brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကင်ဆာကာကွယ်နိုင်မယ့် သရက်သီး

ကင်ဆာမဖြစ်အောင်ကာကွယ်နိုင်တယ်လို့ဆိုတဲ့ သရက်သီးတစ်မျိုးကို ထိုင်းနိုင်ငံမြောက်ပိုင်း Nare-suan တက္ကသိုလ်မှ သုတေသီတွေက မျိုးစပ်ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ဒီသုတေသနကို ထိုင်းနိုင်ငံမှ Royal Golden Jubilee PhD Programme ရဲ့ ထိုင်းသုတေသနရန်ပုံငွေအဖွဲ့ကငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပါတယ်။

ကင်ဆာကာကွယ်နိုင်မယ့် သရက်သီး

၎င်းတက္ကသိုလ်က ချိုင်းမွှေးကိုပါဖယ်ရှားနိုင်မယ့် ချွေးနံ့ပျောက်ဆေး roll-on တစ်မျိုးကိုလည်း အမျိုးသမီးတွေအတွက် ထုတ်လုပ်ခဲ့ြ့ပီးဖြစ်ပါတယ်။

အထူးစီမံပြုပြင်ထားတဲ့ Mahachanok သရက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အန်သိုဆိုင်ရာနင်(Anthocyanin) နဲ့ကာရိုတီးနွိုက်(Carotenoid) တို့တိုးမြှင့် ထည့်သွင်းထားတယ်လို့ စိုက်ပျိုးရေး၊သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာ မဟာဌာနမှ တွဲဖက်ပါမောက္ခဒေါက်တာ Peerasak Chaiprasart ကပြောပါတယ်။

အဝါရောင်၊လိမ္မော်ရောင်၊အနီရောင်ရှိတဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာတွေ့ရတတ်တဲ့ ကာရိုတီးနွိုက် ဓါတ်ဟာ ကိုယ်ခံအားကိုကောင်းစေပြီး ကင်ဆာရောဂါဖြစ်နိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေတဲ့အပြင် နှလုံးရောဂါ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့မြင်လွှာပျက်စီးမှုနဲ့အတွင်းတိမ်တို့ကို ကာကွယ်ပေးပါတယ်။

အနီရောင်၊ခရမ်းရောင်နဲ့အပြာရောင်တို့မှာပါတဲ့ အန်သိုဆိုင်ရာနင်ဓါတ်ဟာ ဆဲလ်တွေယိုယွင်းပျက်စီးမှုကိုနှေးကွေးစေပြီး နှလုံးရောဂါ၊လေဖြတ်ခြင်းဖြစ်နိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေပြီး အစာအိမ်နဲ့အူလမ်းကြောင်းစနစ်အတွင်းက ရောဂါဖြစ်စေတဲ့အဏုဇီဝပိုးမွှားတွေကိုသေစေနိုင်ပါတယ်။

ထိုင်းသရက်မျိုးNang Klang Wan နဲ့ သြစတြေးလျ သရက်မျိုးSunset တို့ကို မျိုးစပ်ထားတာဖြစ်တဲ့Mahachanok သရက်ဟာ methyl jasmonate ဒြပ်ပေါင်းကို ပေါင်းစပ်ထည့်သွင်းထားတာကြောင့် ဗီတာမင် စီ၊ ဂလူးကို့စ်၊ ဖရတ်တို့စ်၊ ဆူးခရို့စ်နဲ့ ကာရိုတီးနွိုက် ပမာဏကို တိုးမြှင့်စေတယ်လို့ သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။

Methyl jasmonate နဲ့ ethephon တို့နှစ်မျိုးလုံးဟာဘေးဥပါဒ်ကင်းပြီး ကြွင်းကျန်မှုမရှိနိုင်တဲ့အပြင် ကာရိုတီးနွိုက်ပမာဏကို ၅၀ ရာခိုင်နှုန်းလောက် တိုးစေနိုင်ပါတယ်။

တက္ကသိုလ်အနေနဲ့ ဒီပရောဂျက်ကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီးMahachanok သရက်တွေကို ပုံမှန်စိုက်ပျိုးရာသီဖြစ်တဲ့ ဧပြီ-ဇွန်ကာလမှာ စိုက်ပျိုးနိုင်တော့မှာဖြစ်တယ်လို့ဒေါက်တာPeerasak ကပြောပါတယ်။

Waan-Ma-Haa-Mek အပင်(Curcuma aeruginosa Roxb) ကိုအသုံးပြုထားတဲ့ အမွှေးအမှင်လျော့နည်းစေတဲ့roll-on ကို တက္ကသိုလ်ရဲ့ဆေးဖက်ဝင်နည်းပညာသုတေသနစင်တာမှာ ထုတ်လုပ်ဖန်တီးခဲ့တာပါ။

ဒီနည်းပညာကို ၎င်းတို့က မူပိုင်ခွင့်မှတ်ပုံတင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာSiam Nawat Co ကုမ္ပဏီကို လွှဲပြောင်းပေးခဲ့ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။