backup og meta

နှလုံးကျန်းမာစေသော အစားအသောက် ချက်ပြုတ်နည်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 22/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးကျန်းမာစေသော အစားအသောက် ချက်ပြုတ်နည်းများ

    ကျွန်တော်တို့စားလိုက်တဲ့အစာက ကျွန်တော်တို့ကျန်းမာရေးပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ နှလုံးအတွက်ကတော့ သင်ဘာစားလဲဆိုတာ ပိုဂရုစိုက်ရပါမယ်။ နှလုံးကောင်းမွန်စေတဲ့ အစားအစာတွေက ရိုးရှင်းပေမယ့်ထင်ရှားကြပါတယ်။ စားသောက်ဆိုင်တွေက ကယ်လိုရီနဲ့ကိုလက်စထရောများတဲ့ အစားအစာတွေအစား သင့်အိမ်မှာ နှလုံးအတွက်ကောင်းမွန်တဲ့ စားစရာတွေကို ကိုယ့်ဘာသာကိုယ် ချက်စားသင့်ပါတယ်။

    နှလုံးရောဂါ

    နှလုံးရောဂါက ကင်ဆာမျိုးစုံက သတ်နေတဲ့လူဦးရေထက်တောင် ပိုများများသတ်လျက်ရှိပါတယ်။ ဒီလူသတ်သမားခေါင်းဆောင်ရောဂါက သင့်ရုပ်ပိုင်းဆိုင်ရာသာမက စိတ်၊ ပုံပန်းသွင်ပြင်နဲ့ ဘဝကိုပါ ထိခိုက်ယိုယွင်းစေပါတယ်။ ဒါကြောင့် နှလုံးနဲ့ပတ်သက်တဲ့ပြသနာတွေမဖြစ်အောင် ကျွန်တော်တို့တားဆီးဖို့က အရေးကြီးပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းအပြင် သင့်တင့်မျှတစွာ ချက်ပြုတ်စားသောက်ခြင်းက ကိုလက်စထရော၊ သွေးချို၊ သွေးဖိအားနဲ့ ကိုယ်အလေးချိန်ကိုပါ ထိန်းညှိပေးပါတယ်။ နှလုံးအတွက်ကောင်းမွန်စေတဲ့အရာတွေက နှလုံးရောဂါရှိသူတွေကိုတောင် သူတို့အခြေအနေတွေတိုးတက်လာစေပြီး နှလုံးဖောက်ခြင်းဖြစ်နိုင်ချေလည်း လျော့စေပါတယ်။

    နှလုံးအတွက်သင့်တော်တဲ့ အစားအစာတွေကို ဘယ်လိုချက်ပြုတ်ရမလဲ။

    အခုပြောပြသွားမှာက နှလုံးအတွက်သင့်တော်တဲ့စားစရာတွေ ဘယ်လိုချက်ပြုတ်မလဲဆိုတဲ့ အကြံပေးချက်လေးတွေပါ။ အစားအသောက်ပညာရှင်တွေက အသားတွေကိုအဆီဖယ်ပြီး အစာအစာတွေမှာ ဆားလျှော့သင့်တယ်လို့ အကြံပေးထားပါတယ်။ အဆီနဲ့ ဆားက အစားအစာအရသာတိုးစေတဲ့အရာတွေဖြစ်ပေမယ့် နှလုံးအတွက်ခြိမ်းခြောက်နေတာတွေလည်းဖြစ်တဲ့အပြင် ကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။ ကြက်၊ ဘဲနဲ့ တခြားအသားတွေမှာပါတဲ့ အဆီတွေအားလုံး လှီးထုတ်ပစ်ဖို့လိုပါတယ်။ ချက်ပြုတ်တဲ့အခါ အသားမှာအဆီတွေကုန်စေဖို့ အသားကိုကင်ထားလို့ရပါတယ်။ ဟင်းခတ်တဲ့အခါလည်း ဆား၊ ထောပတ်၊ ဝက်ဆီ၊နဲ့ တခြားအဆီတွေအစား တခြားဟင်းခတ်အမွှေးအကြိုင်တွေကိုသုံးပါ။ အောက်မှာပြောပြသွားမှာက သုံးနိုင်တဲ့တခြားဟင်းခတ်တွေပါ။

    • အသီးအရွက်တွေ၊ ငါးကင်၊ ထမင်း၊ အသုတ်နဲ့ ပါစတာတွေပေါ်မှာ ရှောက်ရည်ညှစ်ပေးပါ။
    • ကြက်သားပေါ်မှာ ဆားမပါတဲ့ လီမွန်ငါးရုတ်ကောင်းမှုန့်ကိုဖြူးပေးပါ။
    • ဆားမပါတဲ့ ဟင်းခတ်ပင်တွေ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့လို ဟင်းခတ်အမွှေးအကြိုင်တွေကို အသီအရွက်တွေ အသားတွေချက်ရာမှာ သုံးပါ။
    • အစားအစာတွေမှာ အဆီဖယ်တာအပြင် နှလုံးသာမကကျန်းမာရေးတစ်ခုလုံးကောင်းစေဖို့မပြည့်ဝဆီတွေထည့်ပေးသင့်ပါတယ်။ မပြည့်ဝဆီ ပါတဲ့စားစရာတွေက သွေးထဲကကို လက်စထရောပါဝင်နှုန်းကို ထိန်းညှိပေးနိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေလည်းလျော့စေပါတယ်။ ဒီလိုကျန်းမာစေတဲ့အဆီတွေရဖို့က
    • အိုမီဂါသရီးဖက်တီးအက်ဆစ်ကို စားပါ။ အိုမီဂါသရီးဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ စားစရာတွေက ဆယ်မွန်ငါး၊ ထရောက်ငါး၊ ငါးသလောက်၊ ကိုက်လန်၊ ဟင်းနုနွယ်နဲ့သစ်ကြားသီးတို့ပဲဖြစ်ပါတယ်။
    • မိုနို မပြည့်ဝဆီများများစားပါ။ အယ်လ်မွန်စေ့၊ သီဟိုဠ်စေ့၊ မြေပဲ၊ သစ်စေ့နဲ့ အဲဒီအစေ့တွေကလုပ်တဲ့ထောပတ်တွေက မိုနိုမပြည့်ဝဆီကြွယ်ဝတဲ့စားစရာတွေပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 22/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement