backup og meta

HIV ရောဂါမှန်း သိရပြီးချိန်၏ စိတ်အခြေအနေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ရောဂါမှန်း သိရပြီးချိန်၏  စိတ်အခြေအနေ

    HIV ရောဂါမှန်း သိရချိန်တွင် ဘဝတွင် စိတ်အဆင်းရဲဆုံး အခြေအနေနှင့် ကြုံတွေ့ရနိုင်ပါသည်။ ကိုယ်ခန္ဓါ ပြောင်းလဲမှုများ အပြင် မိမိပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းများနှင့် ဆက်ဆံရေးလည်း ပြောင်းလဲနိုင်ပါသည်။ ထိုသို့သော စိတ်ဖိစီးမှုများသည် မိမိ၏ ဘဝတက်လမ်းကို ထိခိုက်နိုင်ပါသည်။

    ထိုကြောင့် မည်သို့ ခံစားရပုံနှင့် ဘယ်လို ကျော်ဖြတ်ရမလဲ ဟူသော အခြေအနေများကို သိထားသင့်ပါသည်။

    ကြောက်ခြင်းနှင့် စိတ်ပူခြင်း

    ကြောက်ခြင်းသည် လူတိုင်း HIV ရောဂါမှန်း သိရပြီးချိန်တွင် ခံစားရသော ပုံမှန်ခံစားမှုမျိုး ဖြစ်ပါသည်။ အစပိုင်းတွင် ခံစားရသည်များမှာ မိမိ၏ သူငယ်ချင်း၊ မိသားစုများက မိမိကို အထင်သေးမည်၊ ပယ်မည် စသည်ဖြင့် တွေးတောနေခြင်းကြောင့် ဖြစ်သည်ဟု HIV/AIDS စိတ်ကျန်းမာရေးဌာနက ပြောကြားသည်။

    ကြောက်ခြင်းသည်လည်း ကြာရှည်စွာ ကုသရမည့် အချက်မျိုး ဖြစ်သည်။ ထိုမှတစ်ဆင့် တခြားသော ဖျားနာမှုများ ဖြစ်ပေါ်ပြီး သက်တမ်း တိုစေနိုင်သောကြောင့် ဖြစ်ပါသည်။

    စိတ်ကို အေးအေးထားပြီး ဆရာဝန်နှင့် ထိုသို့သော အခြေအနေကို မည်သို့ ကျော်ဖြတ်မည့်ပုံကို တိုင်ပင်ပါ။ ရောဂါကို ထိန်းချုပ်မည့် နည်းလမ်း မတိုးလာအောင် ကာကွယ်မည့် နည်းလမ်းများကို ဆွေးနွေးပါ။ မိမိ၏ မိသားစု၊ ရင်းနှီးသော သူငယ်ချင်းများနှင့် အထူးသဖြင့် မိမိ၏ လက်တွဲဖော်ကို အကူအညီတောင်းခံပါ။ ထိုသို့ မိမိတို့ကို နားလည်ပေးနိုင်သော သူများနှင့် အတူတကွ နေခြင်းသည် မိမိ၏ စိုးရိမ်စိတ်များကို လျော့ပါးစေပါသည်။

    မိမိတွင် အပြစ်ရှိသည်ဟု ခံစားရခြင်းနှင့် ရှက်ရွံ့ခြင်း

    HIV ရောဂါရှိသူများသည် မိမိတွင် အပြစ်ရှိသည်ဟု ခံစားရခြင်းနှင့် ရှက်ရွံ့ခြင်းကို ခံစားရတတ်ပါသည်။ စစချင်း သိရချိန်တွင် မိမိသည် မိမိကို ချစ်ခင်သူများက စွန့်ပစ်သွားမည်ဟု ထင်ကြပါသည်။ မိမိသည် အသုံးမကျသူဟုလည်း ထင်နေတတ်ပါသည်။

    သိထားရမည်မှာ HIV ရောဂါသည် အသည်းရောဂါ၊ ကင်ဆာရောဂါများ ကဲ့သို့ပင် ဖြစ်သည်ဟု သိထားရပါမည်။ ဘယ်လို ကာကွယ်ရမည်ကို သိလျှင် မကူးစက်နိုင်ပါ။ အချိန်ပေးပြီး တခြားသူများကို ရှင်းပြပါ။ တခြားသော လူမှုရေး အဖွဲ့အစည်းများ ဝင်၍လည်း အကူအညီ ရယူနိုင်ပါသည်။ တခြားသူများနှင့် စကားပြောရန် ဝန်မလေးပါနှင့်။ တခြားသူများမှာ ကြောက်၍ မိမိကို ပို၍ ရှောင်နေပါလိမ့်မည်။

    စိတ်ဓါတ်ကျခြင်းနှင့် တခြားသူများကို အဆက်အသွယ် ဖြတ်ခြင်း

    ရောဂါဖြစ်သည်ဟု စသိရသည့် အချိန်တွင် အကူအညီမဲ့ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ တစ်ယောက်တည်း နေသော HIV ရောဂါရှင်များသည် တခြားသော အစုအဖွဲ့တည်းတွင် နေသော လူများထက်ပို၍ အထီးကျန်တတ်ပါသည်။

    စိတ်ရောဂါပညာရှင် ပါမောက္ခ တစ်ဖနီ မက်ခ်ဒေါင်ဝဲလ်က AIDS စောင့်ရှောက်ရေးဆိုသော စာတမ်းကို တင်ပြဖူးပါသည်။ HIV ရောဂါ ဝေဒနာရှင်များသည် ပုံမှန်ထက် ၂ ဆ ပိုမို၍ စိတ်ဓါတ်ကျလွယ်ကြောင်း သိရှိရပါသည်။ HIV ရောဂါ ဝေဒနာရှင်များနှင့် အတူနေထိုင်သော သူများသည် တခြားသူများနှင့် ဆက်သွယ်ပေးပြီး ကုသမှုကို ခံယူစေပါသည်။

    တစ်နေ့လုံး အိမ်ထဲတွင် မနေပါနှင့်။ အပြင်ထွက်ပြီး လုပ်နိုင်သမျှ အားကစားကို လုပ်ပါ။ မနက်ခင်းစောစော လေ့ကျင့်ခန်းလုပ်ခြင်း၊ အိမ်အလုပ် လုပ်ခြင်း၊ အားကစားတစ်ခုခု လုပ်ခြင်းသည်လည်း စိတ်၏ အခြေအနေကို တိုးမြှင့်ပေးပါသည်။ လူတိုင်းသည် HIV ရောဂါ ဖြစ်နေသူများကို စာနာပါသည်။ ဘဝကို အဓိပ္ပါယ် ရှိရှိလည်း ဖြတ်သန်းရအောင် ကူညီပေးပါသည်။

    စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာများ

    HIV သို့မဟုတ် AIDS ရောဂါ ရှိသူများသည် စိတ်ဖိစီးမှုနှင့် စိတ်ဓါတ်ကျ ရောဂါများ ဖြစ်လေ့ရှိကြပါသည်။ ထို့ကြောင့် သိထားရမည်မှာ စိတ်ရောဂါများသည် ရောဂါစသိချိန်၊ လက္ခဏာများ ပေါ်ချိန်နှင့် ဆေးရုံတက်ချိန်များတွင် ဖြစ်လေ့ရှိကြောင်း သိရပါမည်။

    ထိုဖြစ်ရပ်မျိုးတွင် မိမိ၏ဆွေမျိုးများ အထူးသဖြင့် မိမိ ချစ်ရသောသူများ အနားမှာရှိနေလျှင် အကောင်းဆုံး ဖြစ်ပါသည်။ အထူးသဖြင့် မိသားစုမှာ အခက်အခဲများ ကျော်လွှားရန် အကောင်းဆုံး အထောက်အပံ့ ဖြစ်ပါသည်။

    ယခုအခါ HIV ရောဂါကို ကုသနည်းများနှင့် ကာကွယ်နည်းများကို ရှာဖွေပြီး ဖြစ်ပါသည။်

    ထို့ကြောင့် ရောဂါဝေဒနာရှင်များအတွက် မျှော်လင့်ချက် မမဲ့တော့ပါ။ အကောင်းဘက်က တွေးတောပါ။ ကျန်းမာစွာ နေထိုင်ပါ။ ဘာပဲဖြစ်ဖြစ် မိမိ ပတ်ဝန်းကျင်တွင် လူများက၊ အထူးသဖြင့် မိသားစုက မိမိကို အမြဲထောက်ခံနေပါသည်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement