backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dental X-Rays (သွားဓါတ်မှန်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dental X-Rays (သွားဓါတ်မှန်) ကဘာလဲ။

သွားဓါတ်မှန် တွေဟာ သွား၊အရိုးနဲ့ ပတ်လည်မှာ ရှိတဲ့ တစ်ရှူး တွေကို X ray သုံးပြီး ပုံဖော်ယူခြင်း ဖြစ်ပြီး သွား၊ ပါးစပ်၊ မေးရိုးအစရှိတာတွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ X-ray ပုံတွေဟာ သွားပိုးစားခြင်းတွေ၊ ဖုံးကွယ်နေတဲ့ အရာတွေ (ဥပမာ အံသွား) ဒီအတိုင်းမမြင်နိုင်တဲ့ အရိုးဆုံးရှုံးမှုတွေကို ဖေါ်ပြပေးနိုင်ပါတယ်။ သွားဓါတ်မှန် တွေကို သွားရောဂါကုသမှုတွေအတွက် စစ်ဆေးမှုတစ်ခု အဖြစ် အသုံးပြုကြပါတယ်။

သွားဓါတ်မှန် တွေဟာ ဓါတ်ရောင်ခြည် ပမာဏ အနည်းငယ်ကိုသာ အသုံးပြုကြပါတယ်။ အောက်ဖေါ်ပြပါ သွားဓါတ်မှန် တွေကို အများဆုံး အသုံးပြုကြပါတယ်။

• Bitewing X-rays တွေဟာ အပေါ်နဲ့ အောက်အံသွားတွေကို ဖေါ်ပြပြီး သွားတွေ တစ်ခုနဲ့ တစ်ခု ဘယ်လိုထိနေလဲဆိုတာကိုလည်း ဖေါ်ပြပေးနိုင်ပါတယ်။ ဒီ X-rays တွေကို သွားကြားထဲ သွားပိုးစားနေတာတွေနဲ့ အပေါ်နဲ့အောက်သွားတွေ ဘယ်လိုစီရီနေလဲဆိုတာတွေကို သိရှိဖို့အတွက်လည်း အသုံးပြုပါတယ်။ ပြင်းထန်တဲ့ သွားဖုံးရောဂါ၊ (သို့) သွားရောဂါပိုးဝင်ခြင်းတွေကြောင့် ဖြစ်တဲ့ အရိုးဆုံးရှုံးမှုကိုလည်း ဖေါ်ပြပေးနိုင်ပါတယ်။

• Periapical X-rays တွေကတော့ သွားတစ်ချောင်းလုံးကို အပေါ်ဆုံးကနေ အမြစ်ထဲ၊ သွားကိုထောက်ပံ့ထားတဲ့ အရိုးထဲအထိ ဖေါ်ပြပေးနိုင်ပါတယ်။ ဒီ X-rays တွေကို သွားဖုံးလိုင်းအောက် (သို့) မေးရိုးအတွင်းဘက် ပြဿနာတွေ ဖြစ်တဲ့ သွားတွေ၊ ပြည်တည်ခြင်း၊ အရည်အိတ်ဖြစ်ခြင်း၊ အကျိတ်ဖြစ်ခြင်း၊ နဲ့ ရောဂါအချို့နဲ့ ဆက်စပ်နေတဲ့ အရိုးပြောင်းလဲမှုတွေကို ရှာဖွေဖို့လည်း အသုံးပြုနိုင်ပါတယ်။

• Occlusal X-rays တွေကတော့ အာခေါင် အမိုး၊ ကြမ်းပြင်တွေကို ပြသပြီး သွားအပိုတွေကို၊ သွားဖုံးအတွင်းက ထွက်မလာသေးတဲ့ သွားတွေ၊ မေးရိုးကျိုးခြင်း၊ အာခေါင်ကွဲခြင်း၊ ပြည်တည်ခြင်း၊ အရည်အိတ်ဖြစ်ခြင်း၊ အဖုတွေကို ရှာဖွေဖို့ အသုံးပြုပါတယ်။ ဒီနည်းဟာ ပြင်ပအရာဝတ္ထုကိုလည်း ရှာဖွေဖို့ အသုံးပြုနိုင်ပါတယ်။

• Panoramic X-rays တွေဟာ မေးရိုး၊သွား၊ နှာခေါင်းနှင့် ဦးခေါင်းခွံကိုဆက်သွယ်ပေးတဲ့ လှိုဏ်ပေါက် sinuses ၊ နှာခေါင်းနဲ့ မေးရိုးအဆစ်တွေကို မြင်ကွင်းကျယ်အနေနဲ့ ပြသပါတယ်။ ဒီ X-rays တွေဟာ သွားပိုးစားခြင်းတွေကို ရှာဖွေခြင်း မရှိပါဘူး။ ဒီ X-rays တွေဟာ ပြဿနာတွေဖြစ်တဲ့ သွား၊ အရိုးပုံမှန် မဟုတ်ခြင်း၊ အရည်အိတ်၊ အကျိတ်၊ ရောဂါပိုးဝင်ခြင်းနဲ့ အရိုးကျိုးခြင်းတွေကိုတော့ ပြသနိုင်ပါတယ်။

• Digital X-rays တွေကို ကွန်ပျူတာထဲကို ပို့ပြီး သိမ်းဆည်းထားနိုင်ပါတယ်။

ပါးစပ်တစ်ခုလုံးရိုက်တဲ့ Periapical X-rays တွေကို သွားဆရာဝန်ဆီ ပထမဆုံးသွားတဲ့အချိန်အတွင်းမှာ ရိုက်နိုင်ပါတယ်။ Betewing X-rays တွေကို သွားပိုးစားခြင်းတွေကို ရှာဖွေဖို့ အသုံးပြုပြီး Paranomic X-rays တွေကိုတော့ ရံဖန်ရံခါ အသုံးပြုနိုင်ပါတယ်။ သင့်အသက်အရွယ်၊ ရောဂါဖြစ်ပွားနိုင်ခြေနဲ့ ရောဂါလက္ခဏာတွေပေါ်မူတည်ပြီး သွားဓါတ်မှန် တွေကို အသုံးပြုကြပါတယ်။

Dental X-Rays (သွားဓါတ်မှန်) ကို ဘာကြောင့် ရိုက်ကြတာလဲ။

သွားဓါတ်မှန် တွေကို အောက်ပါအချက်တွေကြောင့် ရိုက်ကြတာ ဖြစ်ပါတယ်။

• သွားပိုးစားခြင်း၊ သွားကိုထောက်ပံ့ပေးထားတဲ့ အရိုးဆုံးရှုံးခြင်း၊ သွားဒဏ်ရာရခြင်း အစရှိတဲ့ သွားပြဿနာများ၊ သွားဓါတ်မှန် တွေကို များသောအားဖြင့် အခြားလက္ခဏာတွေ မရှိခင် ဒီပြဿနာတွေကို စောစီးစွာ သိရှိဖို့ အသုံးပြုပါတယ်။

• နေရာမှန်မဟုတ်တဲ့ (သို့) သွားဖုံးကိုဖေါက်ထွက်ခြင်း မပြုနိုင်တဲ့ သွားတွေကို ရှာဖွေဖို့ အသုံးပြုပါတယ်။ သွားဖုံးကို ဖေါက်မထွက်နိုင်တဲ့ သွားတွေကို ပြဿနာဖြစ်နေတဲ့သွားလို့ ခေါ်ပါတယ်။

• အရည်အိတ်၊ အကျိတ်နဲ့ ပြည်တည်နာတွေကို ရှာဖွေရန်

• ကလေးသွားပေါက်နေစဉ်မှာ သွားဖုံးထဲမှာ ရှိတဲ့ လူကြီးသွားနေရာကို ရှာဖွေဖို့

• ကြီးမားတဲ့ သွားပိုးစားမှု၊ သွားအမြစ် ခွဲစိတ်မှု၊ သွားတုစိုက်ခြင်းတွေ နဲ့ ခက်ခဲတဲ့ သွားနှုတ်ခြင်းတွေ အတွက်

• မညီညာတဲ့သွားတွေကို ကုသမှု စီစဉ် ရန်အတွက်

သွားဓါတ်မှန် တွေ မပါဘဲနဲ့ဆိုရင် သွားဆရာဝန်တွေဟာ သွားပိုးစားမှုရဲ့ အစောပိုင်းအဆင့်တွေကို လွတ်သွားနိုင်ပါတယ်။

သွားပိုးစားခြင်း မရှိသော၊ သွားပိုးစားခြင်း ဖြစ်ပွားနိုင်ချေမရှိတဲ့ လူတွေအတွက်ဆိုရင်-

• လူကြီးတွေမှာ bitewing X-rays ကို ၂-၃ နှစ်တစ်ခါ

• ဆယ်ကျော်သက်တွေမှာ bitewing X-rays ၁နှစ်ခွဲကနေ သုံးနှစ် တစ်ခါ

• ကလေးတွေမှာ bitewing X-rays ၁-၂ နှစ် တစ်ခါ

သွားပိုးစားခြင်းရှိပြီး သွားပိုးစားဖို့ ရာခိုင်နှုန်းမြင့်တဲ့ သူတွေမှာဆိုရင်-

• လူကြီးတွေမှာ bitewing X-rays ၆ လကနေ တစ်နှစ်ခွဲတစ်ခါ

• ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ bitewing X-rays ၆လကနေ တစ်နှစ်မှာ တစ်ခါ ပြုလုပ်သင့်ပါတယ်။

ပြင်ဆင်မှု

dental X-rays ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

သွားဆရာဝန်အသစ်ဆီကို သွားတော့မယ်ဆိုရင် အခြား ရိုက်ထားတဲ့ ဓါတ်မှန် တွေကို ယူသွားသင့်ပါတယ်။ သင့်သွားဆရာဝန်အသစ်နဲ့ ဓါတ်မှန်သွားရိုက်ဖို့ လိုချင်မှ လိုပါလိမ့်မယ်။

Dental X-rays တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

သွားဓါတ်မှန်မရိုက်ခင်မှာ သင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် (သို့) ကိုယ်ဝန်ရှိနိုင်တယ်ဆိုရင် ပြောပြသင့်ပါတယ်။ သွားဓါတ်မှန် တွေဟာ သွား၊ ခံတွင်းကိုသာ ရိုက်သော်လည်း သင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် ကလေးကို ဓါတ်ရောင်ခြည် မသင့်အောင် ကာကွယ်ဖို့အတွက် ဓါတ်မှန်ရိုက်ခြင်းကို နောက်ဆုတ်နိုင်ပါတယ်။ တကယ်လို့ သွားဓါတ်မှန် တွေကို လုံးဝလိုအပ်တယ်ဆိုရင် ခဲ ဝတ်ရုံ ကို ဗိုက်ပေါ်မှာတင်ပြီး ကလေးကို ဓါတ်ရောင်ခြည် ထိခိုက်မှုကနေ ကာကွယ်နိုင်ပါတယ်။

သွားဓါတ်မှန်မရိုက်ခင်မှာ တခြားတော့ ဘာမှ အထူး ပြင်ဆင်စရာ မလိုအပ်ပါဘူး။

စစ်ဆေးမှု

Dental X-rays နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သွားဓါတ်မှန်ရိုက်ခြင်းကို သွားဆရာဝန်ရုံးခန်းမှာ လုပ်မှာဖြစ်ပြီး သွားဆရာဝန်က ဓါတ်မှန် တွေကို ကြည့်မှာ ဖြစ်ပါတယ်။

• ဓါတ်မှန် နည်းပညာရှင် က သင်ခုံပေါ်မှာ မတ်မတ်ထိုင်နေစဉ်မှာ ခဲ ဝတ်ရုံ (lead apron) နဲ့ ကာထားပေးမှာဖြစ်ပါတယ်။ ဒီ ဝတ်ရုံ ဟာ ကလေးကို ဓါတ်ရောင်ခြည်ထိခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ နည်းပညာရှင် ဟာ လည်ပင်းကို လည်ပင်းအကာ နဲ့ ကာထားပေးမှာ ဖြစ်ပါတယ်။

• အခန်းထဲမှာ ရှိတဲ့ အခြားသူတွေဟာလည်း အကာအကွယ်ဝတ်ရုံ (သို့) ကာကွယ်နိုင်တဲ့ အကာနောက်မှာ နေကြမှာဖြစ်ပါတယ်။

• နည်းပညာရှင် က သင့်ကို ဘုတ်ပြား (သို့) ပလပ်စတစ်ကို ကိုက်ခိုင်းထားမှာဖြစ်ပါတယ်။ ဒါတွေဟာ ဓါတ်မှန် ဖလင်ကို ထိန်းထားပေးမှာ ဖြစ်ပါတယ်။ သွားရဲ့ ပုံကိုမရမချင်း အကြိမ်ပေါင်းများစွာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အချို့ ဓါတ်မှန် စက်တွေမှာ ခေါင်းပေါ်မှာလည်နေတဲ့ ကင်မရာပါပြီး ထိုင်နေစဉ် (သို့) ရပ်နေစဉ်မှာ ပုံတွေကို ရိုက်မှာ ဖြစ်ပါတယ်။

• ဓါတ်မှန် ရိုက်ပြီးချိန်မှာ ပါးစပ်ကိုရေနဲ့ ကျင်းခိုင်းပါလိမ့်မယ်။

အချို့သွားဆရာဝန်တွေဟာ digital radiography (ဒစ်ဂျစ်တယ် ပုံရိပ်ဖမ်းယူနည်း)ကို အသုံးပြုကြပါတယ်။ ဒီနည်းလမ်းဟာ X-ray အစား electronic sensor (လျှပ်စစ်အာရုံခံကိရိယာ) ကို အသုံးပြုကြတာဖြစ်ပါတယ်။ Electronic image (ရုပ်ပုံလွှာ) ကို ရိုက်ယူပြီး ကွန်ပျူတာထဲမှာ သိမ်းထားတာဖြစ်ပါတယ်။ Digital radiography ဟာ ပုံမှန် သွားဓါတ်မှန် တွေထက် ဓါတ်ရောင်ခြည် အသုံးပြုမှု နည်းပါးပါတယ်။

စစ်ဆေးပြီးနောက်

dental X-rays ရိုက်ပြီးသွားချိန်မှာ ဘာဖြစ်မှာလဲ။

ဒီစစ်ဆေးမှု ပြုလုပ်ပြီးရင် ပုံမှန် လှုပ်ရှားမှုတွေကို ပြန်လည်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သွားဓါတ်မှန်ရိုက်အပြီးမှာ သင့်ကို ပြောပြနိုင်ပါတယ်။

သွားဓါတ်မှန် နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိခဲ့ရင် သွားဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

စစ်ဆေးမှုကို ဘာတွေက သက်ရောက်မှု ရှိသလဲ။

စစ်ဆေးမှု မပြုသင့်တဲ့ (သို့) အဖြေတွေက ကူညီမှုမရှိနိုင်တဲ့ အခြေအနေတွေကတော့

• ငြိမ်ငြိမ်မနေနိုင်ရင် (သို့) သွားနဲ့ ပလပ်စတစ် (သို့) ဘုတ်ပြား ကို မကိုက်ထားနိုင်ဘူးဆိုရင်

• သွားအစွပ်၊ အံကပ်၊ သွားထိန်းစတီးကြိုးတပ်ထားရင်

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး သွားဓါတ်မှန် ရဲ့ ပုံမှန် အဖြေအတိုင်းအတာ က ကွဲပြားမှု ရှိပါတယ်။ သင့်ဆရာဝန်နဲ့ အဖြေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု ပြုနိုင်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dental X-Rays (သွားဓါတ်မှန်) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

သွားဓါတ်မှန်

ပုံမှန်:

• သွားပိုးစားမှု မရှိဘူး။

• သွားကိုထောက်ပံ့ထားတဲ့ အရိုးတွေ ပျက်စီးမှု မရှိဘူး။

• သွား (သို့) အရိုးကျိုးခြင်း အစရှိတဲ့ သွားဘက်ဆိုင်ရာ ဒဏ်ရာရရှိမှုတွေ မရှိဘူး။

• အရည်အိတ်တွေ၊ အကျိတ်တွေ၊ ပြည်တည်နာတွေ မရှိဘူး။

• သွားဖုံးကိုဖောက်ထွက်မလာဘဲ မြှပ်နေတဲ့ သွား (သို့) သွားအပိုတွေ မရှိဘူး။ နေရာမမှန်ပဲပေါက်နေတဲ့ သွားတွေ မရှိဘူး။

ပုံမှန်မဟုတ်:

• သွားပိုးစားမှု ရှိတယ်။

• သွားကိုထောက်ပံ့ထားတဲ့ အရိုးတွေ ပျက်စီးမှု ရှိတယ်။

• သွား (သို့) အရိုးကျိုးခြင်း အစရှိတဲ့ သွားဘက်ဆိုင်ရာ ဒဏ်ရာရရှိမှုတွေ ရှိတယ်။

• အရည်အိတ်တွေ၊ အကျိတ်တွေ၊ ပြည်တည်နာတွေ ရှိတယ်။

• သွားဖုံးကိုဖောက်ထွက်မလာဘဲ မြှပ်နေတဲ့ သွား (သို့ ) သွားအပိုတွေ ရှိတယ်။ နေရာမမှန်ပဲပေါက်နေတဲ့ သွားတွေ ရှိတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement