backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hyperventilation (အသက်ရှုမြန်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hyperventilation (အသက်ရှုမြန်ခြင်း) ကဘာလဲ။

အသက်ရှုမြန်တယ်ဆိုတာ အသက်ရှုသွင်းရှုထုတ် အလွန်မြန်တဲ့ ရောဂါ ဖြစ်ပါတယ်။ ကျန်းမာတဲ့ အသက်ရှုခြင်းက အောက်စီဂျင်ကို ရှုသွင်းခြင်းနဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ရှုထုတ်ခြင်းကို အချိုးညီညီလုပ်ဆောင်တာ ဖြစ်ပါတယ်။ ရှုသွင်းတာထက် ရှုထုတ်တာက ပိုမြန်တဲ့ အခါ အရမ်းစိတ်ညစ်စရာ ကောင်းပါတယ်။ ဒီအဖြစ်က ခန္ဓါကိုယ်အတွင် ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ အလျင်အမြန် လျော့သွားတဲ့ အခါမျိုးမှာ ဖြစ်တတ်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ နိမ့်ခြင်းက သွေးတွေကို ဦးနှောက်ဆီ ပို့ဆောင်ပေးတဲ့ သွေးကြောတွေကို ကျဉ်းမြောင်းသွားစေပါတယ်။ ဦးနှောက်က လိုအပ်တဲ့ သွေးအထောက်အပံ့ကို မရနိုင်တဲ့အခါမှာ ခေါင်းထဲ ရိုးတိုးရိပ်တိတ် ဖြစ်ပြီး လက်ချောင်းတွေကလည်း ဆတ်ခနဲ ဆတ်ခနဲ ဖြစ်လာပါတော့တယ်။ အလွန်အမင်း အသက်ရှုမြန်ဆန်ခြင်းက သတိမေ့မျောတဲ့ အထိ ဖြစ်သွားစေနိုင်ပါတယ်။

အသက်ရှုမြန်ခြင်းကို အောက်ပါနာမည်တွေနဲ့လည်း သိကြပါတယ်။

  • အသက်ပြင်းပြင်း မြန်မြန်ရှုခြင်း
  • အသက်ပုံမှန်ထက် ပိုများများရှုခြင်း
  • မြန်ဆန် ပြင်းထန်သော အသက်ရှုနှုန်း

Hyperventilation (အသက်ရှုမြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

တချို့တွေအတွက်ကတော့ အသက်ရှုမြန်တာ ဖြစ်ခဲပါတယ်။ တစ်ခါတစ်ရံ အထိတ်တလန့်နဲ့ ကြောက်ရွံ့သွားတဲ့ အခါ၊ စိတ်ဖိစီးတာ ၊ ဖိုးဘီးယား အကြောက်ရောဂါတွေ ကြောင့် ဖြစ်တတ်ပါတယ်။ တချို့တွေဆိုရင် စိတ်ဓါတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဒေါသထွက်ခြင်း စတဲ့ စိတ်ခံစားချက်တွေကြောင့် အသက်ရှုမြန်ကြပါတယ်။ အသက်ရှုမြန်တယ်ဆိုတာ မကြာခဏ ဖြစ်တတ်ပေမယ့် အသက်ရှုမြန်လက္ခဏာစု အဖြစ်လည်း လူသိများပါတယ်။ အသက်ရှုမြန်ခြင်းဟာ အရမ်းအဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ အန္တရာယ်ရှိတဲ့ အချက်အလက်တွေကို သိထားရင် အသက်ရှုမြန်တဲ့ ဖြစ်စဉ်ကို ထိန်းချုပ်နိုင်ပါတယ်။ ထပ်သိချင်သေးရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

လက္ခဏာများ

Hyperventilation (အသက်ရှုမြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသက်ရှုမြန်ခြင်းရဲ့ အတွေ့ရအများဆုံး လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အသက်ရှုမြန်တာဟာ ပြင်းထန်တဲ့ ရောဂါတစ်ခုခု ဖြစ်လာနိုင်ပါတယ်။ မိနစ် ၂၀ ကနေ ၃၀ အထိကြာနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေကို ခံစားရတယ် ဆိုရင်တော့ ဆေးကုသမှု ခံယူသင့်ပါတယ်။

  • ပထမဆုံးအနေနဲ့ အသက်ရှု ပြင်းထန်မြန်ဆန်လာမယ်
  • ဂရုတစိုက်နေပေမယ့်အသက်ရှုမြန်တာပိုဆိုးလာမယ်
  • နာကျင်မယ်
  • ဖျားမယ်
  • သွေးထွက်မယ်
  • ပူပန် ကြောင့်ကြ နေမယ်။ စိတ်လှုပ်ရှားမယ်။ စိတ်အိုက်နေမယ်။
  • မကြာခဏ သက်ပြင်းချမယ်။ သန်းမယ်။
  • နှလုံးခုန်မြန်မယ်။
  • ခေါင်းထဲရိုးတိုးရိတ်တိတ်နဲ့ ချာချာလည်နေမယ်။
  • လက်ချောင်းတွေ၊ ခြေချောင်းတွေ၊ ပါးစပ်နားတစ်ဝိုက်တွေ လှုပ်ရှားနေမယ်။
  • ရင်ထဲ တင်းနေ၊ ပြည့်နေမယ်။ ဖိထားသလို၊ နာသလိုလို လည်း ခံစားရနိုင်တယ်။

တခြား လက္ခဏာတွေက တစ်ခါတစ်လေမှ ပေါ်လာတတ်ပြီး အသက်ရှုမြန်တာနက် သက်ဆိုင်မှု ရှိ၊ မရှိက သေချာ မသိနိုင်ပါဘူး။

တချို့လက္ခဏာတွေထဲမှာ

  • ခေါင်းကိုက်မယ်
  • ရင်ပြည့်၊ ရင်ကယ်၊ လေချဉ်တက်နေမယ်။
  • ဆတ်ခနဲ ဆတ်ခနဲ ဖြစ်နေမယ်
  • ချွေးတွေပြန်နေမယ်
  • မျက်လုံးအာရုံတွေ ဝေဝဝါးဝါးဖြစ်ပြီး အမြင်အာရုံတွေ ပြောင်းလဲနေမယ်
  • မှတ်ဉာဏ်၊ အာရုံစိုက်တာမျိုးတွေ လုပ်ဖို့ ခက်ခဲလာမယ်။

ပြန်ပြီးသက်သာနေတဲ့ လက္ခဏာတွေရှိမယ် ဆိုရင်ဆရာဝန်ကို ပြောပြပါ။ အသက်ရှုမြန်ရောဂါလက္ခဏာစု ရှိနေနိုင်ပါတယ်။ နားလည်ရခက်ပြီး အကြောက်လွန်ရောဂါ လက္ခဏာတွေ နဲ့ ဆင်တူတာတွေ ရှိပါတယ်။ တစ်ခါတစ်လေမှာ ပန်းနာရင်ကျပ်ရောဂါ နဲ့ အထင်မှားတာမျိုးလည်း ရှိတတ်ပါတယ်။

အပေါ်မှာဖော်ပြမထားတဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Hyperventilation (အသက်ရှုမြန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အသက်ရှုမြန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားတာ၊ ကြောက်ရွံ့တာ၊ စိတ်သောကရောက်တာ၊ စိတ်ဖိအား များတာတွေ ကြောင့် အများဆုံး ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ ကြောက်ရွံ့တဲ့လက္ခဏာ တစ်ခုအနေနဲ့လည်း တွေ့ရနိုင်ပါတယ်။

တခြား အကြောင်းရင်းတွေကတော့

  • သွေးထွက်မယ်
  • လှုံ့ဆော်ပစ္စည်းများသုံးစွဲခြင်း
  • ဆေးဝါးအလွန်အကျွံသုံးစွဲခြင်း ( ဥပမာ – အက်စ်ပရင်)
  • ပြင်းထန်တဲ့ နာကျင်မှု
  • ကိုယ်ဝန်ဆောင်ခြင်း
  • အဆုတ်တွင် ရောဂါပိုးကူးစက်ခြင်း
  • ပန်းနာရင်ကျပ်ကဲ့သို့ အဆုတ်ရောဂါ
  • နှလုံးရောဂါ
  • ဆီးချိုရောဂါ (သွေးထဲတွင် သကြားဓါတ်မြင့်မားသည့် ဆီးချို အမျိုးအစား ၁ )
  • ခေါင်းတွင် ဒဏ်ရာများရရှိသည့် အခါ
  • အမြင့် ပေ ၆၀၀၀ အထက် နေရာသို့သွားသည့် အခါ
  • အသက်ရှုမြန်ရောဂါလက္ခဏာစု

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hyperventilation (အသက်ရှုမြန်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသက်ရှုမြန်ခြင်းအတွက် အန္တရာရှိတဲ့ အချက်တွေ အများကြီး ရှိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hyperventilation (အသက်ရှုမြန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က လူနာရဲ့ အသက်ရှုတာ၊ သွေးလှည့်ပတ်တာတွေကို စစ်ဆေးပါလိမ့်မယ်။ ချက်ချင်းအသက်သေဆုံးနိုင်မယ့် လက္ခဏာမျိုး မတွေ့ဘူးဆိုရင် ဆေးကုသမှုမှတ်တမ်းကို မေးပြီး ခန္ဓါကိုယ်ကို စစ်ဆေးပါလိမ့်မယ်။

လူနာရဲ့ လက္ခဏာတွေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်ဖို့ စမ်းသပ်ချက်တစ်ချို့လုပ်ခိုင်း ပါလိမ့်မယ်။ စမ်းသပ်ချက်တွေကို အစဉ်လိုက်အတိုင်း လုပ်ရပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ လူနာမှာ အသက်ရှုမြန်တဲ့ ရောဂါလက္ခဏာစု ရှိမရှိသေချာအောင် တခြားအကြောင်းရင်းတွေကို ဖယ်ထုတ်နိုင်ဖို့ ဖြစ်ပါတယ်။ လူနာဟာ intravenous ကုထုံးကို စတင်ခံယူနေတဲ့ အချိန်မှာ မော်နီတာကနေ စောင့်ကြည့်နေပါလိ့်မ်မယ်။

ဆရာဝန်က အောက်ပါ စမ်းသပ်ချက်တွေကို အစဉ်လိုက်အတိုင်း လုပ်ခိုင်းပါလိမ့်မယ်။

  • သွေးလွှတ်ကြောမှ သွေးနမူနာ
  • အခြားသွေးစစ်ခြင်းများ
  • ရင်ခေါင်းဓါတ်မှန်
  • Electrocardiogram (ECG, EKG)

အသက်ရှုမြန်ခြင်းထက် ပိုဆိုးတဲ့ လက္ခဏာမျိုးရှိမယ်လို့ ဆရာဝန်က ထင်နေရင် ထပ်လုပ်ရမယ့် စမ်းသပ်စစ်ဆေးမှုတွေအတွက် ဆေးရုံတက်ခိုင်းပါလိမ့်မယ်။ အသက်ရှုမြန်ခြင်းနဲ့ ဆက်နွယ်နေပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတွေကတော့

  • နှလုံးရောဂါများ
  • အဆုတ်ရောဂါများ
  • အာရုံကြောစနစ်ရောဂါများ
  • ဆေးဝါးဓါတ်မတည့်မှုများ
  • ကူးစက်ရောဂါများ
  • ကိုယ်ဝန်ဆောင်ခြင်း
  • ကျောက်ကပ်ရောဂါများ

Hyperventilation (အသက်ရှုမြန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

စိုးရိမ်စရာကောင်းတဲ့ အသက်ရှုမြန်တာမျိုး ဖြစ်လာတဲ့ အခါ စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ထားဖို့ အရေးကြီးပါတယ်။ လမ်းညွှန်ပြသပေးမယ့် သူတစ်ယောက်ယောက် ရှိရင် ပိုကောင်းပါလိမ့်မယ်။ ကုသနေစဉ်ကာလမှ ပန်းတိုင်က ခန္ဓါကိုယ်တွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို တိုးလာစေဖို့ နဲ့ အသက်ရှုနှုန်းကို နှေးလာစေဖို့ ဖြစ်ပါတယ်။

အိမ်တွင်းစောင့်ရှောက်မှု

စိုးရိမ်စရာအခြေအနေတွေမှာ အရေးပေါ်နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

  • Pursed lip breathing နည်းလမ်း (နှာခေါင်းနဲ့ အသက်ရှုသွင်းပြီး ပါးစပ်နဲ့ အသက်ရှုထုတ်ခြင်း)
  • လက်ခုပ်ထဲ၊ စက္ကူအိပ်ထဲ ဖြေးညှင်းစွာ အသက်ရှုခြင်း
  • ရင်ဘတ်နဲ့ မဟုတ်ပဲ ဝမ်းဗိုက် (ရင်ခေါင်း) နဲ့ အသက်ရှုခြင်း
  • တစ်ချိန်စီမှာ ၁၀ – ၁၅ စက္ကန့်လောက် အသက်ရှုအောင့်ထားခြင်း

နှာခေါင်းပေါက်နဲ့ အသက်ရှုတဲ့နည်းလမ်းကိုလည်း သုံးနိုင်ပါတယ်။ ပါးစပ်ကိုပိတ်ပြီး နှာခေါင်းပေါက် တစ်ပေါက်ကို တစ်လှည့်စီ ရှုသွင်းရှုထုတ် လုပ်နိုင်ပါတယ်။ ဘယ်ဘက်နှာခေါင်းပေါက်နဲ့ ရှုသွင်းပြီး ညာဘက်နှာခေါင်းပေါက်နဲ့ ရှုထုတ်၊ ညာဘက်နှာခေါင်းပေါက်နဲ့ ရှုသွင်းပြီး ဘယ်ဘက်နှာခေါင်းပေါက်နဲ့ ရှုထုတ် ရင်း အသက်ရှုနှုန်း ပုံမှန် ဖြစ်တဲ့ အထိ တစ်လှည့်စီ လုပ်ရမှာ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုများ လျှော့ချခြင်း

အကယ်၍သင့်မှာ အသက်ရှုမြန်တဲ့ ရောဂါလက္ခဏာစု ရှိနေမယ်ဆိုရင် ဘာက ဒီလို ဖြစ်စေတာလဲ ဆိုတာ သိချင်ပါလိမ့်မယ်။ စိတ်လှုပ်ရှားတာ၊ စိတ်ဖိစီးတာတွေ ရှိနေမယ်ဆိုရင် စိတ်ပညာရှင်ဆီသွားပြီး ဆွေးနွေးတိုင်ပင် ကြည့်ပါ။ စိတ်ဖိစီးမှုတွေ လျှော့ချဖို့ နဲ့ အသက်ရှု နည်းလမ်းတွေက သင့်အခြေအနေကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

အပ်စိုက်ကုထုံး

အပ်စိုက်ကုထုံးကလည်း အသက်ရှုမြန်ခြင်းအတွက် ထိရောက်တဲ့ ကုသနည်းဖြစ်ပါတယ်။ အပ်စိုက်ကုထုံးဟာ ရှေးတရုတ်ဆေးပညာ ကို အခြေခံထားတဲ့ ကုထုံး ဖြစ်ပါတယ်။ ပါးလွှာတဲ့ အပ်တွေကို ခန္ဓါကိုယ် အနှံ့ထိုးစိုက်ပြီး ဝေဒနာ သက်သာစေပါတယ်။ လေ့လာချက်တစ်ခုမှာ အပ်စိုက်ကုထုံးက စိတ်လှုပ်ရှားမှုနဲ့ ပြင်းထန်တဲ့ အသက်ရှုမြန်ခြင်းတွေကို လျော့ကျစေတယ် လို့ဆိုပါတယ်။

ဆေးသောက်ခြင်း

ရောဂါပြင်းထန်တဲ့ အပေါ်မူတည်ပြီး ဆရာဝန်က ဆေးစာပေးပါလိမ့်မယ်။ အသက်ရှုမြန်ခြင်းအတွက် ဆေးစာတွေထဲမှာ အောက်ပါဆေးတွေ ပါတတ်ပါတယ်။

alprazolam (Xanax)

doxepin (Silenor)

paroxetine (Paxil)

နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ

အသက်ရှုနှုန်းမြန်စေမယ့် နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေ ဖြစ်မလဲ။

အောက်ပါ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အသက်ရှုမြန်ခြင်းကို ထိန်းချုပ်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

အသက်ရှုခြင်းနဲ့ စိတ်လျှော့အပန်းဖြေနည်းလမ်းတွေကို သင်ယူနိုင်ပါတယ်။

  • တရားထိုင်ခြင်း
  • နှာခေါင်းတစ်ပေါက်စီနဲ့ အသက်ရှုခြင်း၊ ဝမ်းဗိုက်နဲ့ အသက်ရှုခြင်း၊ တစ်ကိုယ်လုံး အပြည့်အသက်ရှုခြင်း
  • ကိုယ်/ စိတ် လေ့ကျင့်ခန်းများ (ဥပမာ – ထိုက်ချိ၊ ယောဂ၊ qigong
  • ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း ( လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း..စသည်)

တို့က အသက်ရှုမြန်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

အသက်ရှုမြန်တဲ့ လက္ခဏာတွေပေါ်လာရင် စိတ်ကို ငြိမ်ငြိမ်ထားဖို့ သတိရပါ။ အသက်ရှုနည်းစနစ်တွေကို အသုံးပြုပြီး ပုံမှန်အတိုင်း အသက်ရှုနှုန်း ဖြစ်အောင် လုပ်ရပါမယ်။ ဆရာဝန်ဆီသွားဖို့လည်း မမေ့ပါနဲ့။

အသက်ရှုမြန်ခြင်းကို ကုသနိုင်ပါတယ်။ ဒါပေမယ့် မမြင်နိုင်တဲ့ ပြဿနာတွေ ရှိနေနိုင်ပါတယ်။ ဆရာဝန်က ပြဿနာရင်းမြစ်ကို သိနိုင်ဖို့ ကူညီပြီး မှန်ကန်သင့်လျော်တဲ့ ကုသနည်းကို ရှာဖွေပါလိမ့်မယ်။

မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement