Albumin စစ်ဆေးခြင်းသည် သွေးတွင်း၌ရှိသော ပရိုတင်း Albumin များခြင်းကို အသည်းရောဂါရှိမရှိသိရန်အတွက် စစ်ဆေးခြင်းဖြစ်သည်။
Albumin သည် ပရိုတင်းတစ်မျိုးဖြစ်ပြီး အသည်းတွင်း၌ ဖြစ်ပေါ်ပါသည်။ ခန္ဓါကိုယ်တစ်ခုလုံးတွင်ရှိသော ပရိုတင်းအားလုံး၏ ၆၀ % သည် Albumin ဖြစ်သည်။ သွေးထဲ၌ရှိသော Albumin ၏ အဓိကအသုံးသည် colloidal osmotic ဖိအားကိုထိန်းပြီး သွေးကြောများအတွင်း၌ ရေများတည်မြဲစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့အပြင် Albumin သည် ဆေးများ၊ ဟော်မုန်းများနှင့် အင်ဇိုင်းများတို့ကဲ့သို့ ခန္ဓါကိုယ်အတွက်အရေးကြီးသည့် ပစ္စည်များအား သယ်ယူပို့ဆောင်ရန်အတွက်လဲ ဆောင်ရွက်ပါသေးသည်။
Albumin အားအသည်းမှထုတ်သောကြောင့် အသည်း၏လုပ်ငန်းအားစစ်ဆေးရန်အတွက် စံပင်ဖြစ်သည်။ အသည်းဆဲလ်များအား ရောဂါများမှ ထိခိုက်စေသည့်အခါ အသည်းဆဲလ်များသည် Albumin ထုတ်လုပ်နိုင်စွမ်းပျောက်သွားလေ၏။ သွေးထဲမှ Albumin လယ်ဗယ်သည်လည်း များစွာကျသွားမည်။ သို့သော် Albumin ပျက်စီးရန်ကြာချိန်သည် ၁၂ မှ ၁၈ ရက်အထိကြာပါသည်။ အစောပိုင်းအသည်းထိခိုက်ခြင်းအဆင့်များတွင် သွေးတွင်း Albumin လယ်ဗယ်သည် သိသာအောင်လျော့ကျနေမည်မဟုတ်ပါ။
သွေးတွင်း၌ Albumin ပမာဏအားတိုင်းတာခြင်းသည် သင်ဆေးရုံတက်ရပါက ပုံမှန်စစ်ဆေးရမည့်အရာတစ်ခု ဖြစ်သည်။
အသည်းရောဂါအခြေအနေများအပြင် သွေးတွင်း Albumin သည် အာဟာရချို့တဲ့ခြင်း၊ အထူးသဖြင့် ခွဲစိတ်မှုလုပ်ပြီးစ အခြေအနေများတွင် သိသိသာသာ လျော့ကျနေနိုင်ပါသည်။ မီးလောင်ခြင်း၊ အူရောဂါများ၊ ဆီးမှပရိုတင်းများစွန့်ထုတ်စေသော ရောဂါများတွင် ပရိုတင်းလုံလုံလောက်လောက်စားသော်လည်း သွေးတွင်း Albumin ကျနေမည်ဖြစ်သည်။
ဒီစစ်ဆေးချက်အား အောက်ပါအခြေအနေများတွင် လုပ်ရန်လမ်းညွှန်နိုင်ပါသည်။
• ကျောက်ကပ်နှင့်အသည်း ကောင်းမွန်စွာအလုပ်မလုပ် စစ်ဆေးရန်
• သင်၏အစားအသောက်တွင် လုံလောက်သည့် နိုက်ထရိုဂျင် ပါမပါကြည့်ရန်
• ခြေကျင်းဝတ်တွင်ဖောရောင်ခြင်း၊ ဝမ်းဗိုက်အတွင်အရည်များစုခြင်း၊ အဆုတ်တွင် အရည်များစုခြင်းတို့အား ဖြစ်စေသည့်အကြောင်းရင်းရှာရာတွင် ကူညီဆုံးဖြတ်နိုင်ရန်
ပရိုတင်း Albumin စစ်ဆေးခြင်းအပေါ် သက်ရောက်နိုင်သည်အချက်များ
• လက်မောင်းပတ်ထားခြင်းသည် စစ်ဆေးသည်အခါ Albumin ပမာဏကို တိုးစေနိုင်သည်။
• သွေးသွင်းထားသည့်နေရာနှင့် နီးကပ်စွာသွေးဖောက်ယူလျှင် တကယ့် Albumin ပမာဏထက် နည်းပါးနိုင်သည်။ ထို့အတူ အကြောဆေးသွင်းခြင်းသည်လဲ တကယ်ရှိသည်ထက် Albumin ပမာဏ ပိုနည်းနိုင်ပါသေးသည်။
• Albumin ပမာဏမြင့်စေသည့်ဆေးများတွင် anabolic steroids, androgens (ကျားဟော်မုန်း), နှင့် steroids ကဲ့သို့ အရောင်ကျဆေးများ, dextran, supplements, ကြီးထွားဟော်မုန်း, အင်ဆူလင်, Phenazopyridine နှင့် progesterone တို့ ပါဝင်ပါသည်။
• Albumin လယ်ဗယ်ကိုကျစေသည့်ဆေးများတွင် အမိုနီယမ် အိုင်ရွန်း၊ estrogen (မဟော်မုန်း)၊ အသည်းထိစေသည့်ဆေးများနှင့် သန္ဓေတားသောက်ဆေးများပါဝင်ပါသည်။
• ရေဓါတ်ခမ်းခြောက်နေသည့် လူနာများတွင် တကယ့်အမှန်ထက် Albumin ပမာဏ ပိုများနေနိုင်သည်ကို သတိထားပါ။
ဒီစမ်းသပ်ချက်အားမလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန်အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Albumin ပရိုတင်းအားမစစ်ဆေးမီ ဆရာဝန်မှ သင့်ကျန်းမားရေးအခြေအနေကိုမှတ်သားပါလိမ့်မည်။ အထူးပြင်ဆင်စရာရှိမရှိကို ဆရာဝန်အား မေးမြန်းနိုင်ပါသည်။
အထက်တွင်စာရင်းပြုထားသောဆေးများသည် Albumin လယ်ဗယ်ကို သက်ရောက်စေနိုင်ပါသည်။ သင်သောက်နေသည့်ဆေးများရှိလျှင် ဆရာဝန်အားအသိပေးသည်မှာ အကောင်းဆုံးပင်ဖြစ်သည်။ သင့်ဆရာဝန်မှ စဉ်းစားချင့်ချိန်ကာ သွေးမစစ်ခင် ရပ်ထားရမည့်ဆေးများကို ပြောပါလိမ့်မည်။
လက်ဖျံမှသွေးကို သူနာပြုများအလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကိုဝတ်ဆင်သင့်သည်။
စစ်ဆေးမှုအထမြောက်စေရန်အတွက် ဆရာဝန်သည် အောက်ပါတို့ကိုဆောင်ရွက်နိုင်ပါသည်။
• သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း
• အပ်ထိုးသည့်နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့်ပိုးသတ်ခြင်း
• သွေးပြန်ကြောထဲသို့အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထပ်ပိုပြီး စိုက်ပါလိမ့်မည်။
• ပိုက်နှင့်သွေးကိုယူခြင်း
• လိုအပ်သည့်ပမာဏရပါက လက်မောင်းတွင်ပတ်ထားသည့် တိပ်များကိုဖယ်ခြင်း
• အပ်စိုက်ရာတွင် ပတ်တီး သို့ ဂွမ်းဖြင့်ဖိခြင်း
• Urgo ဆေးများသုံးခြင်း
ဆီးစစ်ဆေးရန်အတွက် သင်အားအောက်ပါတို့လုပ်ရန် ညွှန်ကြားပါလိမ့်မည်။
• ၂၄ နာရီအတွင်း ဆီးများကိုစုထားပါ
• ဆီးနှင့်ဝမ်းမရောအောင်ရှောင်ကြဉ်ပါ
• ဆီးနမူနာများထဲသို့ အိမ်သာသုံးတစ်ရှူးများ မထည့်ပါနှင့်
• ရေခဲသေတ္တာထဲတွင် ဆီးနမူနာအား ၂၄ နာရီကြာအောင်သိမ်းပါ
• နောက်ဆုံးဆီးအား ၂၄ နာရီပြည့်ခါနီးတွင် ယူပေးပါ
အပ်စိုက်ရာတွင် နာကျင်မည်မဟုတ်ပါ။ တစ်ချို့သူများတွင် အရေပြားအားအပ်နှင့်ထိုးသည့် နာကျင်မှုကိုခံစားရနိုင်သည်။ သို့သော် အပ်သွေးပြန်ကြောထဲရောက်ပြီး သွေးစုပ်ယူနေချိန်တွင် လူအများစုသည် နာကျင်မှုကိုမခံစားရတော့ပါ။ ယေဘုယျအားဖြင့် သင်၏နာကျင်မှုလယ်ဗယ်သည် သူနာပြု၏ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏အခြေအနေနှင့် သင်၏နာကျင်မှုကိုခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။
သွေးထုတ်ယူပြီးနောက် ပတ်တီးစကိုသုံးပြီး အပ်စိုက်သည့်နေရာကိုဖိကာ သွေးတိတ်ရပ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။
Albumin စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
အရွယ်ရောက်ပြီးသူ/အသက်ကြီးသူ:
စုစုပေါင်း ပရိုတင်း 6,4-8,3 g/dL or 64-83 g/L (SI units)
Albumin 3,5-5 g/dL or 35-50 g/L (SI units)
Globulin 2,3-3,4 g/dL
Alpha1 globulin: 0,1-0,3 g/dL or 1-3 g/L (SI units)
Alpha2 globulin: 0,6-1 g/dL or 610 g/L (SI unites)
Beta globulin: 0,7-1,1 g/dL or 7-11 g/L (đơn vị SI)
ကလေး:
Total protein Albumin
နေမစေ့လမစေ့ဖွား 4,2-7,6 g/dL 3-4,2 g/dL
မွေးကင်းစ 4,6-7,4 g/dL 3,5-5,4 g/dL
တစ်နှစ်သား 6-6,7 g/dL 4,4-5,4 g/dL
တစ်နှစ်အထက်ကလေးများ 6,2-8 g/dL 4-5,9 g /dL
သင့်သွေးထဲ၌ Albumin ပမာဏမြင့်တက်နေလျှင် အောက်ပါတို့ကြောင့်ဖြစ်နိုင်သည်။
• ရေဓါတ်ခမ်းခြောက်ခြင်း
• ပရိုတင်းအစားအသောက်
• သွေးလှူထားခြင်း သို့မဟုတ် လက်မောင်းပတ်အကြာကြီးပတ်ထားပြီးမှ သွေးစစ်ခြင်း
Albumin နည်းရခြင်းမှာအောက်ပါတို့ကြောင့် ဖြစ်နိုင်သည်။
• အာဟာရချို့တဲ့ခြင်း
• ကျောက်ကပ်ရောဂါများ
• အသည်းရောဂါများ
• မိမိကိုယ်ခံအားမှကိုယ့်ကိုယ်ကို ပြန်တိုက်ခိုက်သောရောဂါများ (lupus သို့မဟုတ် လေးဘက်နာနှင့်တူသော အဆစ်အမြစ်ရောင်ခြင်း)
• အူများမှ ကောင်းကောင်းမစုပ်ယူနိုင်သည့်ရောဂါ (Crohn ၏ရောဂါ)
• ဟော့ကင်းလင်ဖိုးမား
• သိုင်းရွိုက်ဓါတ်နည်းခြင်း (သိုင်းရွိုက်ဟော်မုန်း အထုတ်နည်းခြင်း)
• Heart Failure
ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး Albumin ပုံမှန်တန်ဖိုးသည် တူညီမည်မဟုတ်ပါ။ ရလဒ်နှင့်ပတ်သတ်၍သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။