backup og meta

သွေးကြောထုံးခြင်းနှင့် ပင့်ကူမျှင်ပုံစံသွေးကြောဖြစ်ပေါ်ခြင်းတို့အတွက် သိသင့်သည့် အကြောင်းအရာများ။

သွေးကြောထုံးခြင်းနှင့် ပင့်ကူမျှင်ပုံစံသွေးကြောဖြစ်ပေါ်ခြင်းတို့အတွက် သိသင့်သည့် အကြောင်းအရာများ။

သွေးကြောထုံးခြင်းနဲ့ ပင့်ကူမျှင်သွေးကြော ဖြစ်ပေါ်ခြင်းကို ဘယ်လိုကုသမလဲ။

ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက္ခဏာတွေ သက်သာဖို့နဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ သင့်မှာ လက္ခဏာတွေ အများကြီး မရှိခဲ့ရင် ဆရာဝန်က နေထိုင်ပုံကို ပြောင်းလဲဖို့ အကြံပေးမှာ ဖြစ်ပါတယ်။ နေထိုင်ပုံ ပြောင်းလဲပေမယ့် မသက်သာဘူးဆိုရင် (သို့) ပိုမိုပြင်းထန်တဲ့ လက္ခဏာတွေ ရှိတယ်ဆိုရင် ဆေးကုသမှု ယူသင့်ပါတယ်။

  • ဖိထားနိုင်တဲ့ ခြေအိတ်များ – ဒီကုသမှုဟာ သွေးကြောတွေပေါ်မှာ ဖိအားသက်ရောက်စေပြီး ရောဂါဖြစ်နေတဲ့ သွေးကြောတွေကို သက်သာစေပါတယ်။
  • Sclerotherapy – သင့်ဆရာဝန်ဟာ အရည်တစ်မျိုးကို ရောဂါဖြစ်နေတဲ့ သွေးကြောထဲကို ထိုးထည့်ပေးနိုင်ပါတယ်။ ဒါဟာ သွေးကြောတွေကို အမာရွတ်ဖြစ်စေပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားနိုင်ပါတယ်။ သွေးတွေဟာ ပိုမိုကျန်းမာတဲ့ သွေးပြန်ကြောတွေကနေ စီးဆင်းသွားပါလိမ့်မယ်။ ဒီကုသမှုဟာ မေ့ဆေးပေးဖို့ မလိုအပ်ပဲ ကုသမှု ခံယူပြီးသွားရင် အိမ်ပြန်နိုင်ပါတယ်။ ဒီကုသမှုကို တစ်ကြိမ်ထက်ပိုပြီး လိုအပ်နိုင်ပါတယ်။
  • လေဆာ ကုသမှု – ဒီနည်းဟာ သွေးကြောတွေကို ပျောက်ကွယ်သွားစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ လေဆာကုသမှုဟာ အချို့ အရေပြား အခြေအနေတွေအတွက် စိတ်ချရမှု မရှိပါဘူး။ လေဆာကုသမှု လုပ်စဉ်မှာ ဆရာဝန်ဟာ ဆေးထိုးအပ်သုံးမှာ မဟုတ်ပဲ ခွဲစိတ်ခြင်းလည်း လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လေဆာဟာ နာကျင်စေပါတယ်။ ကုသမှုဟာ ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိ ကြာမြင့်နိုင်ပြီး ကုသပြီးရင် ပုံမှန်ဘဝကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။
  • ခွဲစိတ်ကုသမှု – သင့်မှာ အလွန်ကြီးတဲ့ သွေးကြောထုံးခြင်းတွေ ရှိနေရင်တော့ ခွဲစိတ်ကုသသင့်ပါတယ်။ ခွဲစိတ်ကုသမှုဟာ ရောဂါဖြစ်နေတဲ့ သွေးကြောတွေကို ခြေထောက်ကနေ ဖယ်ရှားပေးတာ ဖြစ်ပါတယ်။

သွေးကြောထုံးခြင်းနဲ့ ပင့်ကူမျှင်သွေးကြော ဖြစ်ပေါ်ခြင်းကို ဘယ်လိုကာကွယ်ရမလဲ။

သွေးကြောထုံးခြင်းနဲ့ ပင့်ကူမျှင်သွေးကြော ဖြစ်ပေါ်ခြင်းကို အပြည့်အဝ မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ရိုးရှင်းတဲ့အဆင့်တွေနဲ့ ဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်ပါတယ်။

  • နေပူထဲသွားရင် နေပူခံလိမ်းဆေးနဲ့ နေပူခံ အဝတ်အစားတွေကို ဝတ်ဆင်ပါ။
  • ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိပါစေ။
  • သွေးကြောတွေနဲ့ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေဖို့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ ခြေထောက်တွေကို လှုပ်ရှားစေတဲ့ လမ်းလျှောက်ခြင်း (သို့) ပြေးခြင်းတွေကိုလည်း ပြုလုပ်သင့်ပါတယ်။
  • အချိန်ကြာမြင့်စွာ ခြေချိတ်မထားသင့်ပါဘူး။
  • အနားယူနေရင် ခြေထောက်ကို မြှင့်တင်ထားသင့်ပါတယ်။
  • ဒေါက်မြင့်ဖိနပ်တွေ မစီးသင့်ပါဘူး။
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို စားသောက်ပါ။ ဆားနည်းနည်းနဲ့ အမျှင်ဓါတ် များများ မစားရင် ဝမ်းချုပ်လာနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းဟာ သွေးကြောထုံးခြင်းနဲ့ ပင့်ကူမျှင်သွေးကြော တွေကို ဖြစ်ပေါ်စေပါတယ်။ အမျှင်ဓါတ်တွေဟာ cereals၊ whole grains နဲ့ အသီးအရွက်တွေမှာ များစွာ ပါဝင်ပါတယ်။

သွေးကြောထုံးခြင်းနဲ့ ပင့်ကူမျှင်သွေးကြော တွေဟာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ သွေးကြောတိုင်းဟာ ထုံးနိုင်ပါတယ်။ ဒါပေမယ့် ခြေထောက် (သို့) မျက်နှာက သွေးကြောတွေမှာ အဖြစ်များပါတယ်။ သွေးကြောထုံးတွေဟာ ကြီးမားပြီးတော့ ပင့်ကူမျှင်သွေးကြောတွေကတော့ သေးငယ်ပါတယ်။ သူတို့နှစ်ခုလုံးကို ကုသနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Varicose veins and spider veins. https://www.womenshealth.gov/a-z-topics/varicose-veins-and-spider-veins. Accessed March 13, 2017.

Varicose veins. http://www.mayoclinic.org/diseases-conditions/varicose-veins/manage/ptc-20178147.
Accessed March 13, 2017.

Varicose vein – noninvasive treatment. https://medlineplus.gov/ency/article/007395.htm. Accessed March 13, 2017.

Varicose Veins and Spider Veins. http://www.webmd.com/skin-problems-and-treatments/cosmetic-procedures-spider-veins#1. Accessed March 13, 2017.

Varicose veins and spider veins.

https://www.betterhealth.vic.gov.au/health/conditionsandtreatments/varicose-veins-and-spider-veins.Accessed March 13, 2017.

ယခုပုံစံ

17/01/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement