backup og meta

သင့်သွေးတိုးကို လျှော့ချဖို့ လွယ်ကူတဲ့နည်းလမ်းများ


Kyaw Thura Htun မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်သွေးတိုးကို လျှော့ချဖို့ လွယ်ကူတဲ့နည်းလမ်းများ

    သင့်သွေးတိုးကို လျှော့ချဖို့လွယ်ကူတဲ့နည်းလမ်းများ

    ဆားလျှော့စားခြင်းက သွေးတိုးကျဖို့တစ်ခုတည်းသောနည်းလမ်းလို့သင်ထင်ပါသလား ?

    မဟုတ်ပါဘူး။ အခုပြောပြသွားမှာကတော့ သွေးတိုးကျစေမယ့်နည်းလမ်းတွေပါ။

    (၁) သကြားမုံလာ (Beets)

    သင်ငယ်ငယ်တုန်းကဟင်းသီးဟင်းရွက်တွေကိုမုန်းခဲ့ဖူးပါသလား ?

    သကြားမုန်လာတွေမှာအာဟာရဓါတ်များစွာပါဝင်ပြီး သွေးကြောတွေကိုပွင့်စေတဲ့အတွက်ကြောင့် သွေးတိုးကျစေပါတယ်လို့ Georgia State University က Professor Christine Rosenbloom ကပြောပါတယ်။

    သူတို့ကို လေ့ကျင့်ခန်းမလုပ်ခင်စားခြင်း၊ဖျော်ရည်အနေနဲ့ သောက်ခြင်းကသင့်ကြွက်သားတွေအလုပ်လုပ်ဖို့ အောက်ဆီဂျင်လိုအပ်တဲ့နှုန်း ကို လျှော့ချပေးပါတယ်။ ဆိုလိုတာက သင့်ကြွက်သားတွေ ကအချိန်ပိုကြာကြာ ကြံ့ခိုင်သန်စွမ်းနေမှာဖြစ်ပါတယ်။

    မီးဖိုချောင်တွင်းပြုလုပ်နည်း

    သကြားမုန်လာတွေကိုခဲပတ်နဲ့ပတ်ပြီးမီးဖိုထဲမှာ 400°F နဲ့မိနစ် လေးဆယ်လောက်ထားပါ။ ပြီးရင်လှီးပြီးသံလွင်ဆီဖြစ်ဖြစ်တခြားဆီဖြစ်ဖြစ်ထည့်စားပါ။ တကယ်လို့ဖျောက်ရည်အနေနဲ့ သောက်ချင်တယ်ဆိုရင်တော့လေ့ကျင့်ခန်းမလုပ်ခင် လေးအောင်စလောက် သောက်သွားရပါမယ်။

    (၂) ဒိန်ချဉ်

    ဒိန်ချဉ်ကမိန်းမတွေအတွက်ပဲမဟုတ်ပါဘူး။ သူကကြွက်သားတွေကိုတည်ဆောက်ပေးပြီးအရိုးတွေကိုသန်မာစေပါတယ်။ တစ်ရက်ကိုဒိန်ချဉ် ခြောက်အောင်စလောက် သောက်သုံးခြင်းနဲ့တင် သင့်သွေးတိုးကိုပုံမှန်နှုန်းမှာထိန်းထားနိုင်ပါပြီ။Plain Greek ဒိန်ချဉ်ကို ရွေးချယ်ပါ။ သူ့မှာအဆီပါဝင်မှု 2% ပဲရှိတဲ့အတွက် ကောင်းကျိုးမှန်သမျှရပါလိမ့်မယ်။ မီးဖိုချောင်တွင်းပြုလုပ်နည်း ။ ။ ဒိန်ချဉ်မှာ Blueberries လေးတွေ ထည့်စားပါ။ သူတို့ကသဘာဝအချိုဓါတ်ကိုပေးတဲ့အပြင် သွေးတိုးကိုလည်းထိန်းပေးပါတယ်။

    (၃)ဆားမဟုတ်တဲ့တခြားဟင်းခတ်အမွှေးအကြိုင်များ

    ဈေးမှာဆားမဟုတ်တဲ့တခြားဟင်းခတ်အမွှေးအကြိုင်တွေကိုရွေးဝယ်ပါ။ဥပမာ- ကြက်သွန်ဖြူမှုန့်၊ဇီယာစေ့၊ဟင်းခတ်မှုန့်၊ဂျင်း၊ငရုတ်ကောင်း၊ rosemary ။ ထိုအရာများသည် သွေးတိုးကို ထိန်းပေးနိုင်ပါတယ်။

    (၄)အစားလျှော့စားပါ။

    အစာတစ်နပ်မစားဘဲ gazpacho လို့ခေါ်တဲ့calorie ပါဝင်နှုန်းနည်းတဲ့ဟင်းရွက်ပြုတ်လေးတွေကိုသောက်ပါ။ ဒီဟင်းချိုလေးမှာခရမ်းချဉ်သီးသံလွင်ဆီနဲ့ကြက်သွန်ဖြူပါဝင်တာကြောင့် သွေးတိုးကိုကျစေပါတယ်။ သူ့မှာဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်မှုများတာကြောင့်သင့်ရဲ့ဆဲလ်တွေကိုလည်းကျန်းမာစေပါတယ်။ အထူးသဖြင့်ခရမ်းချဉ်သီးမှာပါတဲ့lycopene ပါ။

    မီးဖိုချောင်တွင်းပြုလုပ်နည်း။။Gazpacho လုပ်နည်းကလွယ်ကူပါတယ်။ ဒယ်အိုးထဲမှာခရမ်းချဉ်သီးငရုတ်ကောင်းသခွားသီးကြက်သွန်မြိတ်ကြက်သွန်ဖြူဇီယာသံလွင်ဆီဗီနီဂါနဲ့တခြားဟင်းခတ်မှုတ်တွေကို ရောမွှေလိုက်ရုံပါပဲ။

    (၅) ချောကလက်အနက်

    ချောကလက်အနက်ကိုစားပါ။Cocoa အနည်းဆုံး60% ပါတာကိုရွေးပါ။ တစ်ရက်ကိုတစ်အောင်စလောက်ပဲစားပါ။ ဒီလောက်က သွေးစီးဆင်းမှုကောင်းစေပြီးသွေးတိုးကျဖို့ပုံမှန်ပမာဏပါဘဲ။

    ချောကလက်အနက်မှာဓါတ်တိုးဆန့်ကျင်အာနိသင်ပေးတဲ့ flavonoid ကသာမန်ချောကလက်တွေမှာထက်နှစ်ဆပိုများပါတယ်။ ဒါကြောင့်သင့်နှလုံးအတွက်အကောင်းဆုံးပါ။

    မီးဖိုချောင်တွင်းပြုလုပ်နည်း။။ ချောကလက်အနက်အမှုန့်ကိုမနက်စာကွေကာထဲမှာထည့်ဖျော်ပြီးစားသုံးပါ။

    (၆)ငါးစားပါ။

    ဈေးဝယ်ထွက်တဲ့အခါအသားတန်းဘက်မှာအချိန်မကုန်ခံဘဲငါးတန်းဘက်ကိုသာသွားပါ။ ဆယ်လ်မွန်ငါး၊ငါးကွန်းရှပ်၊တူနာစတဲ့ငါးတွေကိုဝယ်ပါ။ ဒီငါးတွေမှာomega-3 fat နှစ်မျိုးပါဝင်ပါတယ်။ သူတို့ကရောင်ရမ်းခြင်းကိုလျှော့ချတဲ့အပြင်သွေးကြောတွေကိုပွင့်စေပြီး သွေးတိုးကျစေပါတယ်။ ဒီငါးတွေကိုတစ်ပတ်နှစ်ကြိမ်အနည်းဆုံးစားပါ။

    (၇) လေ့ကျင့်ခန်းလုပ်ပါ၊ဝိတ်မပါ။

    လေ့ကျင့်ခန်းလုပ်တာက သွေးတိုးအပေါ် ကောင်းတဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ ဝိတ်မတာကလည်းကြွက်သားတွေကိုတည်ဆောက်ပေးပြီးသင့်ရဲ့ဇီဝကာမလုပ်ငန်းစဉ်ကိုအထောက်အပံ့ပေးပါတယ်။

    အေရိုးဘစ်လုပ်နေတယ်ဆိုရင်လည်းမရပ်လိုက်ပါနဲ့။ သူတို့ကဝိတ်ကျစေဖို့အကောင်းဆုံးနည်းလမ်းထဲပါပါတယ်။

    (၈) ယောဂကျင့်ပါ။

    ယောဂကသုံးလအတွင်းသင့်ရဲ့သွေးတိုးကိုကျစေတဲ့အပြင်ကိုလက်စထရောကိုပါထိန်းညှိပေးပါတယ်။ ဒါ့အပြင်သင်ဝိတ်တောင်ကျနိုင်ပါတယ်။ ယောဂက သွေးကြောတွေကိုကျယ်စေပြီးသွေးလည်ပတ်မှုကောင်းစေရုံသာမကစိတ်ဖိစီးမှုကိုလည်း လျော့စေပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement