backup og meta

မျှဝေပါ။

သန်းများကိုမြန်မြန်သေစေမည့် ကုထုံးသစ်

သင့်ကလေးဒါမှမဟုတ် သင့်ကလေး၏အတန်းဖော်တွင် သန်းများရှိကြောင်းတင်ပြသည့်စာကိုကလေးကျောပိုးအိတ်ထဲမှာတွေ့လိုက်ရင်လျှင် မိဘများကြောက်သွားတတ်ကြပါသည်။ အခုတော့ ဆေးနည်းအသစ်တစ်ခုကကြောက်ရွံ့ရမှုကိုလျော့နည်းသွားစေနိုင်ပါပြီ။

သန်းများကိုမြန်မြန်သေစေမည့် ကုထုံးသစ်

ခေါင်းသန်းများသည် ခြေရှစ်ချောင်းပါသည့်အင်းဆက်များဖြစ်ပြီးဦးရေပြားနှင့်လည်ပင်းကိုကုပ်တွယ်ကလူသွေးစုပ်သည့်အကောင်များပင်ဖြစ်သည်။ သန်းတစ်ကောင်စီ၏အရွယ်သည် နှမ်းစေ့တစ်စေ့လောက်သာရှိပြီးသေချာရှာမှသတိထားမိမှာဖြစ်သည်။ သန်းဥများသည် ဦးရေပြားအနီးဆံစများတွင်ကပ်နေတတ်ပြီးရှာတွေ့ရန်ပိုခက်သေး၏။

အသစ်သောလေ့လာချက်တစ်ခုအရSklice (ivermectin)ဆိုသောလိုးရှင်းဆေးသည် တစ်ကြိမ်လိမ်းရုံနှင့် ၁၀ မိနစ်လောက်အတွင်းသုတ်သင်ပေးနိုင်ပါသည်။ ဆိုတော့ ဘီးစိတ်တွေမလိုတော့ပါ။ လေ့လာတွေ့ရှိချက်များအားနယူးအင်္ဂလန်ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြပြီးဖြစ်သည်။

သန်းကူးစက်ခံရခြင်းသည် လူမှုရေးရာတွင်အရှက်ရဖွယ်ဖြစ်နေပြီးမိုးဦးစကျောင်းဖွင့်ကာလတွင် ပိုပေါက်ပွားလေ့ရှိသည်။ ယနေ့ခေတ်တွင်သန်းသတ်ဆေးအများအပြားကိုရရှိနိုင်ပြီးလိုးရှင်းပုံစံခေါင်းလျှော်ရည်ပုံစံတို့ဖြင့် အလွယ်တကူဝယ်ယူနိုင်ပါသည်။ သို့သော်ထိုအရာများသည်သန်းကောင်ကိုသာသတ်နိုင်ပြီးဥများကိုတော့မသတ်နိုင်ပါ။ ထို့ကြောင့် နောက်ထပ်အသစ်ပေါက်မည့်သန်းများကိုပါ ထပ်သတ်ဖို့လိုပါသေးသည်။

အိမ်တိုင်ရာရောက်ဆလွန်းဝန်ဆောင်မှုများက ဒီလိုညစ်ပတ်တဲ့အရာတွေအတွက် သင့်ကိုအကူအညီပေးနိုင်ပါသည်။

သန်းသေဆေးများသော်လည်း အကုန်မစွမ်းပါ

ဒီကုသနည်းတွေက ၅၀%လောက်သာ ထိရောက်ပါသည်။ ဆိုလိုသည်မှာမှန်မှန်လေးသုံးစွဲဖို့လို၏။ သုံးလျှင်လဲဆေးမတိုးခြင်းကဖြစ်လာနိုင်သေး၏။

Ivermectinဟာတစ်ကြိမ်းတည်းသုံးရသည့်ကုထုံးဖြစ်ပြီးသုံးပြီးပါကဆံပင်များကိုရှုပ်ထွေးမနေစေပဲပျော့ပျောင်းစေသည်။ လိုရှင်းကို ဆရာဝန်ညွှန်ကြားချက်နှင့်ဝယ်ယူနိုင်ပြီးအာမခံမရှိပါကဒေါ်လာ ၃၀၀ ခန့်ကျသင့်မှာဖြစ်သည်။

လေ့လာမှုအရဘေးထွက်ဆိုးကျိုးအနည်းငယ်အဖြစ် အသားနီခြင်းယားယံခြင်းများရှိနိုင်ပါသည်။ ထို့အပြင် Skliceကိုလဲတခြားသောကုထုံးများနှင့် နှိုင်းယှဉ်၍လဲမရပါ။

သန်းရှိသူအသက်ခြောက်လမှစပြီးကလေးငယ် ၇၆၅ ကိုလိုးရှင်းအသစ်သုံးခိုင်းရာ အစွမ်းထက်ပါဝင်ပစ္စည်းကိုဖယ်သုံးခိုင်းသူများထက် ၂ရက် ၈ ရက် ၁၅ ရက်ခန့် သန်းမရှိသည့်နေ့များကိုပိုရရှိထားပါသည်။

ထပ်မံလေ့လာချက်များအရလိုးရှင်းအသစ်သည် လက်ရှိကုထုံးများနှင့်နှိုင်းယှဉ်လျှင် နောက်ဆုံးမှရွေးချယ်သင့်သည်ဟုသုတေသီများမှ ဆိုထားသည်။

Sklice

သန်းကူးစက်ခံရခြင်းသည် ဘယ်သူမှထုတ်မပြောချင်သည့် ပြဿနာကြီးဖြစ်ပြီးဆေးယဉ်ပါးပါကကြောက်စရာပင်ကောင်း၏။ ကုထုံးအသစ်သည် အစွမ်းထက်ကြောင်းကိုသရုပ်ပြပြီးဖြစ်သည်။ နောက်ထပ်ရွေးချယ်စရာတစ်ခုရှိနေသည်မှာစိတ်လှုပ်ရှားစရာပင်။ အကယ်၍ မိမိအိမ်သားများသန်းကူးစက်ခံရပါကလူအကုန်ကုသပေးရန်လိုအပ်သလိုအိမ်ရှိပစ္စည်းများကိုလဲလျှော်ဖွပ်ပစ်ဖို့လိုပါသည်။

အဝတ်များ၊ အိပ်ယာခင်း၊ တဘက်များကိုရေပူ ၅၅ ဒီဂရီဆဲလ်စီးယပ်ကိုစက်ထဲထည့်လျှော်ပြီးစက်နှင့်အခြောက်ခံရာ၌လည်းအပူချိန်အမြင့်ဆုံးချိန်သင့်ပါသည်။ လျှော်ဖွပ်ဖို့အဆင်မပြေဘူးဆိုပါကသေချာသန့်စင်ထားသည့်လေလုံပလက်စတစ်ဗူးများတွင်ထည့်ပြီး နှစ်ပတ်ခန့်သိမ်းထားနိုင်သည်။ ဘီးများဘရပ်ရှ်များကိုရေပူ ၅၅ ဒီဂရီဆဲလ်စီးယပ်ထဲ ၅-၁၀ မိနစ်ခန့်စိမ်ထားပြီးပိုးသတ်နိုင်ပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.webmd.com/children/news/20121025/new-head- lice-treatment#2
Accessed: March 13 2017

Head Lice Slideshow: What Parents Should Know
http://www.webmd.com/children/ss/slideshow-lice- overview

ယခုပုံစံ

06/12/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/12/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement