backup og meta

သင့်မှာသွေးတိုးရှိနေရင် sleep apnea (အိပ်နေစဉ်ခဏတာအသက်ရှူရပ်ခြင်း) အကြောင်း လေ့လာထားပါ။


Kyaw Thura Htun မှ ရေးသားသည်။ · 17/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မှာသွေးတိုးရှိနေရင် sleep apnea (အိပ်နေစဉ်ခဏတာအသက်ရှူရပ်ခြင်း) အကြောင်း လေ့လာထားပါ။

    သင့်မှာသွေးတိုးရှိနေရင်sleep apnea (အိပ်နေစဉ်ခဏတာအသက်ရှူရပ်ခြင်း) အကြောင်း လေ့လာထားပါ။

    သွေးတိုးရောဂါဖြစ်စေတဲ့ထဲမှာ လူသိနည်းပြီး အဖြစ်များတဲ့ ရောဂါတစ်ခုက sleep apnea(အိပ်နေစဉ်ခဏတာအသက်ရှူရပ်ခြင်း)ပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ သွေးတိုးရှိသူတွေရဲ့ငါးဆယ်ရာခိုင်နှုန်းက sleep apnea ဖြစ်နိုင်ချေရှိပါတယ်။ Obstructive Sleep apneaကထိန်းချုပ်ရခက်တဲ့ သွေးတိုးရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။

    ထိန်းချုပ်ရခက်တဲ့သွေးတိုးဆိုတာ သွေးတိုးကိုထိန်းဖို့ သွေးကျဆေးသုံးမျိုးနဲ့အထက် သောက်ရခြင်းကိုဆိုလိုတာပါ။

    သင်အိပ်မပျော်အောင် နှောင့်ယှက်သောအရာများသည် သင့်ကို သွေးတိုးဖြစ်နိုင်ချေများစေပါတယ်။ Sleep apneaကထိန်းချုပ်ရခက်တဲ့ သွေးတိုးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းပါ။

    သင့်မှာ Sleep apnea ရှိနေမှန်းသင်ဘယ်လိုသိမလဲ ?

    ယေဘူယျလက္ခဏာတွေကတော့

    • အိပ်နေစဉ် ပြင်းထန်စွာ ဟောက်ခြင်း။
    • အိပ်နေစဉ် စက္ကန့်ပိုင်းလေး အသက်ရှူရပ်သွားခြင်း။ မနက်မိုးလင်းရင် ပင်ပန်းနွမ်းနယ်နေခြင်း။ ဒါက သာမန်ပင်ပန်းနွမ်းနယ်ခြင်းထက် ပိုပြီး အလွန်အမင်း ပင်ပန်းနေတာမျိုးပါ။ မိုးလင်းရင် လန်းဆန်းနေရမယ့်အစား နောက်ထပ် ရှစ်နာရီလောက် ထပ်အိပ်လိုက်ရရင် ပိုကောင်းမယ်လို့ တွေးနေပါလိမ့်မယ်။
    • မနက်ခင်းခေါင်းကိုက်ခြင်း။ မနက်မိုးလင်းလို့ ခေါင်းကိုက်နေမယ်ဆိုရင် သင့်မှာSleep apnea ရှိနေနိုင်ပါတယ်။ Sleep apnea က ညဘက်အိပ်နေစဉ် အောက်ဆီဂျင်မလုံလောက်ခြင်းကို ဖြစ်စေတဲ့အတွက် ခေါင်းကိုက်စေပါတယ်။
    • Sleep apnea ရှိတဲ့ လူတော်တော်များများက အပေါ်မှာပြောသွားတဲ့ လက္ခဏာတွေ တွေ့ချင်မှတွေ့ပါလိမ့်မယ်။ ဒါပေမယ့် Sleepapnea ရှိတယ်လို့ သံသယရှိတာနဲ့ Sleep apnea ကိုသက်သာစေဖို့ ကုသမှုတွေစလုပ်ရပါမယ်။

    ဘာတွေက obstructive sleep apnea ဖြစ်စေသလဲ ?

    • အဝလွန်ခြင်း
    • အရက်စွဲခြင်း
    • Metabolic syndrome (ဇီဝကမ္မဖြစ်ပျက်မှု ပုံမမှန်ခြင်းကြောင့် ဖြစ်သောရောဂါ)

    Sleep apnea က ထိန်းချုပ်ရခက်တဲ့ သွေးတိုးကို ဘယ်လိုဖြစ်စေသလဲ ?

    လူတစ်ယောက်အိပ်တဲ့အခါ ဘာတွေဖြစ်လဲဆိုတာသိထားဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့အိပ်တဲ့အခါ သွေးဖိအားက နေ့ခင်းထက်စာရင် နည်းသွားပါတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ဟာ အနားယူနေတဲ့အတွက် သွေးဖိအားက125 mmHg ဒါမှမဟုတ် အဲဒီထက်နည်းသွားပါမယ်။ Sleep apnea ကို တစ်စုံတစ်ယောက်က ကိုယ့်လည်ပင်းကို လာညှစ်နေတယ်ဆိုပြီး စဉ်းစားကြည့်ပါ။ သင့်မှာ sleep apnea ခံစားနေရတယ်ဆိုရင် သင့်ရဲ့ကိုယ်မှာ အောက်ဆီဂျင်အလုံအလောက်ရမှာမဟုတ်ပါဘူး။

    သင့်ရဲ့သွေးတွေက အောက်ဆီဂျင်ကို သယ်ပြီး ဆဲလ်တွေ တစ်ရှူးတွေဆီကို ပို့ပေးတယ်ဆိုတာ သတိရပါ။ Sleep apnea ကြောင့် အောက်ဆီဂျင်မလုံလောက်တဲ့အခါမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ်တို့က ပိုပြီးအလုပ်လုပ်လာရပါတယ်။ ဒီလိုမျိုးဖြစ်နေတာကို နှစ်နဲ့ချီပြီး တွေးကြည့်လိုက်ပါ။ ဒီအချက်ကို ဆရာဝန်တွေ လူနာတွေအပါအဝင် တော်တော်များများဂရုမထားကြပါဘူး။

    Sleep apneaကို မကုသရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ ?

    • Resistant hypertension (ဆေးမတိုးတဲ့သွေးတိုး)
    • Pulmonary hypertension (နှလုံး နဲ့အဆုတ်ကို ဆက်သွယ်ထားတဲ့သွေးကြောလေးတွေကျဉ်းပြီးဖြစ်လာတဲ့သွေးတိုး)
    • Edema လို့ခေါ်တဲ့ ခြေထောက်ဖောရောင်ခြင်း
    • နှလုံးရောဂါ
    • ကျောက်ကပ်ရောဂါ

    Obstructive sleep apnea ကိုဘယ်လိုရောဂါသတ်မှတ်မလဲ ?

    အပေါ်မှာပြောသွားတဲ့ ရောဂါလက္ခဏာတွေက Sleep apneaရှိကြောင်း ဖော်ပြပေးပေမယ့် သေချာသိနိုင်ဖို့က polysomnographyလို့ခေါ်တဲ့အိပ်စက်ခြင်းကို လေ့လာတဲ့အတတ်ပညာကို လေ့လာထားရပါမယ်။ ဒီစမ်းသပ်မှုက sleep apneaရှိမရှိသိနိုင်တဲ့အပြင် ဘယ်အဆင့်လဲဆိုတာပါ သိနိုင်ပါတယ်။ ဒါ့အပြင် sleep apnea ကြောင့် ဖြစ်နိုင်ချေရှိတဲ့ restless legs ရောဂါ ဒါမှမဟုတ် periodic limb movementလို့ခေါ်တဲ့ အိပ်နေစဉ် ခြေထောက်လှုပ်တဲ့ ရောဂါရှိမရှိပါသိနိုင်ပါတယ်။

    Obstructive sleep apnea ကိုဘယ်လိုကုသမလဲ ?

    ကိုယ်အလေးချိန်လျှော့ဖို့နဲ့ အရက်ရှောင်ဖို့က အရေးကြီးပါတယ်။ ငါးပေါင်လောက် ဝိတ်ကျတာကတောင် sleep apnea ကုသရာမှာအထောက်အကူပြုပါတယ်။

    CPAP (အောက်ဆီဂျင်ပေးသောစက်တစ်မျိုး) လို့ခေါ်တဲ့ sleep machine စက်တစ်မျိုးကို အသုံးပြုရတဲ့ကုသမှုကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ CPAP ကသင့်အတွက် အကောင်းဆုံးကုသမှုလားဆိုတာကို ဆန်းစစ်ဖို့ နောက်ဆက်တွဲလေ့လာကုသမှုတွေတော့ လိုအပ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 17/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement