
ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါ အခြေအနေများတွင် အပိုင်းသုံးပိုင်း ရှိပါသည်။
အောက်ပါ ရောဂါများထဲမှ တစ်ခုခု ရှိနေပါက ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါရှိနေခြင်းကို သံသယ ရှိသင့်ပါသည်။
ဤရောဂါ အခြေအနေသည် အများအားဖြင့် အသက်အရွယ်နှင့် သက်ဆိုင်လေ့မရှိဘဲ ကုသ၍ ပျောက်ကင်းနိုင်သော အခြေအနေများသာ ဖြစ်ပါသည်။
ဤရောဂါ အခြေအနေသည် ကလေးမွေးဖူးသော အမျိုးသမီးများ တွင် အတွေ့ရများပါသည်။ ကလေးများများမွေးလေ ဤရောဂါ ဖြစ်နိုင်ခြေ များလေဖြစ်ပါသည်။ ကိုယ်အလေးချိန်များသူများနှင့် အဝလွန်သူများတွင်လည်း တွေ့ရများလေ့ ရှိပါသည်။ ခွဲစိတ်ကုသမှု့များ၊ ဓါတ်ရောင်ခြည်ပေး ကုသမှု့ ခံယူထားသူ များတွင်လည်း ခါးအရိုးကွင်းအတွင်းရှိ အခင်းကို ထိခိုက်စေခြင်း ကြောင့်လည်း ဖြစ်တတ်ပါသည်။ နေထိုင်မှု့ပုံစံနှင့် မျိုးဗီဇလည်း ဤရောဂါ အခြေအနေအတွက် အရေးပါပါသည်။
မခွဲစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများမှာ
မခွဲစိတ်ဘဲ ကုသခြင်းများဖြင့် သက်သာမှု့ မရှိခြင်း၊ ပိုဆိုးလာခြင်း စသည့်ပြဿနာများ ရှိလာပါက ဆရာဝန်မှ ခွဲစိတ်ကုသရန် အကြုံပြု ပါလိမ့်မည်။ ခွဲစိတ်ကုသခြင်းသည် ရောဂါအပေါ်လိုက်ပြီး လုံးဝပျောက်ကင်းနိုင်သည်အထိ ကောင်းကျိုးများ ရှိသော်လည်း အချို့(သားအိမ်ထုတ်ခြင်းစသည့်) ခွဲစိတ်မှု့များသည် ကလေးရရန် အခက်အခဲ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ကောင်းကျိုး၊ ဆိုးကျိုးကို သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသသင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။