backup og meta

သွေးပြန်ကြောထုံးခြင်းအကြောင်းသိကောင်းစရာ အပိုင်း ၁

သွေးပြန်ကြောထုံးခြင်းအကြောင်းသိကောင်းစရာ အပိုင်း ၁

သွေးပြန်ကြောထုံးခြင်း(Varicose vein) ဟာ သွေးပြန်ကြောတွေကြီးလာပြီး အရေပြားပုံပန်းသွင်ပြင်ပြောင်းလဲစေကာ နာကျင်မှု၊ သက်တောင့်သက်သာမရှိမှုတွေနဲ့ နောက်ထပ်များပြားသော သွေးလှည့်ပတ်မှုပြဿနာတွေဖြစ်စေနိုင်တဲ့ တွေ့ရတတ်သော အခြေအနေတွေဖြစ်ပါတယ်။ တခြားလူတွေလိုပဲ သင့်မှာလည်းဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်လောက်ထိပြင်းထန်လဲ၊ ဘယ်လိုကုသရမလဲ၊ ကာကွယ်ရမလဲ ဆိုတာတွေကို သိထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

သွေးကြောထုံးတယ်(Varicose vein)ဆိုတာဘာလဲ

သွေးကြောထုံးတွေကို အရေပြားပေါ်မြင့်တတ်နေတဲ့ ကြီးမားပြီး ခရမ်းပုတ်ရောင်၊ အနီရောင်၊ အပြာရောင်၊ အသားရောင်အတိုင်းဖုဖောင်းပြီး အမျိုးမျိုးမြင်ရနိုင်ပါတယ်။ သွေးကြောထုံးတွေဟာ ပေါင်အတွင်းပိုင်း၊ ခြေထောက်အတွင်းပိုင်းတွေမှာ အများအားဖြင့်တွေ့ရတတ်ပါတယ်။ တခါတလေ ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း မိန်းမကိုယ်နဲ့ တင်ပါးနေရာမှာ တွေ့ရတတ်ပါတယ်။

Spider veins လို့ခေါ်တဲ့ သွေးပြန်ကြောထုံးတစ်မျိုးဟာ ပိုမိုသေးငယ်ပြီး အရေပြားနဲ့ပိုနီးတဲ့ သွေးကြောလေးတွေပါ။ မြင်ရပေမယ့် အရေပြားအပေါ်ဖုဖောင်းနေခြင်းမရှိပါဘူး။ အနီရောင် ဒါမှမဟုတ် အပြာရောင်ရှိပြီး ပင့်ကူအိမ်ပုံစံမျိုးဖြစ်ပါတယ်။ ဒါကြောင့် Spider veins လို့ခေါ်ကြတယ်၊ ခြေထောက်တွေနဲ့ မျက်နှာမှာဖြစ်ပေါ်တတ်ပါတယ်။

ပုံမှန်အားဖြင့်နာကျင်မှုမရှိတတ်ပေမယ့် နာကျင်လာရင်လည်း ထိုခြေထောက်တွေမှာလေးလံပြီး ကြွက်တက်သလို ရောင်ရမ်းပူလောင်နာကျင်တတ်ပါတယ်၊ အချိန်ကြာထိုင်ရင် မတ်တပ်ရပ်နေရင် ပိုဆိုးတတ်ပြီး သွေးပြန်ကြောတွေဘေးဝန်းကျင် ယားယံခြင်း၊ သွေးယိုလာခြင်း၊ အရောင်ပြောင်းလာခြင်းတွေလည်း ဖြစ်လာတတ်ပါတယ်။

ဘာတွေကြောင့်သွေးကြောထုံးနိုင်လဲ

သင့်ခန္ဓါကိုယ်မှာ သွေးပြန်ကြောတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပါတဲ့ သွေးတွေကို နှလုံးဆီပြန်သယ်ပေးတာပါ။ ထိုသွေးပြန်ကြောထဲကသွေးတွေက နှလုံးထက်ပိုနိမ့်တဲ့ တချို့နေရာတွေကဆိုရင် ကမ္ဘာမြေကြီးဆွဲအားကို ဆန့်ကျင်ပြီး အပေါ်ပြန်ဆန်တက်ရတာတွေရှိပါတယ်။ ထိုအခါ သွေးတွေအပေါ်ရောက်ဖို့ ကြွက်သားတွေက ညှစ်ပေးရပြီး ထိုသွေးပြန်ကြောတွေထဲက အဆို့တွေက သွေးတွေနောက်ပြန်မစီးဖို့ တားဆီးပေးထားပါတယ်။ ထိုအဆို့ရှင်တွေအလုပ်မလုပ်နိုင်တော့တဲ့အခါ သွေးကြောထုံးခြင်းဖြစ်လာရပါတယ်။ သွေးတွေနှလုံးဆီမပြန်နိုင်တော့ဘဲ သွေးပြန်ကြောထဲမှာပဲ ပုံနေပြီး ထိုသွေးပြန်ကြောတွေ အရွယ်ကြီးလာ၊ ဖောင်းလာခြင်းကို ခေါ်တာပါ။ ဟော်မုန်းအပြောင်းအလဲ၊ ထိခိုက်မှုတွေနဲ့ နေရောင်ထိတွေ့မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဘယ်အချက်တွေကအဖြစ်များစေလဲ

လူတိုင်းမှာဖြစ်နိုင်ပေမယ့် ဒီအချက်တွေရှိရင် ပိုဖြစ်နိုင်ချေရှိပါတယ်။

• အသက်အရွယ်– အသက်ကြီးလာတာနဲ့အမျှ သွေးပြန်ကြောတွေအားနည်းလာပြီး အဆို့ရှင်တွေလည်း အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘဲ သွေးတွေနောက်ပြန်စီးခြင်း ဖြစ်လာရပါတယ်။

• ဟော်မုန်းအပြောင်းအလဲများ– လူပျိုအပျိုဖော်ဝင်စအချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်၊ ဒါမှမဟုတ် တချို့သောဆေးတွေကြောင့် ဟော်မုန်းတွေပြောင်းလဲခြင်းဟာလည်း သွေးကြောထုံးခြင်းဖြစ်စေနိုင်ပါတယ်။

• ကိုယ်ဝန်ဆောင်ချိန်– ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပမာဏများလာပေမယ့် ခန္ဓါကိုယ်အောက်ပိုင်းကနေ သွေးတွေပြန်လာနိုင်စွမ်းကနည်းသွားပါတယ်။ ကလေးရဲ့ကြီးထွားလာမှုနဲ့ သားအိမ်ကလည်း သွေးပြန်ကြောတွေအပေါ် ဖိအားတွေပေးပါသေးတယ်။ ကိုယ်ဝန်ဆောင်ကာလ နောက်ပိုင်းမှာ ပိုဆိုးတတ်ပြီး မီးဖွားပြီး သုံးလလောက်ကြာရင်တော့ သက်သာသွားတတ်ပါတယ်။

• ကျား၊ မ– အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဖြစ်နိုင်ချေများပါတယ်။

• အဝလွန်ခြင်း– ပိုနေတဲ့ကိုယ်အလေးချိန်တွေက သွေးပြန်ကြောတွေအပေါ် ဖိအားတွေသက်ရောက်စေပါတယ်။

• ရောဂါရာဇဝင်– မွေးဖွားစဉ်က သွေးပြန်ကြောတွေအားနည်းနေရင်၊ ဒါမှမဟုတ် မိသားစုမှာ ထိုပြနာမျိုးရှိရင် ဖြစ်နိုင်ချေများပါတယ်။

• နေရောင်ခြည်– နေရောင်ထိတွေ့မှုများခြင်းကလည်း ဖြစ်နိုင်ချေတက်စေပါတယ်။

• လှုပ်ရှားမှုနည်းခြင်း– အချိန်ကြာထိုင်ရရင်၊ ဒါမှမဟုတ် မတ်တပ်ရပ်ရရင် သွေးကြောတွေဖောင်းတတ်ပါတယ်။ လှုပ်ရှားမှုနည်းခြင်းဟာ သွေးတွေကိုပြန်ညှစ်တင်ဖို့ ခက်ခဲစေနိုင်လို့ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Varicose veins and spider veins. https://www.womenshealth.gov/a-z-topics/varicose-veins-and-spider-veins. Accessed March 13, 2017.
  2. Varicose veins. http://www.mayoclinic.org/diseases-conditions/varicose-veins/manage/ptc-20178147. Accessed March 13, 2017.
  3. Varicose vein – noninvasive treatment. https://medlineplus.gov/ency/article/007395.htm. Accessed March 13, 2017.
  4. Varicose Veins and Spider Veins. http://www.webmd.com/skin-problems-and-treatments/cosmetic-procedures-spider-veins#1. Accessed March 13, 2017.
  5. Varicose veins and spider veins. https://www.betterhealth.vic.gov.au/health/conditionsandtreatments/varicose-veins-and-spider-veins. Accessed March 13, 2017.

ယခုပုံစံ

12/05/2020

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement