• အနံ့ကင်း၊ အရောင်ဆိုးဆေးကင်းတဲ့ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ လိုးရှင်း၊ နေလောင်ကာခရင်၊ အလှကုန်တွေသာသုံးပါ။
• မျက်နှာသစ်ပြီးတဲ့အခါ ခပ်ကြမ်းကြမ်းပွတ်တိုက်ပြီးမသုတ်ပါနဲ့။
• အလှကုန်တွေဝယ်တဲ့အခါ တည့်မတည့်လက်မှာအနည်းငယ်စမ်းပြီးမှ ဝယ်ပါ။
Contact dermatitis (ထိတွေ့မှုကြောင့် အရေပြားရောင်ရမ်းခြင်း) အမျိုးအစား
ဒီလိုလက္ခဏာတွေဖြစ်ရခြင်းဟာ အရေပြားရဲ့တုန့်ပြန်မှု ဒါမှမဟုတ် ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်မှုတွေကြောင့်ဖြစ်နိုင်ပါတယ်။
Contact dermatitis နှစ်မျိုးရှိပါတယ်-
Irritant contact dermatitis (ထိခိုက်စေသော ပစ္စည်းများနှင့် ထိတွေ့မှုကြောင့် အရေပြားရောင်ရမ်းခြင်း) နဲ့ allergic contact dermatitis (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း)တို့ဖြစ်တယ်။
Irritant contact dermatitis ဆိုတာ ထိခိုက်စေသော ပစ္စည်းများနှင့် ထိတွေ့မှုကြောင့်ဖြစ်တတ်တဲ့ အရေပြားရောင်ရမ်းမှုဖြစ်ပြီး ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ခေါင်းဆိုးဆေး၊ သန့်စင်ပစ္စည်း၊ ချေးချွတ်ပစ္စည်း၊ ပိုးသတ်ဆေး၊ ဘိလပ်မြေ၊ ရာဘာပစ္စည်းတွေနဲ့ အခြားဓါတုပစ္စည်းတွေလို အရေပြားစားတတ်သော၊ ထိခိုက်နိုင်သော အရာများနဲ့ ထိတွေ့တဲ့အခါရနိုင်ချေရှိပါတယ်။ ပစ္စည်းကို အရေပြားမှတုံ့ပြန်မှုကြောင့်ဖြစ်ပြီး ဓါတ်မတည့်မှုကြောင့်မဟုတ်ပေ။ နှင်းခူများပေါ်လာသည်ဆိုပါက ဖြစ်နိုင်ချေများပါတယ်။
လက္ခဏာတွေက ပစ္စည်းအပေါ် တုံ့ပြန်မှုအားပေါ်မူတည်ပါတယ်။ ဥပမာ- တချို့တွေဆပ်ပြာအပြင်းသုံးသော်လည်း ဘာလက္ခဏာမှပေါ်ချိန် တချို့မှာ ဆပ်ပြာအပျော့သုံးပြီး လက္ခဏာပြင်းထန်တာမျိုးဖြစ်တယ်။
တွေ့ရများတဲ့လက္ခဏာတွေကတော့
• အသားအရေခြောက်လာမယ်၊
• ရောင်လာမယ်၊
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။