backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မျက်ကွင်းညိုခြင်းကို သက်သာစေဖို့ အသုံးပြုနိုင်သော အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 26/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မျက်ကွင်းညိုခြင်းကို သက်သာစေဖို့ အသုံးပြုနိုင်သော အစားအစာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်

မျက်လုံးအောက်မှာ ရှိတဲ့ အညိုရောင် နေရာကို “dark circles” (မျက်ကွင်းညိုခြင်း) လို့ခေါ်ပါတယ်။ ယောက်ျားရော မိန်းမရောမှာ မျက်ကွင်းညိုခြင်းဟာ သူတို့ရဲ့ ရုပ်ပန်းသွင်ပြင်ကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ အိပ်ရာထ နောက်ကျခြင်း၊ မျိုးရိုး၊ နေရောင်ခြည် ထိတွေ့ခြင်းနဲ့ ကွန်ပျူတာနဲ့ အလုပ်လုပ်ခြင်းအပါအဝင် မျက်ကွင်းညိုခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းရာများစွာရှိပါတယ်။ မျက်ကွင်းညိုခြင်းကို ကုသဖို့အတွက် အလှပြင်ပစ္စည်းတွေ၊ ဓါတုပစ္စည်းတွေနဲ့ သဘာဝ ကုသမှုတွေကို အသုံးပြုနိုင်ပါတယ်။

အခြေခံအစားအစာများ

မျက်ကွင်းညိုခြင်းကို ကုသဖို့အတွက် ဈေးကြီးတဲ့ ကုသမှုတွေသာမက အခြေခံကျတဲ့ အစားအစာတွေကိုလဲ သုံးစွဲနိုင်ပါတယ်။ ထိုအစားအစာတွေကို မီးဖိုချောင်မှာ အလွယ်တကူတွေ့ရှိနိုင်ပြီးတော့ ဈေးလည်း သက်သာပါတယ်။

၁။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ မျက်ကွင်းညိုခြင်းကို ကုသဖို့ အရေးကြီးတဲ့ အာဟာရဓါတ်တစ်ခုဖြစ်တဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ ဗီတာမင်အေဟာ မျက်ကွင်းညိုခြင်းကိုဖြစ်စေတဲ့ မျက်စိရောဂါတွေဖြစ်တဲ့ မျက်လုံးခြောက်သွေ့ခြင်း dry eye နဲ့ မျက်လုံး အားမရှိခြင်းကို သက်သာစေပြီး မျက်စိကို ပိုမိုကျန်းမာစေပါတယ်။

အကောင်းဆုံးကုသမှု ရရှိအောင် သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပေးရမှာ ဖြစ်ပြီးတော့ သင့်မျက်နှာပေါ်မှာ ဆယ်မိနစ်ခန့်တင်ထားပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ရေအေးနဲ့ မျက်နှာသန့်စင်ပေးရမှာပါ။ ပိုမိုကောင်းမွန်တဲ့ ရလဒ်ရအောင် တစ်ပတ်ကို နှစ်ကြိမ် အသုံးပြုပေးရမှာဖြစ်ပါတယ်။

၂။ အာလူး

အာလူးထဲမှာ ပါဝင်တဲ့ ဗီတာမင် K ဟာ မျက်ကွင်းညိုခြင်းကို ကုသပေးနိုင်ပါတယ်။ မျက်ကွင်းညိုခြင်းဆိုတာလည်း ခန္ဓါကိုယ်အတွင်းမှာ ဗီတာမင် K ချို့တဲ့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အာလူးက ရတဲ့ အနှစ်ကို ဝါဂွမ်းအသုံးပြုပြီး မှိတ်ထားတဲ့ မျက်စိပေါ်သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဝါဂွမ်းနဲ့ မျက်လုံးတစ်ဝိုက်ကို သေချာစွာ သုတ်လိမ်းပါ။ ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ်အထိ ထားပြီးရင်တော့ မျက်လုံးတစ်ဝိုက်ကို ရေနွေးနဲ့ ဆေးကြောနိုင်ပါပြီ။

၃။လက်ဖက်ခြောက်အိ်ငယ်

ရေခဲသေတ္တာထဲ ထည့်ထားတဲ့ သုံးပြီးသား တစ်ခါသုံးလက်ဖက်ခြောက်အိပ်ငယ်လေးတွေမှာ ကဖင်းနဲ့ အန်တီအောက်စီဒန့်တွေ ပါဝင်တာကြောင့် မျက်ကွင်းညိုခြင်းကို လျော့ကျစေနိုင်ပါတယ်။ လက်ဖက်ခြောက်မှာ ရောင်ရမ်းခြင်းနဲ့ အရာင်ကျွတ်ခြင်းတွေကို ကုသနိုင်တဲ့ tannins ပါဝင်ပါတယ်။ ထို လက်ဖက်ခြောက်အိတ်ငယ်ကို မအိပ်ခင် ငါးမိနစ်ကနေ ဆယ်မိနစ်အထိ နေ့စဉ် မျက်လုံးတဝိုက်ကို တင်ပြီး အသုံးပြုသင့်ပါတယ်။

၄။ လိမ္မော် (သို့) သံပုရာရည်

ဗီတာမင် C ဟာ အရေပြားကို လင်းလက်တောက်ပစေပြီး အရေပြားအတွက်လိုအပ်တဲ့ အာဟာရကို ဖြည့်စွမ်းပေးပါတယ်။ လိမ္မော် (သို့) သံပုရာရည်ဟာ မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်။ ပိုအစွမ်းထက်အောင် လိမ္မော်ရည်ကို Glycerin အစက်အနည်းငယ်နဲ့ ရောပေးပါ။ ဒီအရောကို တစ်ပတ်နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

၅။ မက်မွန်၊မက်မန်းပင်မျိုးဝင် အပင်တစ်မျိုးအဆီ (Almond oil)

သုတေသနတွေအရ ဗီတာမင် E ဟာ အရေပြားအတွက် အာဟာရဖြစ်စေပြီး အရေပြားကို ရေဓါတ်ဖြည့်တင်းပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဟာ သူကိုယ်တိုင် မျက်ကွင်းညိုခြင်းကို ကုသနိုင်ပါတယ်။ နေ့စဉ် almond oil ကို မျက်ကွင်းညိုတဲ့ နေရာကို အနည်းငယ်ဆီ သုတ်လိမ်းသင့်ပြီး ညင်သာစွာ နှိပ်နယ်ပေးမယ်ဆိုရင် မျက်ကွင်းညိုခြင်းဟာ လအနည်းငယ်အတွင်း သိသိသာသာ လျော့ကျလာမှာပါ။

၆။ ထောပတ်သီး

ဗီတာမင် B၊ E နဲ့ Kတို့ များပြားစွာ ပါဝင်တဲ့ ထောပတ်သီးဟာ မျက်ကွင်းညိုခြင်းကို ကုသဖို့ သင့်လျော်ပါတယ်။ အထူးသဖြင့် ထောပတ်သီးဟာ အသားခြောက်ခြင်းအတွက် အလွန်ကောင်းမွန်ပါတယ်။ အလွယ်ကူဆုံး အသုံးပြုနည်းကတော့ လတ်ဆတ်တဲ့ ထောပတ်သီးကို ပါးပါးလှီးပြီး မျက်လုံးတစ်ဝိုက်ကို တင်ပေးတာဖြစ်ပါတယ်။ ဆယ့်ငါးမိနစ်ကနေ မိနစ်နှစ်တယ်လောက်ရှိရင်တော့ ဖယ်ရှားနိုင်ပါပြီ။ ပိုမို သိသာရန်အတွက် မကြာခဏ အသုံးပြုပါ။

၇။ ဆန်ဆေးရည်

အာရှနိုင်ငံတွေမှာ ဆန်ဟာ အရေးကြီးတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဆန်မှာ ဗီတာမင် ဘီဝမ်း ပါဝင်တာကြောင့် ဆန်ဆေးရည်ဟာ မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်။ ဆန်ကို ပထမတစ်ခေါက်ဆေးပြီး ဒုတိယအကြိမ်မှာ ဆန်ဆေးရည်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားသင့်ပါတယ်။ ဂွမ်းနဲ့ ဆန်ဆေးရည်ကို အရေပြားပေါ်တင်ပြီး အသုံးပြုရမှာဖြစ်ပြီးတော့ တစ်နှေ့နှစ်ကြိမ်လုပ်ပေးခြင်းအားဖြင့် မျက်ကွင်းညိုတာ သက်သာစေပြီး အရေပြားကို ကြည်လင်တောက်ပစေပါတယ်။

မျက်ကွင်းညိုခြင်းကို သဘာဝ သစ်သီးသစ်ဖုတွေကိုသုံးပြီး ခဏတာကုသရုံနဲ့ ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ မျက်ကွင်းညိုခြင်းကို ကုသဖို့အတွက် သဘာဝကုထုံး၊ ဆေးနဲ့ လေဆာကုထုံးဆိုပြီး ကုသမှုအမျိုးမျိုးရှိပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရေးသားသူ- Dr Phyu Mon Latt

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 26/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement