တွေ့ရှိမှုများ

• သွေးပေါင်တက်ခြင်း (140/90 mmHg ထက်များခြင်း) သို့ သွေးပေါင်ကျခြင်း တွေ တွေ့နိုင်ပါတယ်။ သွေးပေါင်ကျခြင်းဟာ နှလုံးရောဂါ နောက်ဆုံးအဆင့်ရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

• ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်း

• နှလုံး ခုန်သံ အပိုသံ ။(နှလုံးအတွင်း ပုံမှန်မဟုတ်သော သွေးဖြတ်သန်းစီးဆင်းမှုကို ဖေါ်ပြပါတယ်။) နှလုံးအသံ အပိုတွေကို ကြားချင် ကြားရပါလိမ့်မယ်။

• နှလုံးခုန်တာကို ရင်ဘတ်ပေါ်က စမ်းသပ်တဲ့ အခါ (apex beat) ပုံမှန် ခံစားရတဲ့ နှလုံးထိပ်ပိုင်းမှာ မတွေ့ပဲ နေရာပြောင်းနေပါလိမ့်မယ်။ ဒါဟာ နှလုံးကြီးခြင်းကို ဖေါ်ပြပါတယ်။

• လည်ပင်း အကြောတွေ ဖောင်းရောင်နေခြင်း (သို့) လည်ပင်းသွေးကြောအတွင်း ပုံမှန်မဟုတ်သော သွေးစီးဆင်းခြင်းဟာ ညာဘက်နှလုံးအခန်းက သွေးပြောင်းပြန်စီးဆင်းမှုကို ဖေါ်ပြပါတယ်။

• အဆုတ်နေရာမှာ အသံတွေ ကြားရခြင်းဟာ အဆုတ်အတွင်းမှာ အရည်စုစည်းလို့ ဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်က သင့်ကို အသက်ပြင်းပြင်းရှူခိုင်းပြီး ဒီအသံတွေကို နားထောင်မှာ ဖြစ်ပါတယ်။

• အသည်းရောင်ခြင်း၊ ဗိုက်ညာဘက် အပေါ်ပိုင်းမှာ နာကျင်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ လေပွခြင်းတွေ ရှိနိုင်ပါတယ်။ ဒါဟာ သွေးတွေ ကိုယ်ခန္ဓါအတွင်း ပြန်တက်ခြင်းကို ဖေါ်ပြပါတယ်။

• ခြေထောက်၊ ခြေချင်းဝတ်၊ ခြေဖဝါး၊ ခါး အစရှိတဲ့နေရာတွေမှာ လဲလျောင်းနေရင် ရောင်ရမ်းနေပြီး ဒါဟာ အခြားအကြောင်းရင်းကြောင့် ဖြစ်တာမဟုတ်မှန်း သိသာပါတယ်။ အရည်စုပြုံခြင်းဟာ နေ့အတွင်းမှာ ဖြစ်ပြီး ညအချိန်မှာ ပျောက်သွားတတ်ပါတယ်။ နှလုံးရောဂါဟာ ပိုဆိုးလာနိုင်တာနဲ့အမျှ အရည်စုပြုံခြင်းဟာ ပျောက်သွားမှာ မဟုတ်ပါဘူး။

• အချို့လူတွေမှာ နှလုံးရောဂါရဲ့ အစောပိုင်းလက္ခဏာတွေကို စစ်ဆေးမှု တွေ့ရှိချက်တွေ မရှိပဲ ခံစားရတတ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Heart Attack Diagnosis: Medical History and Physical Exam http://www.emedicinehealth.com/heart_attack/page6_em.htm. Accessed July 4, 2016.

Essentials of the Diagnosis of Heart Failure http://www.aafp.org/afp/2000/0301/p1319.html. Accessed July 4, 2016.

History and Physical Exam for Heart Failure http://www.webmd.com/heart-disease/heart-failure/history-and-physical-exam-for-heart-failure?print=true. Accessed July 4, 2016.

ယခုပုံစံ

19/09/2019

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement