backup og meta

ခြေဗလာနဲ့ လမ်းလျှောက်ခြင်းကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေဗလာနဲ့ လမ်းလျှောက်ခြင်းကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    ပထဝီဓါတ်ယူပါ။မြေကြီးဓါတ်ယူပါလို့ပြောတာကိုကြားဖူးကြမှာဖြစ်ပါတယ်။ ဒီလိုမျိုးမြေကြီးဓါတ်ပြည့်ဝစေဖို့အတွက်လုပ်ဆောင်နိုင် မယ့်အရိုးစင်းဆုံးနည်းလမ်းကတော့ခြေဗလာနဲ့လမ်းလျှောက်တာပဲဖြစ်ပါတယ်။ခြေထောက်ကိုမြေကြီးနဲ့တိုက်ရိုက်ထိတွေ့ပြီးလျှောက်ပေးတာက ခန္ဓါကိုယ်ကို ကမ္ဘာမြေဆီကနေnegative electronsတွေကို စုပ်ယူနိုင်စေသလို ခန္ဓါကိုယ်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို စည်းချက်ညီစေပြီး ကိုယ်တွင်းကbioelectrical ဝန်းကျင်ကိုလည်းဟန်ချက်ညီအောင်လုပ်ဆောင်ပေးပါတယ်။

    တိုးတက်လာတဲ့ လူနေမှုဘဝပုံစံကြောင့် ကျွန်မတို့ဟာ မိခင်ကမ္ဘာမြေကြီးနဲ့ ထိတွေ့ခွင့်ကိုတော်တော်လေးကိုဆုံးရှုံးနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ပေးပြီး ကမ္ဘာမြေကြီးနဲ့တိုက်ရိုက်ထိတွေ့မှုကို ခံစားကြည့်လိုက်ပါ။ သင်ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေရရှိစေမှာအသေအချာပါပဲ။

    ခြေချင်းဝတ်နဲ့ခြေဖဝါးတွေကို သန်မာစေခြင်း

    ခြေဗလာနဲ့ လမ်းလျှောက်တာကခြေထောက်ကို သဘာဝအတိုင်းလှုပ်ရှားနိုင်ခွင့်ရရှိစေတာကြောင့်ခြေချင်းဝတ်နဲ့ခြေဖဝါးတွေကို သန်မာစေပါတယ်။ ရှုးဖိနပ်တွေက ကြွက်သားတွေကိုချည့်နဲ့စေပြီးခြေဖဝါးတွေကို အားနည်းစေပါတယ်။ခြေချင်းဝတ်တွေနဲ့ခြေဖဝါးတွေက ကြွက်သားတွေကိုမြေကြီးနဲ့မှန်မှန်ထိတွေ့စေမယ်ဆိုရင်ခြေထောက်နဲ့ ဦးနှောက်ကြားက ချိတ်ဆက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ခန္ဓါကိုယ်ကို ပိုမိုဟန်ချက်ညီလာစေပြီး ပိုမိုသန်မာလာစေသလို ထိခိုက်ဒဏ်ရာရမှုတွေကနေလည်းပိုမိုခံနိုင်ရည်ရှိစေပါတယ်။

    နာကျင်မှု နဲ့ ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်ခြင်း

    လေ့လာမှုတစ်ရပ်အတွင်း ၈ ပတ်ဆက်တိုက်မြေကြီးမှာခြေဗလာနဲ့ လမ်းလျှောက်စေခြင်းက နာကျင်မှုဗတွကိုလျော့ပါးသက်သာစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်သလို အိပ်ပျော်စေပါတယ်။ စမ်းသပ်မှုကာလပြီးဆုံးတဲ့နောက်လေ့လာမှုမှာပါဝင်သူတွေမှာကော်တီဇော ပမာဏကျဆင်းနေတာကို သိပ္ပံပညာရှင်တွေကတွေ့ရှိခဲ့ပါတယ်။ခြေဗလာနဲ့ ပုံမှန်လမ်းလျှောက်သူတွေကခြေဗလာနဲ့ လမ်းမလျှောက်တဲ့သူတွေထက် ပိုမိုအိပ်ပျော်တာကိုတွေ့ရှိခဲ့ရပါတယ်။

    ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ခြင်း

    ခြေဗလာနဲ့ လမ်းလျှောက်တာကသွေးဖြူဥဆဲလ်အရေအတွက်ကိုကျဆင်းစေပြီးသွေးနီဥဆဲလ်အရေအတွက်ကို တိုးစေနိုင်တာကြောင့် ကိုယ်ခ့အားစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။

    နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ခြင်း

    ခြေဗလာနဲ့ လမ်းလျှောက်တာကသွေးနီဥဆဲလ်အရေအတွက်ကို တိုးစေနိုင်ပြီးသွေးနီဥဆဲလ်တွေရဲ့surface charge ကိုတိုးစေနိုင်တာကြောင့်သွေးပျစ်နိုင်ခြေကိုလျော့ကစေပါတယ်။သွေးပျစ်တဲ့ပမာဏမြင့်တက်လာမှုက နှလုံးရောဂါဖြစ်နိုင်ခြေနဲပ တိုက်ရိုက်ဆက်စပ်နေပါတယ်။မြေကြီးပေါ်မှာခြေဗလာနဲ့ လမ်းလျှောက်တာက နှလုံးရောဂါဖြစ်နိုင်ခြေကိုသိသိသာသာလျော့ကျစေနိုင်ပါတယ်။

    အာရုံကြောစနစ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှု နဲ့ ပူပန်မှုတွေကိုလျော့ကျစေနိုင်ခြင်း

    မြေကြီးပေါ်မှာခြေဗလာနဲ့လမ်းလျှောက်တာက စိတ်ခံစားမှုကို ထိန်းညှိပေးပြီး အာရုံကြောစနစ်တွေကို ထိန်းညှိရာမှာလည်း အထောက်အကူပြုပါတယ်။ ခန္ဓါကိုယ်ကိုမြေကြီးနဲ့တိုက်ရိုက်ထိတွေ့စေခြင်းက စိတ်ပူပန်မှုကိုလျော့ကျစေပြီး စိတ်ဖိစီးမှုကိုပါလျော့ကျစေပါတယ်။ ကမ္ဘာမြေကြီးမှာnegative charge ရှိနေပြီး ခန္ဓါကိုယ်မှာpositive charge ရှိနေတာကြောင့်နေ့စဉ် ကမ္ဘာမြေကြီးနဲ့ထိတွေ့မှုက လျှပ်စစ်သံလိုက်လှိုင်းတွေကို ထိတွေ့စေသလိုဖြစ်စေတာကြောင့်မြေကြီးနဲ့အချိန်များများပေးပြီး ထိတွေ့ပေးတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အထောက်အကူရရှိစေပါတယ်။

    ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကိုလျော့ပါးသက်သာစေနိုင်ခြင်း

    မြေကြီးနဲ့တိုက်ရိုက်ထိတွေ့မှုက နာကျင်မှုဝေဒနာတော်တော်များများကိုသက်သာစေပါတယ်။ခြေဗလာနဲ့လမ်းလျှောက်တာက ရာသီလာစဉ် နာကျင်ကိုက်ခဲတာကိုလည်းလျေ့ပါးသက်သာစေပါတယ်။ စိတ်ဖိစီးမှု နဲ့ စိတ်တွင်းခံစားချက်တစ်ရပ်ရပ်ကြောင့် နာကျင်မငကိုခံစားရတာဖြစ်ပြီး စိတ်ခံစားမှုကလည်း ရာသီလာစဉ်နာကျင်ကိုက်ခဲမှုအပေါ်မှာတော်တော့်ကိုသက်ရောက်မှုရှိနေပါတယ်။ နာကျငမှုခံစားလာရပြီဆိုရင် တံခါးဖွင့်ပြီး အိမ်အပြင်ဘက်ထွက်လိုကိပါ။ ဖိနပ်ချွတ်ပြီးမြေကြီးပေါ်လျှောက်လိုက်ပါ အကိုက်အခဲပျောက်ဆေးသောက်စရာမလိုဘဲ နာကျင်မှုကိုလျော့ပါးသက်သာစေမှာသေချာပါပဲ။မြေကြီးကဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့ နာကျင်မှုကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။

    ကြွက်သားတွေကိုပြေလျော့စေပြီးခေါင်းကိုက်တာကို သက်သာစေခြင်း

    ရှေ့ပြေးလေ့လာမှုတစ်ရပ်အရမြေကြီးပေးမှာ ဖိနပ်မစီးဘဲလျှောက်တာကလေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ခံစားရတတ်တဲ့ ကြွက်သားနာကျင်မှုတွေကို သက်သာစေနိုင်သလို တစ်နေကုန် အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်ရတာကြောင့် ခံစားရတတ်တဲ့ ကြွက်သားတောင့်တင်းနာကျင်မှုတွေကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။ခေါင်းတစ်ခြမ်းကိုက်ခြင်းက ဓါတ်ရောင်ခြည်တွေနဲ့ အချိန်ကြာမြင့်စွာထိတွေ့မှုကြောင့်ဖြစ်ပါတယ်။ ခန္ဓါကိုယ်ကိုမြေကြီးနဲ့တိုက်ရိုက်ထိတွေ့စေလိုက်မယ်ဆိုရင် ကိုယ်တွင်းကfree radicalတွေကို ကျဆင်းသွားစေပြီးခေါင်းကိုက်တာကိုလည်းလျော့ပါးသက်သာစေပါတယ်။

    စွမ်းအင်တိုးစေနိုင်ခြင်း

    ခန္ဓါကိုယ်ကိုမြေကြီးနဲ့တိုက်ရိုက်ထိတွေ့စေခြင်းက သဘာဝတရားကထုတ်လွှတ်တဲ့ ကြိမ်နှုန်းတွေကို ခန္ဓါကိုယ်ကပိုမိုရရှိပြီး စွမ်းအင်တွေတိုးလာစေနိုင်ပါတယ်။ခေတ်သစ်လူနေမှုပုံစံက သင့်ရဲ့ရှင်သန်ဖြစ်တည်မှုအပေါ်မှာ ထိခိုက်စေမှုတွေ မလွဲမသွေကြုံတွေ့ရစေနိုင်တာကြောင့်မြေကြီးကို သဘာဝအတိုင်းထိတွေ့မှုကို အချိန်ပေးပြီးလုပ်ဆောင်ပေးပါ။

    Free Radicalတွေကိုလျော့ကျစေနိုင်ခြင်း

    မြေကြီးနဲ့ထိတွေ့လိုက်တဲ့အခါ ကမ္ဘာမြေကနေfree electronတွေကို ခန္ဓါကိုယ်က လက်ခံရရှိသွားတာကြောင့် ကိုယ်တွင်းကfree radicalတွေကိုလျော့ကျသွားစေပါတယ်။Free radicalတွေက ကခန္ဓါကိုယ်ပေါ်က ကျန်းမာတဲ့ဆဲလ်တွေကိုပျက်စီးစေနိုင်သလို အိုမင်း ရင့်ရော်မှုကိုဖြစ်စေနိုင်ပါတယ်။နေ့စဉ်မြေကြီးနဲ့ထိတွေ့ပေးတာနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပေးတာက ခန္ဓါကိုယ်မှာFree radical ကင်းစင်စေအောင်လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းပဲဖြစ်ပါတယ်။

    သန့်ရှင်းတဲ့မြေကြီးပေါ်မှာခြေဗလာနဲ့လမ်းလျှောက်ရင်း ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဓါတ်တွေကိုငွေကုန်ကြေးကျမများဘဲ ရရှိနိုင်ကြစေဖို့ တစ်နေ့ကို အချိန်အနည်းလောက်ပေးပြီး လမ်းလျှောက်ပေးဖို့တိုက်တွန်းလိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement