backup og meta

သင့်ရဲ့ sciatica ကို ကုသခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အမှန်တရား (၂)ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့ sciatica ကို ကုသခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အမှန်တရား (၂)ခု

    Sciatica ဆိုတာကတော့ သင့်ခန္ဓါကိုယ်ရဲ့ အကြီးဆုံး အာရုံကြောတစ်ခုဖြစ်တဲ့ sciatic အာရုံကြောနဲ့ ဆက်စပ်နေတဲ့ နာကျင်မှုတစ်ခုပါ။ ဒိနာကျင်မှုမျိုးကို တစ်သက်မှာ တစ်ခါတော့ သင်ကြုံရနိုင်ပါတယ်။ ဒါကြောင့် ဒီအဖြစ်များတဲ့ ရောဂါနဲ့ပတ်သက်လို့ အကောင်းဆုံးကုသမှုခံယူနိုင်ဖို့အတွက် သင်သိထားသင့်တဲ့ အမှန်တရား နှစ်ခုကို ရှာဖွေလိုက်ရအောင်။

    နံပါတ် (၁)အမှန်တရား။ ။ sciatica ဖြစ်ရတဲ့ အကြောင်းရင်းတွေဟာ မျိုးရိုးကြောင့်မဟုတ်ပါဘူး။

    Sciatica ဆိုတာက ကျောအောက်ပိုင်းမှာရှိတဲ့ ပြဿနာတစ်ခုခုကြောင့် ဖြစ်ရတာပါ။ ဥပမာ ကျောရိုးမကြီးရဲ့ ပြန်လည်ဖွဲ့စည်းနိုင်စွမ်းကျဆင်းသွားလို့ ဒါမှမဟုတ် ကျောရိုး ဒဏ်ရာရမှုကြောင့်ဖြစ်ရတာပါ။ ဒါဟာ မျိုးရိုးကြောင့်မဟုတ်ပါဘူး။

    ဥပမာ- Hernia ကိုခံစားနေရတဲ့ အရိုးချပ်ပြားတွေဟာ sciatica ကို ခံစားရစေနိုင်ပါတယ်။ ကျောရိုးချပ်ပြားတွေဆိုတာကလည်း ကျောရိုးမကြီးရဲ့ အရိုးနှစ်ခုကြားမှာ တည်ရှိတာပါ။ ပိုမိုပျော့ပျောင်းတဲ့ အတွင်းသားက မာကြောတဲ့ အပြင်လွှာရဲ့ အက်ရာကြားက ထိုးဖောက်ထွက်လာပြီး အာရုံကြောပေါ်ဖိမယ်ဆိုရင် နာကျင်မှုကို ခံစားရနိုင်ပါတယ။်

    ဒါဟာတစ်ဦးတစ်ယောက်ချင်းရဲ့ အခြေအနေတွေဖြစ်ပြီး မျိုးဆက်တစ်ဆက်ကနေ တစ်ဆက် လက်ဆင့်ကမ်းလာတာမဟုတ်ပါဘူး။ ဒါကြောင့် sciatica ကိုကုသတဲ့အခါ ရောဂါဖြစ်ရတဲ့ တကယ့်အကြောင်းရင်းပေါ်ကိုပဲ အာရုံစိုက်ဖို့လိုပါတယ်။

    အမှန်တရား နံပါတ် (၂)။ Sciatica ဆိုတာက လက္ခဏာတစ်ခုပါပဲ။ ရောဂါတစ်ခုမဟုတ်ပါဘူး

    လူအများစုကတော့ sciatica ဆိုတာ နာကျင်မှုကိုဖြစ်နေစေတဲ့ ရောဂါတစ်ခုလို့ထင်နေကြပါတယ်။ ဒါပေမဲ့ ဒါဟာ နာကျင်မှုရဲ့ လက္ခဏာတစ်ရပ်ပါပဲ။

    Sciatica ဆိုတာက ကျောရိုးရဲ့အခြားဖွဲ့စည်းမှု အစိတ်အပိုင်းတစ်ခုခု ဥပမာ herniated disc က sciatic အာရုံကြောတွေပေါ် ဖိအားတစ်ခုခုပေးလိုက်တဲ့အခါ နောက်ကျောတွေကစလို့ ခြေထောက်၊ ခြေဖဝါးနဲ့ ခြေချောင်းလေးတေါကိုပါ နာကျင်စေတဲ့ အခြေအနေတစ်ခုပါ။

    နာကျင်မှုကို ဘာကဖြစ်ပေါ်စေတာလဲဆိုတဲ့ ရောဂါကို အတည်ပြုပြီး ဒါကိုပဲ ကုသမယ်ဆိုရင်တော့ နာကျင်မှုတွေ သက်သာလာနိုင်ပါတယ်။

    Sciatica ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းရင်းကတော့-

    – Lumbar disc herniation လို့ခေါ်တဲ့ lumbar slipped disc: နူးညံ့တဲ့အတွင်းသားက မာကျောတဲ့ အပေါ်ယံကိုဖောက်ထွက်လာပြိး အနီးနားက အာရုံကြောတွေပေါ် ဒါမှမဟုတ် ကျောရိုးပေါ် ဖိအားပေးတဲ့အခါ

    – Lumbar spinal disc ရဲ့ ဆုတ်ယုတ်ပျက်စိးခြင်း : ဒီအရိုးချပ်ပြားလေး အိုမင်းလာတဲ့အခါမှာ အားနည်းလာပါတယ်။ ကျောရိုးဟာ အာရုံကြောတေါကို ထိခိုက်စေနိုင်မယ့် အပိုလှုပ်ရှားမှုတွေကိုပါ လုပ်ဆောင်ရပါတော့တယ်။

    – Isthmic spondylolisthesis: အရိုးချပ်ပြားတစ်ခုက သူ့ရဲ့အောက်က အရိုးချပ်ပြား အရှေ့ကိုချော်ထွက်ပြီး အာရုံကြောအမြစ်တွေကို ထိခိုက်စေတဲ့အခါ

    – Lumbar spinal stenosis: ကျောရိုးလိုဏ်ခေါင်းက ကျဉ်းလာပြီး ကျောရိုးမကြီးကို ထိခိုက်လာပါတယ်။

    – အခြား။ ။ အထက်မှာဖော်ပြခဲ့တာတွေကတော့ sciatica ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းရင်းတွေပါ။ ဒါပေမဲ့ ကျောရိုးမကြီးပိုးဝင်ခြင်း၊ ကျောရိုးလိုဏ်ကို ထိခိုက်စေတဲ့ ကျောရိုးအကြိတ် စတဲ့ အဖြစ်နည်းတဲ့ အကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။

    Sciatica ဆိုတာကတော့ ခန္ဓါကိုယ်အောက်ပိုင်းရဲ့ အာရုံကြောအမြစ်တွေကို ထိခိုက်စေတဲ့ ကျောရိုးပြဿနာပါ။ ဒီပြဿနာကို ထိရောက်စွာ ကုသမယ်ဆိုရင်တော့ ကောင်းကောင်းဖြေရှင်းနိုင်ပါတယ်။ အကောင်းဆုံး ပြင်ဆင်ထားနိုင်ဖို့အတွက်တော့ sciaticaကုသနည်း အကြောင်းတွေကို သေချာ ဂရုတစိုက် လေ့လာသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement