backup og meta

HIV အတွက် ကုထုံးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV အတွက် ကုထုံးများ

    HIV အတွက် ကုသဆေးများသည် HIV ရောဂါရှိသော လူတိုင်းအတွက် အရေးကြီးပါသည်။ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးများသည် လုံးဝ အရှင်းပျောက်ကင်းရန် မဟုတ်ပါ။ ကာကွယ်ရန်သာ ဖြစ်ပါသည်။ ထိုမှသာ အသက်ရှည် ကျန်းမာ၍ တခြားသူများကိုလည်း ကူးစက်မှု လျော့နည်းနိုင်မည် ဖြစ်ပါသည်။

    HIV ရောဂါပိုးသည် ဆေးများစွာပေါင်းစပ်၍ သောက်သောဆေး ဖြစ်ပါသည်။ ART (ဗိုင်းရပ်စ်သတ်ဆေး) ဟု ခေါ်ကြပါသည်။ ART ဆေးတွင် HIV ရောဂါပိုးအတွက် လိုအပ်သော ဆေးများ ပါဝင်ပါသည်။ ART ဆေးသည် ကုသရန် မဟုတ်ပါ။

    ဗိုင်းရပ်စ်ပိုးမွှား ပမာဏကို လျော့နည်းစေပြီး အသက်ရှည် ကျန်းမာစွာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင်၊ တခြားသူများသို့ ကူးစက်မှု လျော့နည်းနိုင်အောင် လုပ်ပေးခြင်း ဖြစ်ပါသည်။

    ထိုဆေးများသည် HIV ရောဂါပိုး တိုးပွားခြင်းမှ ကာကွယ်ပေးပါသည်။ ထိုဆေးများသည် ခန္ဓါကိုယ်ထဲမှ HIV ရောဂါပိုး ပမာဏကို လျော့နည်းစေနိုင်ပါသည်။ ထို့ကြောင့် ခန္ဓါကိုယ်ထဲရှိ ပိုးမွှားအစုပမာဏ လျော့နည်းစေပါသည်။

    မိမိခန္ဓါ ကိုယ်ထဲတွင် ဗိုင်းရပ်စ်ပိုးမွှား လျော့နည်းခြင်းသည် ခန္ဓါကိုယ်က ခုခံအားစနစ်ကို တိုးမြင့်စေနိုင်ပြီး ရောဂါပိုးမွှား တိုက်ထုတ်ခြင်းကို အားပေးနိုင်ပါသည်။ ရောဂါပိုးမွှားနှင့် ကင်ဆာရောဂါ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။

    ခန္ဓါကိုယ်ထဲတွင် ရောဂါပိုးမွှား ပမာဏကို လျော့နည်းစေခြင်းဖြင့် ဆေးသည်လည်း ရောဂါပိုးမွှားသည် တခြားသော သူများကို ကူးစက်နိုင်ခြင်းမှ တစ်နည်းတစ်ဖုံ ကူညီပေးနိုင်ပါသည်။

    ART ဆေးသည် HIV ရှိသော မည်သူအတွက်မဆို အသုံးဝင်ပါသည်။ ဗိုင်းရပ်စ်ပိုးမည်မျှ ပမာဏရှိသည် ဖြစ်စေ မိမိသည် မည်မျှ ကျန်းမာသည်ဖြစ်စေ HIV ရှိလျှင် ART ဆေးကို သောက်သုံးရပါသည်။ မကုသလျှင် ခုခံအားစနစ်ကို ထိခိုက်ပြီး နောက်ဆုံးတွင် ခုခံအားကျဆင်းမှု ရောဂါ (AIDS) သို့ ကူးပြောင်းနိုင်ပါသည်။

    HIV ရောဂါကုထုံးတွင် အသုံးပြုသော အဓိကဆေးများမှာ-

    -Zidovudine (Retrovir), Abacavir (Ziagen) နှင့် Emtricitibine (Emtriva) အစရှိသော ဆေးများသည် HIV ရောဂါပိုးပွှားများ ပွားရာတွင်အသုံးပြုသော အင်ဇိုင်းကို တားပေးခြင်းဖြင့် ကုသပါသည်။

    -Efavirenz (Sustiva), Etravirine (Intelence) နှင့် Nevirapine (Viramune) စသော ဆေးများသည် ဓါတ်ပေါင်း မတူသော အင်ဇိုင်းများကို တားမြစ်ခြင်းဖြင့် ကုသပါသည်။

    – ပရိုတီအေ့စ် ဓါတ်ပေါင်းများကို တားသောဆေးများ၊ ဥပမာ – Atazanavir (Reyataz), Ritonavir (Norvir) နှင့် Tipranavir (Aptivus) အစရှိသော ဆေးများသည် HIV ရောဂါပိုးရှိ ပါဝင်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ခြင်းမှ တားမြစ်နိုင်ပါသည်။

    – အဝင်ကို တားမြစ်သောဆေးများ၊ ထိုဆေးများသည် HIV ရောဂါပိုးကို ဆဲလ်အတွင်းသို့ ဝင်ခြင်းမှ တားမြစ်ပေးပါသည်။ ထိုဆေးကို နှစ်မျိုး ခွဲခြားနိုင်ပါသည်။ တစ်မျိုးမှာ CCR5 အသွင်တူ ပစ္စည်းများ (အဝင်တားဆေး) ဟုလည်း ခေါ်ပါသည်။ ဥပမာ – Maraviroc (Selzentry)၊ ထိုဆေးသည် CCR5 (CD4) ဆဲလ်မျက်နှာပြင်ပေါ်ရှိ ပရိုတင်း) နှင့် ဗိုင်းရပ်စ်ပိုးမွှားတို့ ပေါင်း၍ ဆဲလ်ထဲသို့ ရောဂါပိုး ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါသည်။

    နောက်တစ်မျိုးမှာ ပေါင်းခြင်းကို တားသော ဆေးများ၊ ဥပမာ – Enfuvirtide (Fuzeon)၊ ထိုဆေးသည် HIV ရောဂါပိုးအစွမ်းနှင့် CD4 ဆဲလ်ထဲသို့ ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ပေးပါသည်။

    • Dolutegravir (Tivicay) , Elvitegravir (Vitekta) နှင့် Raltegravir (Isentress) စသော ဆေးများသည် ဗိုင်းရပ်စ်ပိုး၏ DNA များကို ဆဲလ်အတွင်းသို့ ရောက်ရှိခြင်းမှ ကာကွယ်ပေးခြင်းဖြင့် ကုသမှုပေးပါသည်။

    HIV ရောဂါကုထုံးများသည် အများအားဖြင့် ဆေးသုံးမျိုး ပါဝင်ပါသည်။ ထိုဆေးများသည် တစ်လုံးတည်းသော ဆေးအဖြစ် ပေါင်းစပ်ပြီး သောက်သုံးကြပါသည်။ ထိုသို့ ပေါင်းစပ်ဆေးများသည် HIV ဗိုင်းရပ်စ်ပိုးမွှားများ၏ ဖြစ်ပုံ အဆင့်ဆင့်တွင် တားမြစ်ခြင်းဖြင့် ကုသပေးပါသည်။ ထိုဆေးများသည် ဗိုင်းရပ်စ်ပိုးမွှားများကို ဖိနှိပ်ခြင်းဖြင့် ကုသပေးပါသည်။

    AIDS ရောဂါသည် HIV ပိုးကြောင့် ဖြစ်ပါသည်။ မိမိ၏ ခုခံအားကို လျော့နည်းစေခြင်းဖြင့် ကာကွယ်မှုစနစ်ကို ထိခိုက်စေပါသည်။ HIV ရောဂါကာကွယ်ဆေးများသည် ရောဂါပိုးကို တခြားသော သူများသို့ ကူးစက်ခြင်းမှ တားဆီးနိုင်ပါသည်။ သို့သော် အမြဲတမ်း အကျိုးသက်ရောက်မှု မရှိနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement