backup og meta

Benign essential tremor (တုန်ခါခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်။

Essential tremor ဆိုတာဘာလဲ။

Essential tremorဆိုသည်မှာ ခန္ဓါကိုယ်ရှိအစိတ်အပိုင်းများတွင် ထိန်းမရအောင်တုန်ခါမှုနေစေသည့် အာရုံကြောရောဂါတခုဖြစ်

သည်။ အဖြစ်များသောအစိတ်အပိုင်းများတွင် လက်များ၊လက်မောင်း၊ခေါင်း၊အသံအိုး၊လျှာနှင့်မေးစေ့တို့ပါဝင်သည်။ ခန္ဓါကိုယ်အောက်ပိုင်းတွင် ဖြစ်ပွားခဲသည်။ ထိုရောဂါသည် အသက်ဘေးရန်ကိုမထိခိုက်စေသော်လည်း အချိန်ကြာလာသည်နှင့်အမျှပိုဆိုးလာတတ်သည်။ တခါတရံတွင် ပါကင်ဆန် ရောဂါနှင့်မှားယွင်းနိုင်သည်။

Essential tremor ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အမေရိကန်ရှိ လူဆယ်သန်းမှာ ဒီရောဂါရှိပါတယ်။ အဖြစ်များဆုံးသောရောဂါတခုဖြစ်ပါတယ်။ အသက်အရွယ်မျိုးစုံမှာ ဖြစ်ပွားနိုင်ပေမယ့်မြှီးကောင်ပေါက်အရွယ်(သို့)အသက်40-50များတွင် ပထမဦးဆုံးအကြိမ်အဖြစ်မကြာခဏဖြစ်ပွားနေတာတွေ့ရပါတယ်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

Essential tremor ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Essential tremor ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ယာယီမျှ ထိန်းချုပ်မရအောင် တုန်နေခြင်း
  • အသံတုန်ခြင်း
  • ခေါင်းတဆက်ဆက်ငြိမ့်သွားခြင်း
  • စိတ်ပိုင်းဆိုင်ရာဖိစီးမှုများချိန်တွင် ပို၍ဆိုးဝါးစွာ တုန်ခါခြင်း
  • မိမိမှ စိတ်သဘောဆန္ဒဖြင့်လှုပ်ရှားလိုက်လျှင်ပို၍ဆိုးဝါးစွာ တုန်ခါလာခြင်း
  • ထိုသို့တုန်ခါမှုများသည်နားလိုက်လျှင်သက်သာသွားခြင်း
  • မိမိကိုယ်ကို ငြိမ်အောင်မထိန်းနိုင်ခြင်း(ရှားပါးသည်)
  • အလိုလို ခေါင်းငြိမ့်ခြင်း (သို့)ခေါင်းခါခြင်း
  • စိတ်ဖိစီးမှု၊ပင်ပန်းနွမ်းနယ်ခြင်း၊ကဖီးန်ဓါတ်(သို့)အစွန်းရောက်နေသော အပူချိန်များကြောင့်လည်း ပိုမိုဆိုးဝါးစေနိင်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက Essential tremor ဖြစ်ပွားစေသလဲ။

အရက်အလွန်အကျွံသောက်ခြင်း၊သိုင်းရွိုက်ဂလင်းအလွန်အကျွံအလုပ်လုပ်နေခြင်း၊လေဖြတ်ခြင်းနှင့်များပြားလှသော အာရုံကြောရော

ဂါများသည် တုန်ခါမှုများကို ဖြစ်ပွားစေသည်။ သို့သော် ထိုကဲ့သို့သောအကြောင်းအရာများကြောင့်ဖြစ်သည့် တုန်ခါမှုများကို Essential tremorဟုခေါ်ဆိုခြင်းမရှိပေ။ မည်သည့် ဗီဇကြောင့်ဖြစ်ပွားသည်ကို မသိရသော်လည်း 50ရာခိုင်နှုန်းသော Essential tremor ရောဂါများသည် မျိုးရိုးဗီဇပြောင်းလဲမှုနှင့်ပတ်သတ်သည်။FamilialTremorဟုလည်း ခေါ်သည်။ ထိုကဲ့သို့မျိုးရိုးဗီဇမရှိသော သူများတွင် မည်သည့်အကြောင်းအရာကြောင့် Essential tremorဖြစ်ပွားစေသည်ကို ရှင်းလင်းစွာမသိရသေးပေ။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက Essential tremor ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Essential tremor ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-

  • မျိုးရိုးဗီဇပြောင်းလဲခြင်း – ထိုရောဂါ၏မျိုးရိုးလိုက်သည့်ရောဂါအမျိုးအစားမှာ autosomal dominant disorderဖြစ်သည်။ မိဘတစ်ဦး

၏ ချို့ယွင်းချက်ရှိသော ဗီဇတခုသည် ဝေဒနာရှင်တွင်ရှိနေသည်။ သင့်မိဘတွင် ထိုရောဂါဗီဇရှိပါက သင့်တွင်ထိုရောဂါဖြစ်နိုင်ချေ 50ရာခိုင်နှုန်းရှိနေသည်။

  • ထိုရောဂါသည် အသက်40နှင့်40ကျော်များတွင် ပိုအဖြစ်များသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Essential tremor ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

အာရုံကြောစစ်ဆေးမှုများ

အာရုံကြောစစ်ဆေးမှုများတွင်သင့်အာရုံကြောစနစ်၏စွမ်းဆောင်ရည်ကို အောက်ပါ အတိုင်း စစ်ဆေးပါလိမ့်မည်။

  • အရွတ်ကြောများ၏တုံ့ပြန်မှုကို လှံု့ဆော်စစ်ဆေးခြင်း
  • ကြွက်သားများ၏ကြံ့ခိုင်မှုနှင့် တင်းအားအခြေအနေ
  • အချို့သောအာရုံသိစိတ်များကို ခံစားနိုင်စွမ်းရှိမရှိ
  • ခန္ဓါကိုယ်အနေအထားနှင့် တွဲဖက်လုပ်ဆောင်နိုင်မှု
  • လမ်းလျှောက်ပုံ စသည်တို့ပါဝင်သည်။

ဓါတ်ခွဲစစ်ဆေးခြင်း

  • သင့်၏သွေးနှင့်ဆီးကို အောက်ပါအခြေအနေများအတွက်စစ်ဆေးသည်။

သိုင်းရွိုက်ရောဂါ

ဇီဝကမ္မရောဂါများ

ဆေး၏ဘေးထွက်ဆိုးကျိုးများ

အရက်ပမာဏ

တုန်ခါမှုဖြစ်ပွားစေနိုင်သည့် ဓါတုပစ္စည်းများ၏ ပမာဏ

လုပ်ဆောင်ပြသစေခြင်းဖြင့် အကဲခတ်စစ်ဆေးခြင်း

တုန်ခါမှုအားအကဲခတ်သုံးသပ်နိုင်ရန် သင့်ဆရာဝန်မှ အောက်ပါတို့ကိုလုပ်ခိုင်းတတ်သည်။

  • ဖန်ခွက်မှ ရေသောက်စေခြင်း
  • လက်မောင်းများကို ဆန့်တန်းစေခြင်း
  • စာရေးစေခြင်း
  • မွေလိမ်မွေကောက်အရာများကို ရေးဆွဲစေခြင်း စသည်ဖြင့်ဖြစ်သည်။

Essential tremor ကို ဘယ်လိုကုသလဲ။

ဆေးဝါးဖြင့်ကုသမှု

Propranolol ကဲ့သို့သော betablockers ဆေးများသည် adrenaline ဓါတ်ကို ထိန်းညှိပေးပြီး ရောဂါ ပိုဆိုးမလာအောင်ကာကွယ်ပေးသည်။

Flunarizine ကဲ့သို့သောသွေးပေါင်အားထိန်းညှိပေးသည့်ဆေးများသည်လည်း adrenaline ဓါတ်ကိုထိန်းညှိပေးသည်။

Primidone ကဲ့သို့သော အတက်ပျောက်ဆေးများသည်လည်း အာရုံကြောဆဲလ်များ၏ လှံူ့ဆော်တက်ကြွမှုကို လျှော့ချပေးသည်။

Alprazolam ကဲ့သို့သော မပြင်းထန်သည့် စိတ်ငြိမ်ဆေးများသည်လည်း ကုသမှုတစ်မျိုးဖြစ်သည်။

Occupational therapists များသည် သင့်အား ထိုရောဂါနှင့်အသက်ရှင်စဉ်တွင် အဆင်ပြေပြေဖြစ်ရန် ကူညီပေးတတ်သည်။ သင့်နေ့စဉ်လုပ်ငန်းများတွင် သက်ရောက်တတ်သည့် တုန်ခါမှုများကို လျှော့ချရန်သုံးသော ပစ္စည်းအချို့မှာ

  • ပို၍လေးလံကြီးမားသော အသုံးအဆောင်များ၊ဖန်ခွက်များ
  • ပို၍လေးလံကြီးမားသော ကိရိယာများ ဥပမာ – လက်ကိုင်နေရာကျယ်သောဘောပင်များ
  • လက်ကောက်များ စသည်ဖြင့်ဖြစ်သည်။

ခွဲစိတ်ကုသခြင်း

  • ဦးနှောက်အားလှံူဆော်ကုသရာတွင် တုန်ခါမှုများဖြစ်စေသည့် အာရုံကြော၏သတင်းပေးပို့မှုများကို ထိန်းချုပ်သော သင့်ဦးနှောက်ရှိ နေရာတခုတွင် သေးငယ်သော အီလက်ထရုတ်များထည့်ကာ ကုသရသည်။

Stereotactic radio surgeryဆိုသည်မှာပြင်းအားများသော ဓါတ်ရောင်ခြည်များကို ဦးနှောက်ရှိသေးငယ်သောနေရာတခုသို့ထိတွေ့စေကာ တုန်ခါမှုများကို သက်သာစေသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Essential tremor ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Essential tremor ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ကဖင်းဓါတ်အားရှောင်ကြဉ်ပါ။ ကဖင်းနှင့်အချို့သောပစ္စည်းများသည် တုန်ခါမှုကို ဖြစ်စေနိုင်ပါသည်။
  • အရက်ကို သင့်တင့်ရုံမျှ သောက်သုံးပါ (သို့)အရက်ဖြတ်ပါ။ အချို့သောအခြေအနေများတွင် အရက်ဖြတ်လိုက်ပြီးမှ အနည်းငယ်မျှသာ

သက်သာကောင်းမွန်သွားတတ်သော်လည်း အရက်သောက်ခြင်းသည် ကောင်းကျိုးတစ်စုံတစ်ရာမှ ပေးမည်မဟုတ်ကြောင်းသိရှိကြပြီးဖြစ်သည်။ အရက်ကို ရုတ်တရက်ဖြတ်လိုက်သောအခါတွင် လည်း ပိုမိုတုန်ခါနိုင်ပြီး ထိုသို့မဖြစ်ရန် ဝေဒနာရှင်သည်အရက်ကိုပိုပိုတိုးသောက်သောကြောင့်လည်း အရက်စွဲသွားနိုင်ပါသည်။

  • စိတ်ကိုပေါ့ပေါ့ပါးပါးထားနိုင်ရန် သင်ယူပါ။ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်ခြင်းတို့သည် တုန်ခါမှုကို ပိုမိုဖြစ်ပွားစေပြီး စိတ်ကိုဖြေလျှော့ထားပါက တုန်ခါမှုများကို ကောင်းမွန်သက်သာစေသည်။ သင့်ဘဝထဲမှ စိတ်ဖိစီးမှုအားလုံးကို ထုတ်ပယ်မပစ်နိုင်သော်လည်း သင်သည် စိတ်ဖိစီးရသည့် အခြေအနေများအား ရင်ဆိုင်

တုံ့ပြန်ပုံတို့ကို နည်းစနစ်ကောင်းများဖြင့် ပြောင်းလဲနိုင်သည်။ဥပမာ အနှိပ်ခံခြင်း(သို့)တရားထိုင်ခြင်း။

  • သင့်ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲခြင်း – တုန်ခါတတ်သည့်လက်ကို သိပ်မသုံးပဲထားပါ။ ထိုလက်ဖြင့် စာရေးရခြင်းကိုရှောင်ကြဉ်နိုင်ရန် နည်းလမ်းများရှာပါ။ဥပမာ – အွန်လိုင်းမှ ဘဏ်နှင့်အကြွေးကဒ်များ ကို စာရွက်ချက်လက်မှတ်များ

အစားအသုံးပြုခြင်း။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Essential tremor. http://www.mayoclinic.org/diseases-conditions/essential-tremor/home/ovc-20177826. Accessed January 14, 2017

Essential tremor. http://www.webmd.com/brain/essential-tremor-basics#2. Accessed January 14, 2017

Essential tremor. http://www.healthline.com/health/essential-tremor#Overview1. Accessed January 14, 2017

ယခုပုံစံ

14/01/2022

Dr. Kaung Thar မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement