backup og meta

Arthroscopy Of Your Elbow (တံတောင်ဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းဆိုတာဘာလဲ

တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းနဲ့ အဆစ်အတွင်းမှာဘာပြသနာတွေဖြစ်နေလဲဆိုတာ ဆရာဝန်အနေနဲ့ အရေပြားမှာ ကြီးကြီးမားမားခွဲစိတ်စရာမလိုဘဲရောဂါရှာဖွေကုသနိုင်ပါတယ်။ နာကျင်မှုကိုသက်သာစေပြီးလျင်မြန်စွာပျောက်ကင်းစေပါတယ်။

အရိုးဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်း (သော့ပေါက် ခွဲစိတ်မှု) ဟာအဆစ်အတွင်းပိုင်းကိုစစ်ဆေးဖို့ အရေပြားမှာအပေါက်ငယ်ဖောက်ပြီးမှန်ဘီလူးနဲ့ထည့်သွင်းကြည့်ရှုပေးတဲ့ ကုသမှုအစီအစဉ်ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီးတချို့ရောဂါတွေကိုကုသပေးနိုင်ပါတယ်။

တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းဘာကြောင့် ပြုလုပ်သလဲ

ရည်ရွယ်ချက်ကတော့ ဘာဖြစ်နေသလဲဆိုတာတိကျစွာသိပြီးလိုအပ်ရင် တခါတည်းကုသပေးနိုင်ဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ဆရာဝန်ဟာ သင့်အနေနဲ့ မခွဲစိတ်ရတဲ့နည်းလမ်းနဲ့ နာကျင်တာမပျောက်ခဲ့ရင်ဒီနည်းကိုညွှန်ပါလိမ့်မယ်။

မခွဲစိတ်ရတဲ့နည်းဆိုတာအနားယူခြင်း၊ ကာယကုသခြင်း၊ သောက်ဆေးပေးခြင်း၊ ရောင်ရမ်းမှု ကျဆင်းအောင် ဆေးထိုးခြင်းစတာတွေ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းဆိုတာထိခိုက်မှု ဒါမှမဟုတ် ရောဂါအတွက် ကိုယ်ခန္ဓါကနေတုံ့ပြန်တဲ့ပုံမှန်ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ တံတောင်ဆစ်မှာဒဏ်ရာသို့ ရောဂါရနေပြီဆိုရင်ရောင်ရမ်းပြီးနာကျင်တောင့်တင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ဒဏ်ရာရခြင်း၊ အလွန်အကျွံသုံးခြင်း၊ အသက်အရွယ်အရပျက်စီးခြင်းစတာတွေဟာတံတောင်ဆစ်မှာအဓိကဒုက္ခပေးတဲ့ ပြသနာတွေပဲ ဖြစ်ပါတယ်။တံတောင်ဆစ်အတွင်းမှန်ပြောင်းနဲ့ စစ်ဆေးကုသခြင်းဟာအဆစ်ပတ်လည်ကအရိုးနုနဲ့တစ်သျှူးတွေကိုထိခိုက်စေတဲ့ ပြသနာကြောင့် ဖြစ်ရတဲ့ နာကျင်မှုတွေကိုသက်သာစေပါတယ်။ ဒီနည်းလမ်းဟာလျော့ရဲ့နေတဲ့ အရိုးနဲ့ အရိုးနုအပိုင်းအစတွေနဲ့ လှုပ်ရှားမှုကိုဟန့်တားတဲ့ အမာရွတ်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေကဘာတွေလဲ

တံတောင်ဆစ် အခြေအနေအမျိုးမျိုးအရသက်သာပျောက်ကင်းမှုဟာလည်းတယောက်နဲ့တယောက် မတူနိုင်ပါဘူး။

သာမန်ကုသရုံလောက်မှာ ကြပ်စည်းထားစရာမလိုဘဲသင့်လှုပ်ရှားမှုဟာအချိန်အနည်းငယ်အတွင်းပုံမှန် ပြန်ဖြစ်လာနိုင်ပါတယ်။ ကုသမှုလုပ်ထားပြီးရက်အနည်းငယ်အတွင်းလုပ်ငန်းခွင်၊ ကျောင်းသွားနိုင်ပါတယ်။

ပိုပြီးရှုပ်ထွေးတဲ့ အနေအထားဆိုရင်တော့ အချိန်ကြာ နိုင်ပါတယ်။ ဒီနည်းစနစ်မှာခွဲစိတ်ရာသေးငယ်ပေမယ့်အရွတ်အတွင်းက ကြီးမားတဲ့ ပျက်စီးမှုတွေကိုကုသပေးနိုင်ပါတယ်။

ခွဲစိတ်မှုမတိုင်ခင် ဘာဆိုးကျိုးတွေ ရှိနိုင်သလဲဆိုတာသင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ရောဂါရှာဖွေဖို့အတွက် ကွန်ပျူတာဓါတ်မှန်နှင့် သံလိုက်ဓါတ်မှန်တို့ကိုအစားထိုးနိုင်ပေမယ့် ရောဂါကုသဖို့တော့ မှန်ပြောင်းနဲ့ စစ်ဆေးကုသခြင်းကိုလိုအပ်ပါလိမ့်မယ်။

အောက်ပါနောက်ဆက်တွဲ ပြသနာတွေကိုသတိပြုသင့်ပါတယ်။

တံတောင်ဆစ်အအတွင်းမှန်ပြောင်းစစ်ဆေးခြင်းကြောင့် ဖြစ်နိုင်တဲ့ပြသနာတွေကတော့

  • အဆစ်အတွင်းသွေးယိုခြင်း
  • အဆစ်တွင် ရောဂါပိုးဝင်ခြင်း
  • ပြင်းထန်စွာနာကျင်ခြင်း၊ တောင့်တင်းခြင်း၊ လက်ကိုအသုံးမပြုနိုင်တော့ခြင်း
  • အာရုံကြောများထိခိုက်ခြင်း
  • ကြွက်သားအရွတ်ထိခိုက်ခြင်းစတာတွေ ဖြစ်ပါတယ်။

ဒီခွဲစိတ်မှုကိုမခံယူခင်မှာသတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကိုနားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းကိုမပြုလုပ်မီဘာတွေပြင်ထားရမလဲ

မေ့ဆေးပေးပြီးခွဲစိတ်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ခွဲစိတ်မှုမတိုင်မီလိုက်နာရန်အချက်တွေ (ဘယ်နှနာရီထိအစာစားနိုင်တယ် ဆိုတာမျိုး) ရှင်းလင်းစွာအသိပေးပါလိမ့်မယ်။ အများအားဖြင့် ဒီအစီအစဉ်မတိုင်မီ ၆နာရီအလိုက စပြီးအစာမစားရတော့ပါဘူး။ ခွဲစိတ်မှုမတိုင်မီနာရီအနည်းငယ်အထိအရည်တမျိုးမျိုးသောက်နိုင်ပါတယ်။

လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ပြုလုပ်နေစဉ် ဘာဖြစ်နိုင်လဲ

ခွဲစိတ်မှုဟာမိနစ် ၄၀ ထိ ကြာနိုင်ပါတယ်။

ခွဲစိတ်ဆရာဝန်ဟာ ပခုံးဆစ်ဝန်းကျင်မှာ ၂နေရာကနေ ၄နေရာခန့်အထိခွဲပါလိမ့်မယ်။ ပြီးရင် ခပ်သေးသေးမှန်ဘီလူးတခုကိုခွဲထားတဲ့နေရာကနေအဆစ်အတွင်းကိုထည့်သွင်းပါလိမ့်မယ်။

တခြားနေရာကနေခွဲစိတ်ကိရိယာကိုထည့်သွင်းပြီးပြသနာရှိတဲ့နေရာတွေကိုကုသနိုင်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

ခွဲစိတ်ပြီးဘာတွေဖြစ်နိုင်သလဲ

ခွဲတဲ့နေ့မှာပဲအိမ်ပြန်နိုင်ပါတယ်။

ကာယကုထုံးကျွမ်းကျင်သူဟာသင့်ကိုသက်သာလာစေဖို့ ဘယ်လေ့ကျင့်ခန်းတွေ လုပ်ရမယ် ဆိုတာပြောပါလိမ့်မယ်။ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ရက်သတ္တပတ် အနည်းငယ် ကြာနိုင်ပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာပုံမှန်လှုပ်ရှားသွားလာနိုင်တဲ့ အနေအထားကို မြန်မြန် ရောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

လူအများစုဟာသက်သာကောင်းမွန်ပေမယ့် နာကျင်မှုကိုသက်သာစေဖို့၊ လှုပ်ရှားမှု တိုးတက်လာစေဖို့ အချိန်တော့ ယူရပါတယ်။ တခါတလေလက္ခဏာတွေ ပြန်ပေါ်လာတတ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Arthroscopy. https://www.betterhealth.vic.gov.au/health/conditionsandtreatments/arthroscopy.
Accessed 30 May, 2016.

Arthroscopy of the wrist. https://www.nlm.nih.gov/medlineplus/ency/article/007585.htm.
Accessed 30 May, 2016.

ယခုပုံစံ

12/05/2020

Written by Dr. Thant Zin


ဆက်စပ် အကြောင်းအရာများ

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ

ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement