backup og meta

အဆီကျစေတဲ့ ဆေးသွင်းခြင်းဟာ သင့်အတွက် သင့်လျော်ပါသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီကျစေတဲ့ ဆေးသွင်းခြင်းဟာ သင့်အတွက် သင့်လျော်ပါသလား

    ကိုယ်ခန္ဓါကို အာဟာရဖြည့်တင်းဖို့အတွက် drip သွင်းခြင်း၊ သွေးပြန်ကြောအတွင်း သွင်းခြင်းဟာ ထိရောက်တဲ့ နည်းတစ်ခုဖြစ်တယ်ဆိုတာ သင်ကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။

    ဒါပေမယ့် အဆီကျဆင်းအောင် အသုံးပြုတဲ့ drip ရှိတယ်ဆိုတာရော သိပါသလား။ သူဟာ စိတ်ချရပြီး ရိုးရှင်းတဲ့နည်းဖြစ်ပါတယ်။ ဒါပေမယ့် အချို့အခြေအနေတွေ လိုအပ်ပါတယ်။

    အဆီကျဆင်းစေတဲ့ drip အတွက် သင်က သင့်လျော်လားဆိုတာကို သိရှိဖို့အတွက် အောက်ပါအချက်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

    Drip infusion ဆိုတာဘာလဲ။

    Drip သွင်းခြင်း (သို့) သွေးပြန်ကြောထဲသွင်းခြင်းဟာ သွေးပြန်ကြောထဲကို cannula (အပ်) မှတစ်ဆင့် ချိတ်ထားတဲ့ အိတ်အတွင်းမှ အရည်တွေကို လက်မောင်းမှ သွေးပြန်ကြောအတွင်းထည့်ကာ သွင်းခြင်း ဖြစ်ပါတယ်။

    ဒီချိတ်ထားတဲ့ အိတ်အတွင်းမှာတော့ လူတစ်ယောက် လိုအပ်တဲ့ electrolytes၊ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အခြားအာဟာရဓါတ်တွေ ပါဝင်ပါတယ်။ သွေးပြန်ကြောမှတစ်ဆင့် သွေးအတွင်း တိုက်ရိုက်ထည့်ခြင်းအားဖြင့် အာဟာရဓါတ်တွေဟာ ပါးစပ်မှသောက်ခြင်းထက် ပိုမိုမြန်ဆန်ထိရောက်စွာ အလုပ်လုပ်နိုင်ပါတယ်။

    သွေးကြောတွင်း ထည့်ရတဲ့နည်းလမ်းက အဆီကို ဘယ်လိုကျစေပါသလဲ။

    အဆီပိုတွေဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်တဲ့ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာနဲ့ အခြားရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အဆီကျစေတဲ့ နည်းလမ်းတွေက အာဟာရဆိုင်ရာ ချို့ယွင်းချက်တွေကိုဖြစ်စေပြီး သင့်ကို ရောဂါရစေခြင်း၊ စိတ်မထိန်းနိုင်ခြင်း၊ ပင်ပန်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

    သင့်မှာ အားကစားရုံမှာ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်နဲ့ အခြေအနေလည်း မပေးနိုင်ဘူးဆိုရင် ကိုယ်ခန္ဓါကျန်းမာပြီး အဆီကျဖို့ အကောင်းဆုံးနည်းလမ်းက ဘာပါလဲ။

    Drip သွင်းခြင်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ IV vitamin ကုသနည်းဟာ အာဟာရစုပ်ယူမှုကိုအားပေးပြီး ကိုယ်ခန္ဓါလုပ်ငန်းဆောင်တာတွေကိုတိုးတက်စေပါတယ်။ အာဟာရစုပ်ယူမှုများပြားခြင်းဟာ အာဟာရဓါတ်တွေကို လျင်မြန်စွာပြောင်းစေပြီး အဆီအဖြစ် သိမ်းဆည်းမှုကို ကန့်သတ်ကာ၊ သွေးသကြားဓါတ်ကို ထိန်းညှိပေးပြီး အဆိပ်အတောက်ပြေစေတဲ့ ဖြစ်စဉ်ကိုလည်း ထောက်ပံ့ပေးပါတယ်။

    အဆီကျစေတဲ့ drip မှာ ပါဝင်တဲ့ ပစ္စည်းများ

    အဆီကျစေတဲ့ drip မှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့ B ဗီတာမင်၊ carnitine နဲ့ MIC လို့ ခေါ်တဲ့ အဆီလောင်ကျွမ်းစေတဲ့ အရာသုံးမျိုးပဲဖြစ်ပါတယ်။

    B vitamins တွေဟာ ကျန်းမာတဲ့ဆဲလ်အသစ်ဖြစ်ပေါ်မှုမှာ အလွန်အရေးကြီးပါတယ်။ စွမ်းအင်ကို မြှင့်တင်ပေးပြီး အားအင်ပမာဏ တိုးတက်လာတဲ့အခါမှာ သူတို့ဟာ ကိုယ်ခန္ဓါကို ပိုမို တက်ကြွစေပြီး ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းစေကာ ဇီဝဓါတုဖြစ်စဉ်ကို တိုးမြှင့်ပေးပြီး အဆီကိုကျစေနိုင်ပါတယ်။ B vitamins တွေကို ကိုယ်ခန္ဓါမှာ ဖိစီးမှုတွေကို ကူညီပေးနိုင်ပါတယ်။ စိတ်ဖိစီးရင် အစားပိုစားနိုင်ပါတယ်။

    Carnitine ဟာ အဆီတွေကို ကိုယ်ခန္ဓါအတွက် အားအင်ပြောင်းလဲမှုမှာ အသုံးဝင်တဲ့ အဆီလောင်ကျွမ်းစေတဲ့ အရာတစ်မျိုးဖြစ်ပါတယ်။ ကြွက်သားတွေမှာ Carnitine မြင့်တက်လာတဲ့အခါ ကိုယ်ခန္ဓါအတွက် လောင်စာပိုလိုလာတာကြောင့် အဆီလောင်ကျွမ်းမှုဖြစ်စဉ်ကို တိုးတက်စေပြီး အားအင်ပမာဏကို မြင့်တက်စေပါတယ်။

    Carnitine ပမာဏ များခြင်းဟာ ကိုယ်ခန္ဓါလုပ်ငန်းဆောင်တာတွေကို အဆီကိုလောင်ကျွမ်းစေခြင်း၊ glycogen ချန်ထားခြင်း၊ muscle lactate ကို ထွက်စေခြင်း၊ anabolic hormone response ကို တက်စေခြင်းအားဖြင့် မြှင့်တင်ပေးပါတယ်။

    Methionine ဟာ lipotropic agent တစ်ခုဖြစ်ပြီး ကျန်းမာတဲ့အသည်းကို ထိန်းသိမ်းဖို့နဲ့ အားအင်ရဖို့ အဆီလောင်ကျွမ်းစေဖို့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ Methionine ဟာ အသည်းနဲ့ ကိုယ်ခန္ဓါမှ အဆီပိုတွေကို ဖယ်ရှားပေးပါယတ်။ သူဟာ ပင်ပန်းခြင်းကိုလည်း သက်သာ စေပြီး ကာကွယ်ပေးပါတယ်။ သူဟာ histamine ထုတ်လုပ်မှုကိုလည်း လျော့နည်းစေတာကြောင့် ဓါတ်မတည့်မှုတွေအတွက်လည်း အသုံးဝင်ပါတယ်။

    Choline ကတော့ ကိုယ်ခန္ဓါဆဲလ်တွေထံ အစားအသောက်မှ အဆီသယ်ဆောင်ခြင်းကို လျော့နည်းစေပြီး စွမ်းအင်တွက် ချက်ချင်းလောင်ကျွမ်းစေပါတယ်။ Choline ဟာ B-vitamine Family မှာပါတဲ့ ရေမှာပျော်ဝင်တဲ့ အာဟာရဓါတ်တစ်မျိုး ဖြစ်ပါတယ်။ တကယ်တော့ သူဟာ ဗီတာမင်မဟုတ်ပေမယ့် ကိုယ်ခန္ဓါရဲ့ လုပ်ငန်းဆောင်တာ အတော်များများအတွက် အသုံးဝင်ပါတယ်။

    Inositol ကတော့ B-vitamin family နဲ့ ဆက်စပ်နေပြီး choline နဲ့ ဆက်စပ်နေပါတယ်။ သူဟာ အဆီဖြိုခွင်းခြင်းကို အားပေးပြီး သွေးကိုလက်စထရောဓါတ်ကို ကျဆင်းစေပါတယ်။ Inositol ဟာ serotonin လို့ခေါ်တဲ့ စိတ်နဲ့ အစားစားချင်စိတ်ကို ထိန်းချုပ်တဲ့ neurotransmitter ရဲ့ လုပ်ငန်းဆောင်တာမှာ ပါဝင်ပါတယ်။ အစာစားချင်စိတ်လျော့နည်းတဲ့အခါမှာ ကိုယ်ခန္ဓါကိုယ်အလေးချိန် လျှော့ချနည်းတွေဟာ ပိုအစွမ်းထက်ပါတယ်။

    ဘယ်သူတွေက မသုံးသင့်ဘူးလဲ။

    Intravenous infusions တွေကို လိုင်စင်ရထားပြီး အတွေ့အကြုံရှိတဲ့ ဆရာဝန်တွေက ပြုလုပ်နိုင်ပါတယ်။ သင့်မှာ ကိုယ်ဝန်ရှိနေတယ်၊ နို့တိုက်နေတယ်ဆိုရင် အဆီကျဖို့ drip infusion ကို အသုံးမပြုသင့်ပါဘူး။ ဒါ့ပြင် intravenous infusion မလုပ်သင့်တဲ့ အခြေအနေတွေလည်း ရှိပါသေးတယ်။

    • နှလုံးရောဂါ
    • ကျောက်ကပ်ရောဂါ
    • မောခြင်း
    • အာရုံကြောရောဂါ
    • ဆီးချို
    • သွေးခဲမှုဆိုင်ရာ ပြဿနာများ
    • မကြာသေးမီက ထိခိုက်မိခြင်း၊ ဖျားနာခြင်း
    • ဖျားခြင်း၊ နေမကောင်းခြင်း

    သင့်အခြေအနေကို ဆရာဝန်ကို သေချာပြောပြသင့်ပါတယ်။ ဆရာဝန်က သင်နဲ့ သင့်လျော်တဲ့ ကုသမှုပေးမှာဖြစ်ပါတယ်။

    Drip infusions တွေက တကယ်ပဲ အလုပ်ဖြစ်ရဲ့လား ဆိုတာကို ဆက်ပြီး လေ့လာမှုတွေ လုပ်ရဦးမှာပါ။ သင့်ကိုယ်ခန္ဓါက ဒီနည်းကို အသုံးပြုလို့ရလားဆိုတာ သေချာဖို့ လိုအပ်ပါတယ်။ Drip infusions တွေဟာ အဆီပိုတွေကို ဖယ်ရှားနိုင်သော်လည်း လေ့ကျင့်ခန်းလုပ်ဖို့နဲ့ အစားလျှော့စားဖို့ကိုတော့ မမေ့သင့်ပါဘူး။ သင်က မထိန်းရင် မကြာခင်မှာ အဆီတွေ ပြန်ပြီး စုပြုံလာနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement