backup og meta

Rigid Cystoscopy For Women (အမျိုးသမီးတွေအတွက် Rigid cystoscopy ခေါ် ဆီးအိမ်တွင်း မှန်ပြောင်းကြည့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

အမျိုးသမီးတွေအတွက် Rigid cystoscopy ခေါ် ဆီးအိမ်တွင်း မှန်ပြောင်းကြည့်ခြင်း ဆိုတာဘာလဲ။

Rigid Cystoscopy ဟာ မာကျောတဲ့ telescope ကို အသုံးပြုပြီး ဆီးအိမ်အတွင်းပြဿနာတွေကို စစ်ဆေးတဲ့ procedure တစ်ခုဖြစ်ပါတယ်။ တခါတရံမှာ ဆီးအိမ်ပြဿနာတွေနဲ့ ဆီးပြွန်ပြဿနာတွေကို တစ်ခါတည်းကုသနိုင်ပါတယ်။

Cystoscopy ကို နာကျင်မှုရှိရင်၊ ဆီးအတွင်းသွေးပါရင်၊ ရောဂါပိုးဝင်ခြင်း ထပ်ခါထပ်ခါ ဖြစ်နေရင်၊ ဆီးအိမ်ဒုက္ခပေးရင် အသုံးပြုနိုင်ပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Rigid cystoscopy for women တွေကို ဘာကြောင့် လုပ်ကြတာလဲ။

တကယ်လို့ ဆရာဝန်က သင့်မှာ ဆီးအိမ်ပြဿနာရှိတယ်လို့ သံသယရှိရင် Cystoscopy ကို ပြုလုပ်သင့်ပါတယ်။ ဥပမာ ဆီးအတွင်းသွေးမြင်ရရင်၊ မကြာခဏ ရောဂါပိုးဝင်ရင်၊ ဆီးကို ထိန်းမထားနိုင်ပဲ ဆီးသွားချင်စိတ်ဖြစ်ရင်၊ ဆီးသွားခြင်းကို မထိန်းနိုင်တော့ရင် ပြုလုပ်နိုင်ပါတယ်။

တကယ်လို့ သင့်ဆရာဝန်က မာကျော်တဲ့ Cystoscopy ပြုလုပ်စဉ်မှာ ပုံမမှန်ခြင်းတွေကို တွေ့ရှိတယ်ဆိုရင် အသားစယူခြင်း၊ endoscope နဲ့ ကုသခြင်းတွေ လုပ်နိုင်ပါတယ်။

တကယ်လို့ အဖြေက ပုံမှန်ဆိုရင်တော့ ဆရာဝန်က သင့်ကို သက်တောင့်သက်သာ နေနိုင်ကြောင်းပြောပါလိမ့်မယ်။

ကြိုတင်ပြင်ဆင်ခြင်း

Rigid cystoscopy for women ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

သင့်ဆရာဝန်က Cystoscopy လုပ်ဖို့အကြံပေးပေမယ့် ဆုံးဖြတ်ချက်က သင့်ပေါ်မူတည်ပါတယ်။

တကယ်လို့ cystoscopy မလုပ်ဘူးဆိုရင် ဘာတွေဖြစ်လာမှာလဲ။

သင့်ဆရာဝန်က ဘာပြဿနာလဲဆိုတာ အဖြေရှာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မလုပ်ဘူးလို့ ဆုံးဖြတ်မယ်ဆိုရင် ဆရာဝန်နဲ့ သေချာဆွေးနွေးသင့်ပါတယ်။

Rigid cystoscopy အစား အခြားအသုံးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါသလား။

CT scan ဟာ ပြဿနာရဲ့ အကြောင်းရင်းအချို့ကို သိနိုင်ပေမယ့် Cystoscopy ကတော့ ရောဂါအမည်တပ်နိုင်စေပါတယ်။

ဆီးအိမ်နံရံရဲ့ ပုံမမှန်မှုအချို့ကို Rigid Cystoscopy နဲ့သာ မြင်နိုင်ပါတယ်။

ထုံဆေးဂျယ်ကိုသာ လိုအပ်တဲ့ ပျော့ပြောင်းတဲ့ cystoscopy လည်း ပြုလုပ်နိုင်ပါတယ်။

ဒါပေမယ့် ဆရာဝန်ဟာ ပျော့ပြောင်းတဲ့ ပြွန်ကို အသုံးပြုရင် အချို့ပြဿနာတွေကို ကုသနိုင်ခြင်းမရှိပါဘူး။

ခွဲစိတ်မှုမလုပ်ခင် ဆိုးကျိုးတွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့်မှာ မေးစရာရှိရင် ဆရာဝန် (သို့) ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Rigid cystoscopy for women တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

သင့်ဆရာဝန်ကို သင်သောက်နေတဲ့ဆေးတွေအကြောင်းကို ပြောပြသင့်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။ သွေးမခဲဆေး warfarin (သို့) clopidogrel (သွေးခဲခြင်းကို တားမြစ်တဲ့ဆေးများ) ကို ခွဲစိတ်မှု မပြုခင် ရပ်တန့်သင့်ပါတယ်။

တကယ်လို့ သင့်မှာ ဆီးချိုရှိတယ်ဆိုရင် Cystoscopy မလုပ်ခင် ထိန်းချုပ်ထားဖို့ အရေးကြီးပါတယ်။ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။

တကယ်လို့ သင်ဟာ သွေးပေါင်ထိန်းဖို့အတွက် beta-blockers တွေကို သောက်နေတယ်ဆိုရင် ပုံမှန်အတိုင်းဆက်သောက်သင့်ပါတယ်။

ဆေးလိပ်သောက်တယ်ဆိုရင်တော့ Cystoscopy မလုပ်မီ ရက်သတ္တပတ်ပေါင်းများွာ ကြိုတင်ပြီး ဆေးလိပ်သောက်ခြင်းကို ရပ်တန့်မှသာ နောက်ဆက်တွဲဆိုးကျိုးတွေကို လျှော့ချနိုင်ပြီး ရေရှည်ကျန်းမာရေးကို တိုးတက်စေနိုင်မှာ ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

Rigid cystoscopy for women နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

Cystoscopy ကို မေ့ဆေး (သို့) ခါးထုံဆေးကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ဒီဖြစ်စဉ်ဟာ မိနစ် ၃၀ ထက်နည်းပြီး ကြာမြင့်နိုင်ပါတယ်။

သင့်ဆရာဝန်က Cystoscope ကို ဆီးအိမ်မှတစ်ဆင့် ထည့်လိုက်မှာ ဖြစ်ပါတယ်။ သူတို့ဟာ ဆီးအိမ်နံရံမှ ပြဿနာတွေကို ရှာဖွေဖို့နဲ့ လိုအပ်ရင် အသားစယူဖို့ Cystoscope ကို အသုံးပြုနိုင်ပါတယ်။ တကယ်လို့ သင့်ဆရာဝန်က အကျိတ်အသေး (သို့) ကျောက်တုံးကိုတွေ့တယ်ဆိုရင် Cystoscope မှတစ်ဆင့် ဖယ်ရှားနိုင်ပါတယ်။

Rigid cystoscopy for women လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

Cystoscopy လုပ်ပြီးတဲ့ တစ်နေ့တည်းမှာ ထုံဆေး၊ မေ့ဆေးက ပြန်ကောင်းပြီး ဆီးသွားနိုင်ပြီဆိုရင် အိမ်ပြန်နိုင်ပြီ ဖြစ်ပါတယ်။

ဆရာဝန်က အခြားမညွှန်ကြားရင် cystoscopy လုပ်အပြီး နောက်ရက်မှာ အလုပ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို နေ့စဉ်လှုပ်ရှားမှုကို အမြန်ဆုံးပြန်လုပ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်မီ ကျန်းမာရေးစောင့်ရှောက်သူ (သို့) ဆရာဝန်ကို အကြံဉာဏ်တောင်းသင့်ပါတယ်။

Cystoscope ကြည့်ပြီးချိန်မှာ ဘာတွေ့လဲဆိုတာကို ကျန်းမာရေးစောင့်ရှောက်သူက ပြောပြမှာ ဖြစ်ပြီး ကုသမှုနဲ့ လိုအပ်တဲ့ follow-up ကို စီစဉ်ပေးမှာ ဖြစ်ပါတယ်။

ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

အဖြေကိုသိရှိခြင်း

အဖြေတွေက ဘာကို ဆိုလိုတာလဲ။

Cystoscopy လုပ်နေစဉ်နဲ့ လုပ်အပြီးမှာ ဆီးသွားစဉ် သွေးစအနည်းငယ်ကို တွေ့ရနိုင်ပါတယ်။ Cystoscopy လုပ်စဉ် အသားစယူတဲ့အမျိုးသမီးအများစုမှာလည်း ဆီးသွားစဉ် သွေးစတွေကို မြင်ရနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူက ဆီးအိမ်အတွင်းကို ဆီးပိုက်ထည့်ပြီး ရေထည့်ပေးခြင်းအားဖြင့် သွေးစတွေကို ဆေးချနိုင်ပြီး ကျန်ရှိနေတဲ့ သွေးခဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ရောဂါပိုးဝင်ခြင်း – တကယ်လို့ မကြာခဏ ဆီးသွားလိုပြီး တစ်ခါသွားရင် မသက်မသာနဲ့ ဆီးအနည်းငယ်သာ သွားတယ်ဆိုရင် သင့်မှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ဆိုးရွားလာတယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ပိုးသတ်ဆေးနဲ့ ကုသဖို့ လိုအပ်နိုင်ပါတယ်။

ဆီးပြွန်ကျဉ်းခြင်း – ဆီးပြွန်အတွင်း အမာရွတ်တစ်ရှူး ဖြစ်ပေါ်မှုကြောင့် ဖြစ်ပါတယ်။ ဒါဟာ Cystoscopy ပထမဆုံးအကြိမ် လုပ်အပြီးမှာ ပုံမှန်ဖြစ်ပါတယ်။ ဒါဖြစ်လာခဲ့ရင် ခွဲစိတ်ပြီး ဖယ်ထုတ်ဖို့လိုပါတယ်။ ဖြစ်ဖို့ရာနှုန်းကတော့ လူနာအယောက် ၁၀၀၀ မှာတစ်ယောက် ဖြစ်ပါတယ်။

သင့်မှာ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Rigid Cystoscopy (female). Urology and Healthcare. http://urologyandhealthcare.com/downloads/pdfs/UR11-Rigid-Cystoscopy-in-female.pdf. Accessed July 5, 2016.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement