backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cocaine abuse (ကိုကင်းအလွဲသုံးခြင်း)


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cocaine abuse (ကိုကင်းအလွဲသုံးခြင်း) ကဘာလဲ။

ကိုကင်းသည် ဦးနှောက်ထဲရှိ အာရုံကြောလက်ဆင့်ကမ်းပစ္စည်းတစ်မျိုးဖြစ်သည့် ဒိုပါမင်းကို များစေသော မူးယစ်ဆေးတစ်မျိုး ဖြစ်သည်။ ဒိုပါမင်းသည် ပျော်ရွှင်မှုကိုဖြစ်စေပြီး လှုပ်ရှားမှုကို ထိန်းချုပ်ခြင်း၊ ဆုရရှိသည့် ခံစားမှု တို့နှင့်ပတ်သတ်နေသည်။ သို့သော် ထိုအရာကပင် စွဲလန်းစေ၍ အလွဲသုံးမှုများဖြစ်စေသည်။ ကိုကင်းအလွဲသုံးခြင်းကြောင့်

စိတ်ဝေဒနာများ၊ ရောဂါများနှင့် အသက်ဆုံးရှံုးခြင်းတို့အထိ ဖြစ်စေနိုင်သည်။

ကိုကင်းသည် စိတ်ပျော်စေခြင်း၊ တက်ကြွစေခြင်း၊ အားတက်စေခြင်းတို့ကြောင့် အပျော်အပါးအတွက် အလွဲသုံးချင်စဖွယ် ဆေးဖြစ်လာသည်။ ကိုကင်းအလွဲသုံးသူသည် ကိုကင်းကို ဆေးလိပ်အဖြစ်သောက်ခြင်း၊ နှာခေါင်းထဲပွတ်ရှူခြင်း၊ အကြောထဲ ထိုးသွင်းခြင်းတို့ ပြုလုပ်ကြသည်။

Cocaine abuse (ကိုကင်းအလွဲသုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Cocaine abuse (ကိုကင်းအလွဲသုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကိုကင်းအလွဲသုံးခြင်းရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့

တက်ကြွလွယ်ခြင်း

မျက်စိသူငယ်အိမ်ကျယ်ခြင်း

နှာရည်ယိုခြင်း

ကိုယ်အလေးချိန်ကျဆင်းခြင်း

စိတ်အပြောင်းအလဲမြန်ခြင်း

ပတ်ဝန်းကျင်နှင့် ကင်းကွာခြင်း

စွန့်စားလိုခြင်း

နှာခေါင်းသွေးယိုခြင်း

မိမိကိုယ်ကို အလွန်အမင်း ယုံကြည်လာခြင်း

စကားများလာခြင်း

အအိပ်အစား မမှန်ခြင်း

နှာခေါင်းနှင့် ပါးစပ်တဝိုက်တွင် ဖြူဖြူအမှုန့်များ ကပ်ကျန်နေခြင်း

လက်နှင့်နုတ်ခမ်းတဝိုက်တွင် မီးလောင်ဒဏ်ရာများရှိခြင်း

သန့်သန့်ရှင်းရှင်းမရှိတော့ခြင်း

ငွေကြေးအခက်အခဲရှိခြင်း

ယခင်က နှစ်သက်ခဲ့သည့်အရာများကို စိတ်မဝင်စားတော့ခြင်း

တစ်ကိုယ်တည်းသီးသန့်နေလိုခြင်း

ဇွန်း၊ ဘလိတ်ဓါး၊ ကျွတ်ကျွတ်အိပ်နှင့် အခြားဆေးသုံးသည့် အသုံးအဆောင်များကို ထိုသူ၏ အခန်း/ အိပ်ကပ်ထဲတွင် တွေ့ရခြင်း တို့ဖြစ်ပါသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Cocaine abuse (ကိုကင်းအလွဲသုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မည်သည့်မူးယစ်ဆေးအလွဲသုံးမှုအတွက်မဆို တစ်ခုတည်းသော အကြောင်းအရင်းဟူ၍ မရှိပါ။ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းများကြောင့်ဟု ယုံကြည်ကြသည်။

မျိုးရိုးဗီဇ။ ကိုကင်းအလွဲသုံးခြင်းသည် မျိုးရိုးလိုက်တတ်ကြောင်း သိရှိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဆွေမျိုးရင်းခြာထဲတွင် ကိုကင်းသုံးသူရှိသူသည် အခြားသူများထက် အလွဲသုံးနိုင်ခြေ ပိုများသည်။

ဦးနှောက်တွင်းရှိဓါတုပစ္စည်းများ။ ကိုကင်းနှင့် ထိတွေ့ဖန်များလျှင် ဦးနှောက်တွင်းရှိဓါတုပစ္စည်းတစ်မျိုးဖြစ်သည့် ဒိုပါမင်းပမာဏကို ထိန်းညှိပေးသည့် မျိုးဗီဇတွင် ပြောင်းလဲမှုဖြစ်လာကြောင်း သာဓကများရှိသည်။ ဒိုပါမင်းသည် ကိုကင်းသုံးသောအခါ ရလာသော တက်ကြွမှုနှင့်ဆိုင်သည်။ ထိုတက်ကြွမှုသည်ပင် စွဲလန်းစေခြင်း၏ အဓိကတရားခံဖြစ်သည်။

ဦးနှောက်ဖွဲ့စည်းပုံ။ amygdala, prefrontal cortex တို့ကဲ့သို့ ဦးနှောက်၏ အချို့နေရာများသည် ကိုကင်းအပါအဝင် မူးယစ်ဆေးများကိုတောင့်တခြင်းနှင့် ဆက်စပ်နေသည်။ ကိုကင်းအလွဲသုံးသူများ၏ ဦးနှောက်ရှီ ထိုနေရာများသည် မသုံးသည့်လူများ၏ ဦးနှောက်နှင့် မတူကွဲပြားနေသည်ကို တွေ့ရသည်။

ဦးနှောက်ရှိသာယာမှုကိုသိသောနေရာများအပေါ်သက်ရောက်ခြင်း။ ကိုကင်းသည် ဦးနှောက်ရှိ သာယာမှုကိုသိသောနေရာများမှ ပုံမှန်ပျော်ရွှင်ကျေနပ်စေသည့် အရာများအပေါ် တုန့်ပြန်ခြင်းကို ရပ်တန့်စေနိုင်သည့် ဆိုးကျိုးကိုပေးသည်။ ထို့ကြောင့် နောက်ဆုံးတွင် ကိုကင်းရှိမှသာ သာယာပျော်ရွှင်မှုကို ခံစားရသည်အထိ ဖြစ်လာသည်။ ဆေးမရှိပါက ထိုသူသည် မပျော်ရွှင်နိုင်တော့ဘဲ အလွန်အကျွံ စိတ်ဓါတ်ကျကာ မိမိကိုယ်ကို သတ်သေသည်အထိ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ထိုစိတ်ဆင်းရဲခြင်းကို မခံစားနိုင်သဖြင့် ဆေးကိုဆက်လက်အသုံးပြု ကြရသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Cocaine abuse (ကိုကင်းအလွဲသုံးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကိုကင်းအလွဲသုံးခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

လူမှုရေးဆိုင်ရာ အကြောင်းများတွင် လူမှုစီးပွားရေးအခြေအနေ နိမ့်ပါးခြင်း၊ ပညာအရည်အချင်းနိမ့်ခြင်း၊ ပတ်ဝန်းကျင် အပေါင်းအသင်းများ၏ဖိအား၊ ဆေးအလွယ်ရနိုင်ခြင်း၊ မှုခင်း/ဆေးစွဲမှု များသောအရပ်တွင် နေထိုင်ခြင်း တို့ပါဝင်သည်။

မိသားစုဆိုင်ရာအကြောင်းများတွင် မိဘအုပ်ထိန်းမှုနှင့် ကင်းကွာခြင်း၊ စည်းကမ်းမရှိခြင်း/တင်းကြပ်လွန်းခြင်း၊ မိသားစုတွင်း ဆက်ဆံရေးမပြေလည်ခြင်း၊ မိသားစုတွင်းခိုက်ရန်ဖြစ်ပွားမှု၊ ကွာရှင်းမှုများ ပါဝင်သည်။

တစ်ဦးတစ်ယောက်စီနှင့် ဆိုင်သောအကြောင်းများမှာ အမျိုးသားဖြစ်ခြင်း၊ ကော့ကေးဆပ်မျိုးနွယ်ဝင်ဖြစ်ခြင်း၊ လူငယ်လူရွယ်ဖြစ်ခြင်းတို့ ပါဝင်သည်။ ဆိုးသွမ်းသောကလေးဖြစ်ခဲ့ခြင်းနှင့် အခြားအပြုအမူဆိုင်ရာ ပြဿနာများဖြစ်သည့် နှိပ်စက်ခံရခြင်း၊ စိတ်ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ပညာရေးပြဿနာများ အားလုံးသည် ကိုကင်းအလွဲသုံးနိုင်ခြေ မြင့်တက်စေသည်။ အခြားအကြောင်းများမှာ စွန့်စားလိုစိတ်ရှိခြင်း၊ ဆေး၏အန္တရာယ်များကို မသိခြင်းတို့ ဖြစ်သည်။

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ ကိုကင်းအလွဲသုံးခြင်းမဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cocaine abuse (ကိုကင်းအလွဲသုံးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ကိုကင်းအလွဲသုံးခြင်းကို အများအားဖြင့် အရေးပေါ်ဌာနက အတည်ပြုပေးပြီး လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန်အချိန်လိုအပ်သည့်အတွက် လူနာကို ဆေးရုံတင်ရသည်။

ခြုံပြောရလျှင် ဆရာဝန်သည် ကိုကင်းနှင့် ပတ်သတ်သည့်အခြေအနေအတွက် လိုအပ်သည့် စစ်ဆေးမှုအားလုံးကို ပြုလုပ်လိမ့်မည်။ ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်ခြင်းတို့ အပြင် ဆီးနှင့် သွေးစစ်ခြင်း၊ ရင်ဘတ်ဓါတ်မှန်၊ စီတီ၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်း၊ ခါးဆစ်ရိုးဖောက်ခြင်းတို့ ပါဝင်နိုင်သည်။

Cocaine abuse (ကိုကင်းအလွဲသုံးခြင်း) ကို ဘယ်လိုကုသပါသလဲ

ရှေးဦးစွာ လူနာသည်ကိုကင်းနှင့် အခြားဆေးများအသုံးပြုခြင်းကို ရပ်ရမည်။ ကိုကင်းမှပေးသော ဆိုးကျိုးများကို အိမ်တွင်ကုသ၍မရပါ။ အများစုမှာ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများဖြစ်သည်။

စိုးရိမ်ပူပန်ခြင်း၊အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အနည်းငယ်စိတ်ဓါတ်ကျခြင်း၊ ကြောက်လန့်ခြင်း၊ မပြင်းထန်သော ခေါင်းကိုက်ခြင်းတို့ကို ဆေးမသုံးတော့ဘဲ လူနာကို စောင့်ကြည့်ခြင်းဖြင့် အိမ်မှာပင်ကုသနိုင်သည်။

နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း တို့ကိုလည်း ဆေးဖြတ်ပြီး၊ ရှူသည့်လေ၏ စိုထိုင်းဆကို ရေငွေ့ပေးစက်များဖြင့် များစေခြင်း၊ နှာခေါင်းသွေးလံျှလျှင် ၁၀မိနစ်ခန့်နှာခေါင်းကို ဖိထားခြင်းဖြင့် အိမ်မှာပင်ကုသနိုင်သည်။ bacitracin ကဲ့သို့ ပဋိဇီဝလိမ်းဆေးနှင့် petroleum jellyလိမ်းဆေး တို့သည် ခြောက်သွေ့အက်ကွဲခြင်းကို သက်သာစေသည်။ နှာခေါင်းမနှိုက်ပါနှင့်။

အကြောမှဆေးထိုးသွင်းသူများသည် ကူးစက်ရောဂါများမှ ကာကွယ်ရန် အပ်များကိုပြန်သုံးခြင်း၊ ဝေမျှခြင်းမှ ရှောင်ကြဉ်ရမည်။ ဆေးမထိုးမီ အရေပြားကို သေချာစွာ သန့်ရှင်းခြင်းသည်လည်း ပိုးဝင်ခြင်းမှ ကာကွယ်နိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကိုကင်းအလွဲသုံးခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ကိုကင်းအလွဲသုံးခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

အထူးသဖြင့်အလွဲသုံးနိုင်ခြေ မြင့်မားသူများတွင် အရွယ်မရောက်ခင် ကလေးဘဝကပင် စတင်ကာကွယ်ရမည်။ မိသားစုထဲတွင် အရက် သို့မဟုတ် ဆေးစွဲသည့် ရာဇဝင်ရှိသည့် ကလေးများပါဝင်သည်။ ကလေးသူငယ်များကို ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးတို့ကို ရှောင်ရှားရန် သင်ကြားထားခြင်းသည် အရိုးရှင်းဆုံးနည်းလမ်းဖြစ်သော်လည်း အကောင်းဆုံးကာကွယ်နည်းဖြစ်သည်။ ကလေးများနှင့် မျိုးဆက်သစ်များကို ဆေးလိပ်၊အရက်၊ဆေးခြောက်စသည့် လမ်းစပေါ်မရောက်အောင် ကာကွယ်ထားခြင်းဖြင့် ကိုကင်းကဲ့သို့ နောက်တစ်ဆင့်မြင့်သည့် မူးယစ်ဆေးများ အသုံးပြုခြင်းမှ ကာကွယ်နိုင်ပြီး မူးယစ်ဆေး၏ရေရှည်ဆိုးကျိုးများနှင့် ကင်းဝေးစေမည်ဖြစ်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement