backup og meta

De Quervain Surgery (ဒီ ကွာဗိန်း ခွဲစိတ်ခြင်း)

အခြေခံများဖြစ်နိုင်သည့်အန္တရာယ်များဘာဖြစ်မည်ကိုသိထားခြင်းခွဲစိတ်ကုသခြင်းပြန်ကောင်းခြင်း

အခြေခံများ

De quervainခွဲစိတ်ခြင်းဆိုတာ ဘာလဲ။

De quervain ရောဂါသည် သင်လက်ကောက်ဝတ်နှင့် လက်မတို့ကိုရွေ့လျားလိုက်လျှင် နာကျင်မှုကို ဖြစ်စေပြီး များသောအားဖြင့် လက်မအခြေတွင် ဖောင်းကြွနာကျင်နေတတ်ပါသည်

လက်မကိုရွေ့လျားပေးသော အရွတ်နှစ်ခုသည် လက်မအခြေတွင်ရှိသော အရွတ်အိတ်အတွင်း၌ လွတ်လပ်စွာ ပွတ်တိုက်လှုပ်ရှားနိုင်၏။ အရွတ်အိတ်မှ အမျှင်အကာများ ထူလာသည့်အခါ အိတ်သည် အလွန်ကြပ်လာပြီး လက်မနှင့်လက်ကောက်ဝတ် လှုပ်တိုင်း နာကျင်လာပါသည်။ တစ်ခါတစ်ရံ လက်မနှင့် လက်ကောက်ဝတ် တောင့်နေတတ်ပြီး ရွေ့မရတာမျိုး ကြုံရနိုင်ပါသည်။

De quervainခွဲစိတ်ခြင်းကို ဘာကြောင့်လုပ်ရသလဲ။

De quervain အရွတ်ကို လွှတ်ပေးသည့်ခွဲစိတ်မှုသည် လက်မအနီးရှိ လက်ကောက်ဝတ်ဖက်၌ ရှိနေသော အရွတ်ပေါ်သို့ ဖိအားလျော့ပေးခြင်းဖြစ်သည်။ ခွဲစိတ်ခြင်းဖြင့် အရွတ်ပေါ်ရှိ ရောင်နေသောတစ်ရှူးများကို ဖွင့်လိုက်ခြင်းဖြစ်သည်။ ထိုမှသာ နာကျင်မှုမရှိပဲ အရွတ်လှုပ်နိုင်ပါလိမ့်မည်။

လက္ခဏာများမပြင်းထန်ပါက လက်မနှင့်လက်ကောက်ဝတ်ကို အနားပေးပါ။ ညအိပ်လျှင် ကြပ်စည်းပါ။ ရူပကုထုံးနှင့် အရောင်ကျဆေးများကလည်း နာကျင်မှုကိုလျော့ပါးစေပါသည်။

လက်အခြေကြားထဲ စတီးရွိုက်ထိုးခြင်းဖြင့်လည်း လူ ၁၀ မှာ ၈ ယောက်ခန့် သက်သာကြောင်း တွေ့ရှိရပါသည်။

ဖြစ်နိုင်သည့်အန္တရာယ်များ

De quervain ခွဲစိတ်ခြင်းရဲ့ အန္တရာယ်တွေက ဘာတွေလဲ။

ခွဲစိတ်မှုတိုင်းလိုပင် အန္တရာယ်ရှိသည်ချည်းသာ။ သင်ကြုံရမည့် အန္တရာယ်များကို ခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

ဘယ်ခွဲစိတ်မှုမဆို ဖြစ်နိုင်သည့်နောက်ဆက်တွဲများမှာ မေ့ဆေးထုံးဆေးအား မမျှော်လင့်ပဲ တုန့်ပြန်ခြင်း၊ သွေးထွက်လွန်ခြင်း သို့မဟုတ် သွေးခဲခြင်း (ခြေအတွင်းသွေးပြန်ကြောများ သွေးခဲခြင်း DVT) တို့ ဖြစ်၏။ De quervain ရောဂါခွဲစိတ်ခြင်းအတွင် ဖြစ်လေ့ရှိသည့် နောက်ဆက်တွဲပြဿနာများမှာ –

  • လက်မထုံခြင်း
  • အမာရွတ်ကို ထိလျှင်နာခြင်း
  • လက်မအရွတ် နေရာလွဲခြင်း
  • အလွန်နာကျင်ခြင်း၊ တောင့်ခြင်းနှင့် လက်ကိုမသုံးနိုင်တော့ခြင်း (complex regional pain syndrome)

ခွဲစိတ်မှုကိုမလုပ်ခင် အန္တရာယ်နှင့် နောက်ဆက်တွဲ ပြဿနာများကို သိထားရန် အရေးကြီး၏။ မေးချင်သည်များရှိပါက ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

ဘာဖြစ်မည်ကိုသိထားခြင်း

De quervain ခွဲစိတ်ခြင်းအတွက် ဘာတွေပြင်ထားရမလဲ။

သင်လက်ရှိသုံးနေသည့်ဆေး၊ ဓါတ်မတည့်သည်များ သို့မဟုတ် ကျန်းမာရေးအခြေအနေများကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပါ။ ခွဲစိတ်မှုမလုပ်ခင် မေ့ဆေးဆရာဝန်နှင့် မေ့ဆေးအတွက် အတူပြင်ဆင်ရပါမည်။ မခွဲစိတ်ခင် အစားအသောက်ရပ်ရန် ညွှန်းကြားသည့်အချိန်ကို အတိအကျလိုက်နာရန် အရေးကြီးပါသည်။

ခွဲစိတ်ကုသခြင်း

De quervain ခွဲစိတ်နေစဉ် ဘာဖြစ်နိုင်မလဲ။

ခွဲစိတ်မှုကို ထုံဆေးဖြင့် ပြုလုပ်မည်ဖြစ်သည်။ များသောအားဖြင့် မိနစ် ၃၀ ကြာနိုင်ပါသည်။

ဆရာဝန်သည် လက်မအောက်ခြေကို အနည်းငယ် ခွဲပစ်ပါမည်။ ထို့နောက် de Quervain ရောဂါဖြစ်စေသည့် အမျှင်ထူနေသော အရွတ်အိတ်ကို ခွဲမည်။ ထိုမှနေ၍ အရွတ်အိတ်အတွင် အရွတ်များ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မည်ဖြစ်သည်။

စိတ်ပူသည်များ မေးချင်သည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

ပြန်ကောင်းခြင်း

De quervain ခွဲစိတ်ပြီးနောက် ဘာဖြစ်နိုင်မလဲ။

ခွဲစိတ်ပြီးသည့်နေ့မှာပင် အိမ်ပြန်နိုင်ပါသည်။

လက်ကိုမြှောက်လျက်ထားခြင်း ပတ်တီးစည်းခြင်းကို နှစ်ရက်လောက် လုပ်ရမည်။ လက်ချောင်းများ၊ တံတောင်ဆစ်နှင့် ပုံခုံးများကို ညင်သာစွာ လှုပ်ရှားနေမှသာ တောင့်တင်းမှုကို ကာကွယ်နိုင်မည်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်နေ့စဉ်လုပ်ငန်းများကို မြန်မြန်လုပ်လာနိုင်ရန် အထောက်အကူပြုပါသည်။ လေ့ကျင့်ခန်းမလုပ်ခင် ကျန်းမာရေးအဖွဲ့၊ ဆေးခန်းများတွင် မေးမြန်းပါ။

၁၀ ယောက်တွင် ၈ ယောက်သည် လက္ခဏာများ မြန်မြန်သက်သာပါသည်။ သို့သော် သင့်လက်ကောက်ဝတ်နှင့် လက်မကတော့ ရတ်သတ္တပတ်ပေါင်းများစွာ နာနေနိုင်ပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

De Quervain’s Tenosynovitis. http://www.handsurgery.com.au/services/de-quervains-tenosynovitis/. Accessed July 16, 2016.
De Quervain Tenosynovitis Treatment & Management. http://emedicine.medscape.com/article/1243387-treatment. Accessed July 16, 2016.
Surgery for de Quervain’s Syndrome. http://www.orthovirginia.com/phys-microsite/fpettrone-si-surgery-for-de-quervains-syndrome.asp. Accessed July 16, 2016.
A patient’s guide to de Quervain’s tenosynovitis. http://www.houstonmethodist.org/orthopedics/where-does-it-hurt/wrist/de-quervains-tenosynovitis/. Accessed July 16, 2016.

ယခုပုံစံ

26/01/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement