backup og meta

Varicose Veins (သွေးကြောထုံးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Varicose Veins (သွေးကြောထုံးရောဂါ) ကဘာလဲ။

varicose veins ဆိုတာ သင့်ခြေထောက်မှာရှိတဲ့ ဖောင်းကားပြီး တွန့်လိမ်နေတဲ့ သွေးကြောထုံးလေးတွေကို ဆိုလိုပါတယ်။

ဒီလိုဖြစ်တာဟာ မျိုးရိုးလိုက်လေ့ရှိပြီး ကိုယ်ဝန်ဆောင်တဲ့အချိန်တွေနဲ့ မတ်တပ်ကြာကြာရပ်ရတဲ့ အလုပ်လုပ်ကိုင်သူတွေမှာ ပိုဆိုးလေ့ရှိပါတယ်။ ခြေထောက်ကသွေးတွေကို နှလုံးဆီပြန်ပို့ပေးတာကို ကူညီပေးနိုင်ဖို့အတွက် ခြေထောက်က သွေးကြောတွေမှာ တဖက်တည်းကိုပဲ ပွင့်တဲ့ အဆို့ရှင်လေးတွေ များစွာ ပါရှိပါတယ်။

ဒီအဆို့ရှင်လေးတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့ အခါ သွေးတွေဟာ နှလုံးဆီကို ဖြောင့်ဖြောင့်တန်းတန်း မတက်နိုင်တော့ဘဲ အောက်ကိုပြန်စီးလာကာ ခြေထောက်သွေးကြောတွေမှာ စုပုံပြီး ဖောင်းကားလာပါတော့တယ်။

varicose veins (သွေးကြောဖောင်းတွေ) ကို ဘာလို့ခွဲစိတ်သင့်သလဲ။

ရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းစေတဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့အတွက် ခွဲစိတ်မှုကို ပြုလုပ်သင့်ပါတယ်။

ခွဲစိတ်မှု အန္တရာယ်

varicose veins ဒီခွဲစိတ်မှုကနေ ဘာအန္တရာယ်တွေ ရှိနိုင်မလဲ။

ခြေအိတ်ခပ်ကျပ်ကျပ် စွပ်ပေးထားခြင်းအားဖြင့်လည်း သွေးကြောဖောင်းတာကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဆေးထိုးတာ၊လေဆာပစ်တာ ဒါမှမဟုတ် လျှပ်စစ်နဲ့ရှို့ပစ်တာ စတဲ့ ကုသမှုတွေကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။

သိထားသင့်တဲ့ အချက်က ဘယ်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ သွေးကြောဖောင်းတာတွေဟာ ပြန်ဖြစ်လာနိုင်ပါတယ်။

varicose veins ခွဲစိတ်မှုကို ဘယ်လိုပြုလုပ်မှာလဲ။

မေ့ဆေးသုံးခွဲစိတ်လေ့ရှိပြီး မိနစ်နှစ်ဆယ်ခန့်ကနေ သုံးနာရီခန့်အထိ အခြေအနေပေါ်မူတည်ပြီး ကြာမြင့်နိုင်ပါတယ်။ သင့်ပေါင်ခြံ ဒါမှမဟုတ် ဒူးခေါက်ခွက်နေရာလောက်ကို ခွဲမှာ ဖြစ်ပြီး ခြေထောက်မှာရှိတဲ့ အပေါ်ယံ သွေးကြောတွေနဲ့ အတွင်းဖက်က သွေးကြောတွေကို ဆက်မနေအောင် ခွဲထုတ်မှာ ဖြစ်ပါတယ်။

ဖောင်းနေတဲ့ သွေးကြောတလျှောက်ကို လှီးပြီး ဖြတ်ထုတ်တာမျိုးလည်း လုပ်ကောင်းလုပ်နိုင်ပါသေးတယ်။ အထူးစီမံထားတဲ့ ကိရိယာလေးတွေကို အသုံးပြုပြီး ဖောင်းနေတဲ့ အဓိကသွေးကြောကို အရေပြားအောက်က ဆွဲထုတ်တာမျိုးလည်း လုပ်လေ့ရှိကြပါသေးတယ်။

ခွဲစိတ်ပြီးနောက် လိုက်နာသင့်သည်များ

varicose veins ခွဲစိတ်မှု ခံယူပြီးတဲ့နောက်မှာ ဘာတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်သလဲ။

ခွဲစိတ်ပြီးတဲ့နေ့ ဒါမှမဟုတ် နောက်တရက်မှာ ဆေးရုံက ဆင်းနိုင်ပါပြီ။ သင့်အလုပ်ရဲ့ သဘောသဘာဝအပေါ်မူတည်ပြီး ရက်ပေါင်းအနည်းငယ်အတွင်းမှာ လုပ်ငန်းခွင်ပြန်ဝင်နိုင်မှာပဲ ဖြစ်ပါတယ်။

အနာကျက်ပြီး လှုပ်လို့ရှားလို့ကောင်းပြီဆိုတာနဲ့ ပုံမှန်လုပ်ဆောင်နေကျ နိစ္စဓူဝအလုပ်တွေကို ပြန်လုပ်နိုင်ပါပြီ။ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးမယ်ဆိုရင် ပုံမှန်လှုပ်ရှားသွားလာမှုတွေကို အချိန်တိုအတွင်းမှာ အမြန်ဆုံးပြန်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ တခုရှိတာက လေ့ကျင့်ခန်းမလုပ်ခင် ဆရာဝန်ကိုတော့ အရင်တိုင်ပင်အကြံဉာဏ်တောင်းဖို့ လိုပါလိမ့်မယ်။

တကယ်လို့ သင့်မှာ မေးစရာတွေရှိနေမယ် ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေ ရှိနေမယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်ကို သိလိုသမျှ မေးမြန်းသင့်ပါတယ်။

ခွဲစိတ်မှု နောက်ဆက်တွဲ ပြဿနာ

Varicose Veins ခွဲစိတ်ပြီးနောက် ဘာတွေဖြစ်လာနိုင်သလဲ။

ဘယ်လိုခွဲစိတ်ကုသမှုမျိုးမဆို အန္တရာယ်ကတော့ ရှိတာချည်းပါပဲ။ ဒါကြောင့် ဒီခွဲစိတ်မှုမှာ ဘယ်လိုမျိုးနောက်ဆက်တွဲ ပြဿနာတွေ ရှိလာနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ခွဲစိတ်ဆရာဝန်ကို မေးမြန်းထားရပါမယ်။

ဘယ်လို ခွဲစိတ်မှုမျိုးမှာမဆို ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေက မေ့ဆေးနဲ့ မတည့်တာ၊မေ့ဆေးကို မူမမှန် တုံ့ပြန်တာ၊သွေးထွက်လွန်တာ ဒါမှမဟုတ် သွေးခဲတာတွေ ဖြစ်လာနိုင်ပါတယ်။

ခြေထောက်သွေးကြောဖောင်းတာကို ခွဲစိတ်ကုသခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေက

• ခွဲထားတဲ့ နေရာအောက်မှာ အလုံးဖြစ်လာတာ။

• ထုံနာကျင်နာ ဖြစ်တာ။

• အာရုံကြောတွေကို ထိခိုက်မိတာ။

• သွေးကြောက ဆက်လက်ဖောင်းမြဲ ဖောင်းနေတာ။

• အရေပြားအောက်မှာ ပင့်ကူမျှင်လို ယှက်သမ်းနေတဲ့ သွေးကြောတွေ ပေါ်လာတာ။

• ခြေထောက်ဖောရောင်တာ။

• ခြေထောက်ရဲ့ အဓိကသွေးလွှတ်ကြော၊သွေးပြန်ကြောတွေ ဒါမှမဟုတ် အာရုံကြောတွေကို ထိခိုက်မိတာ စတာတွေပဲ ဖြစ်ပါတယ်။

အစာမစားဖို့ညွှန်ကြားတာမျိုး ဒါမှမဟုတ် သောက်နေကျ ဆေးတချို့ကို ရပ်ခိုင်းတာမျိုး အစရှိတဲ့ ဆရာဝန်ရဲ့ လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင် ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို အနည်းဆုံး ဒါမှမဟုတ် လုံးဝမဖြစ်အောင် လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Varicose veins. http://www.nhs.uk/Conditions/Varicose-veins/Pages/Treatment.aspx.

Varicose veins
surgery. http://www.webmd.com/skin-problems-and- treatments/tc/varicose-veins-surgery. Varicose veins. http://www.nhs.uk/Conditions/Varicose-veins/Pages/Treatment.aspx.

surgery. http://www.webmd.com/skin-problems-and- treatments/tc/varicose-veins-surgery.

ယခုပုံစံ

12/05/2020

Dr. Kaung Thar မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့

Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement