ခွဲစိတ်ဒဏ်ရာမှာအူကျွံခြင်းကသင့်ရဲ့ဝမ်းဗိုက်အားနည်းမှုကြောင့်အရင်ခွဲထားတဲ့ဒဏ်ရာကအနာမကျက်တဲ့အခါဖြစ်ပါတယ်။ တကယ်လို့မကုသဘဲထားခဲ့ရင်ဒီပြဿနာကပြင်းထန်တဲ့ကျန်းမာရေး နောက်ဆက်တွဲ အခြေအနေတွေဖြစ်စေပါတယ်။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
ခွဲစိတ်ဒဏ်ရာမှာအူကျွံခြင်းကသင့်ရဲ့ဝမ်းဗိုက်အားနည်းမှုကြောင့်အရင်ခွဲထားတဲ့ဒဏ်ရာကအနာမကျက်တဲ့အခါဖြစ်ပါတယ်။ တကယ်လို့မကုသဘဲထားခဲ့ရင်ဒီပြဿနာကပြင်းထန်တဲ့ကျန်းမာရေး နောက်ဆက်တွဲ အခြေအနေတွေဖြစ်စေပါတယ်။
သင့်ရဲ့ဝမ်းဗိုက်မှာလုပ်တဲ့ခွဲစိတ်မှုတိုင်းကခွဲပြီးအပ်နဲ့ပြန်ချုပ်ရပါတယ်။ တစ်ခါတစ်လေအဲဒီဒဏ်ရာက တော်ရုံမကျက်ပါဘူး။ အဲအခါကျရင်သင့်ဗိုက်ထဲကအရာတွေကအပြင်ကိုတိုးထွက်လာပါတယ်။ အဲဒါကအူကျွံစေပါတယ်။
အူကျွံတာကအနရာယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့သင့်ရဲ့အူနဲ့တခြားအစိတ်အပိုင်းတွေကညှပ်ပိတ်နေပြီးသူတို့အတွက် သွေးအထောက်အပံ့လမ်းကြောင်းကိုပိတ်မိသွားသလိုဖြစ်နိုင်ပါတယ်။ ထိုသို့ဖြစ်ပါက ကျွံနေသော အူအပိုင်းသည် ပုပ်သွားနိုင်ပါတယ်။
သင့်မှာအူကျွံရောဂါမရှိတော့ပါဘူး။ ဒီခွဲစိတ်မှုကတခြားဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကိုလည်းမဖြစ်စေတော့ပါဘူး။
တကယ်လို့သင့်ရဲ့အူကပိတ်မိနေတာပဲဖြစ်ဖြစ်ပိတ်မိနေတဲ့အူတွေကလိမ်နေပြီး သွေးအထောက်အပံ့မရတော့တာဘဲဖြစ်ဖြစ်ဗိုက်ဖွင့်ပြီးခွဲစိတ်မှုကိုလုပ်ဖို့လိုပါလိမ့်မယ်။
အလွန်အမင်းအဝလွန်နေတဲ့သူတွေလည်းဗိုက်ဖွင့်ပြီးခွဲဖို့ကိုပြုလုပ်ပြီးဗိုက်သားနံရံကနေအဆီတစ်ရှူးတွေကိုဖယ်ထုတ်ဖို့လိုပါတယ်။ မှန်ပြောင်းခွဲစိတ်မှုပဲဖြစ်ဖြစ်၊ ဗိုက်ဖွင့်ပြီးခွဲစိတ်မှုပဲဖြစ်ဖြစ် နှစ်ခုလုံးမှာအူထပ်မကျွံအောင် ဇကာကွက် (mesh)ကိုအသုံးပြုချင်ပြုပါလိမ့်မယ်။အူကျွံတာသည် ပြန်ဖြစ်နိုင်သည်ဆိုတာကိုတော့ သိထားဖို့လိုပါတယ်။
ဗိုက်ဖွင့် ခွဲစိတ်မှုမှာက ဆေးရုံမှာအကြာကြီးနေရလောက်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ခွဲစိတ်ပြီးနာကျင်မှု၊ဒဏ်ရာနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာများ နဲ့ ပျောက်ကင်းချိန်ကြာခြင်းတွေကြောင့်ဘဲဖြစ်ပါတယ်။
သင့်အနေနဲ့အူကျွံခြင်းကိုတစ်ခါတစ်လေထိန် း ထားနိုင်ပေမယ့်ခွဲစိတ်မှုမလုပ်ဘဲပြန်ကောင်းလာဖို့တော့မရှိပါဘူး။
သင့်အနေနဲ့သင်သိပ်မကြာခင်က သောက်နေတဲ့ဆေးတွေ၊ဓါတ်မတည့်တာတွေနဲ့တခြားကျန်းမာရေးအခြေအနေတွေကိုဆရာဝန်ဆီပြောပြထားရပါမယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်နဲ့လည်းတွေ့ပြီးအစီအစဉ်ချရပါမယ်။ ခွဲစိတ်မှုမတိုင်ခင်ဘယ်အချိန်မှာစားတာသောက်တာရပ်ရမလဲစတဲ့ညွှန်ကြားချက်တွေကိုလိုက်နာဖို့အရေးကြီးပါတယ်။
သင့်ကိုဆရာဝန်ကခွဲစိတ်မှုအတွက်ပြင်ဆင်ဖို့နဲ့ပတ်သက်ပြီးရှင်းလင်းတဲ့ညွှန်ကြားချက်တွေပေးပါလိမ့်မယ်။ဥပမာ – ခွဲစိတ်မှုမစခင်အစာစားလို့ရမရဆိုတာမျိုးပေါ့။ အများအားဖြင့်ခွဲစိတ်မှုမစခင်ခြောက်နာရီမှာသင်ဘာမှမစားရတော့ပါဘူး။ နာရီအနည်းငယ်အလိုထိတော့ ကော်ဖီလိုအရည်တွေတော့ သောက်လို့ရပါသေးတယ်။
မေ့ဆေးပေးပြီးပြုလုပ်မှာဖြစ်ပြီးမိနစ်၉၀ လောက်ကြာပါတယ်။
ခွဲစိတ်ဆရာဝန်ကအရင်ခွဲရာအဟောင်းမှာထပ်ခွဲမှာဖြစ်ပါတယ်။ သူတို့ကအားနည်းနေတဲ့တစ်ရှူးတွေကိုချုပ်ရိုးတွေနဲ့ဘဲဖြစ်ဖြစ်ခွဲစိတ်ခန်းသုံးဇကာကွက် (mesh)ကိုသုံးပြီးကြွက်သားတွေနဲ့တွဲချုပ်လိုက်တာဘဲဖြစ်ဖြစ်လုပ်ဆောင်ပါမယ်။
ခွဲစိတ်ပြီးတစ်ရက်ကနေလေးရက်အတွင်းသင်အိမ်ပြန်နိုင်ပါပြီ။ ပထမရက်အနည်းငယ်အတွင်းလမ်းတဖြည်းဖြည်းတိုးပြီးလျှောက်သွားပါ။
သင့်ဆရာဝန်ကသင်ဘယ်အချိန်အလုပ်ပြန်သွားနိုင်မလဲ ဆိုတာကိုပြောပါလိမ့်မယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်တာကသင့်ကိုမြန်နိုင်သမျှအမြန်ဆုံးပုံမှန်ပြန်ဖြစ်ဖို့ကူညီပါလိမ့်မယ်။ လေ့ကျင့်ခန်းစမလုပ်ခင်ဆရာဝန်ဆီကအကြံတောင်းပါ။
ခွဲစိတ်ဒဏ်ရာမှအူကျွံခြင်းပြုပြင်ခွဲစိတ်မှုပြုလုပ်ပြီးရင်နာတာရှည် နောက်ဆက်တွဲ ပြဿနာတွေဖြစ်ခဲပါတယ်။ ရေတိုနောက်ဆက်တွဲ ပြဿနာတွေကတော့ အရင်ကခွဲစိတ်မှုတွေလုပ်ထားဖူးတဲ့၊အရင်ကခွဲစိတ်ခန်းသုံးဇကာကွက် (mesh) ထည့်ထားဖူးတဲ့အဝလွန်သူတွေမှာပိုအဖြစ်များပါတယ်။
ခွဲစိတ်မှုအပြီးဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့
သင့်အနေနဲ့ဒီရှုပ်ထွေးမှုတွေဖြစ်နိုင်ခြေကိုခွဲစိတ်မှုပြင်ဆင်ဖို့ဆရာဝန်ညွှန်ကြားချက်တွေကိုလိုက်နာပြီးလျှော့ချနိုင်ပါတယ်။ဥပမာ – ဘယ်အချိန်အစားအသောက်ရပ်ရမယ်၊ဘယ်ဆေးတွေသောက်တာရပ်ရမယ်ဆိုတာမျိုးပေါ့။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။