backup og meta

နာတာရှည်အဆုတ်လေပြွန်ကျဉ်းမြောင်းပိတ်ဆို့သောရောဂါ COPD နှင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းသောရောဂါ CHF ကိုနှိုင်းယှဉ်ခြင်း

နာတာရှည် အဆုတ်လေပြွန် ကျဉ်းမြောင်းပိတ်ဆို့သောရောဂါ(COPD)နှင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ(Congestive heart failure) နှစ်မျိုးလုံးသည် အသက်ရှူရခက်စေသည်။ အသက်ရှူခက်သော လက္ခဏာရှိသည့် လူများတွင် ရောဂါ အကြောင်းအရင်းကိုရှာဖွေရာ၌ စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။

တူညီသောလက္ခဏာများ

အသက်ရှူမဝဖြစ်ခြင်း၊မောခြင်း၊ အသက်ရှူသံ တရွှီရွှီကြားရခြင်းတို့သည် ၂မျိုးလုံးတွင်အတွေ့များသော လက္ခဏာများဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ပြီးလျှင် အသက်ရှူခက်ခြင်းဖြစ်နိုင်ကာ တစ်ဖြည်းဖြည်းဆိုးလာနိုင်သည်။

အစပိုင်းတွင် ရိုးရိုးလှုပ်ရှားမှုလေးများကပင် အသက်ရှူမဝခြင်းဖြစ်နိုင်သည်။ ဥပမာ လှေကားတက်ခြင်း။ အခြေအနေပိုဆိုးလာလျှင် အသက်ရှူခက်ခဲခြင်းနှင့် အသက်ရှူသံ တရွှီရွှီကြားရခြင်းတို့သည် လေ့ကျင့်ခန်းနည်းနည်းလုပ်ပြီးသည်နှင့် ဖြစ်ပွားနိုင်သည်။

နာတာရှည် အဆုတ်လေပြွန်ကျဉ်းမြောင်းပိတ်ဆို့သောရောဂါ COPD ၏ အဓိကလက္ခဏာများထဲမှ တစ်ခုမှာ နာတာရှည်ချောင်းဆိုးခြင်းဖြစ်သည်။ နာတာရှည်ချောင်းဆိုးခြင်းသည် သင့်ရောဂါဖြစ်သည့် လေလမ်းကြောင်းမှချွဲကို ယူဆောင်လာနိုင်သလို ချောင်းခြောက်လည်းဖြစ်နိုင်သည်။

နှလုံးစွမ်းဆောင်ရည်ကျဆင်းသောရောဂါ CHF ရှိသည့် လူနာများသည် သလိပ်ထွက်သည့်ချောင်းဖြစ်နိုင်သလို ချောင်းခြောက်လည်းခံစားရနိုင်သည်။ သလိပ်သည် အချွဲဖြစ်ကာသွေး၊ ပြည်၊ ဘက်တီးရီးယားများ ပါဝင်နိုင်သည်။

ထို့ပြင် နာတာရှည် အဆုတ်လေပြွန်ကျဉ်းမြောင်းပိတ်ဆို့သောရောဂါ COPD လူနာများသည် ရင်ဘတ်တင်းကျပ်ခြင်းကို ခံစားရနိုင်သည်။ ဆန့်ကျင်ဘက်အနေနှင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းသောCHF တွင် ဤလက္ခဏာမဖြစ်နိုင်ပါ။

သို့သော် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော လူနာများတွင် နှလုံးခုန်နှုန်းမမှန်ခြင်း၊ အလွန်မြန်ခြင်းတို့ကို ခံစားရနိုင်သည်။

မူလဇစ်မြစ်ကွဲပြားခြင်း

ထိုရောဂါတို့သည် လက္ခဏာအားဖြင့်တူညီသော်လည်း ကွဲပြးသောနည်းများဖြင့် ဖြစ်ပေါ်လာကြသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်းမြောင်းပိတ်ဆို့သော ရောဂါ COPD ၏ အဖြစ်များဆုံး အကြောင်းအရင်းမှာ ဆေးလိပ်သောက်ခြင်းဖြစ်သည်။

ဆေးလိပ်သောက်သည့် ရာဇဝင်ရှိသော လူတွင် နာတာရှည် အဆုတ်လမ်းကြောင်းပိတ်ရောဂါ COPDအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်နိုင်သည်။ သို့သော် သင် ဆေးလိပ်သောက်သည်နှင့် နာတာရှည် အဆုတ်လမ်းကြောင်းပိတ်ရောဂါ COPD မဖြစ်မနေဖြစ်မည်ဟု မဆိုလိုပါ။

နာတာရှည် အဆုတ်လမ်းကြောင်းပိတ်ရောဂါ COPD ဖြစ်နိုင်ချေကို များစေခြင်းသာဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါနှင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ CHF ဖြစ်နိုင်ချေများတွင်လည်းပါဝင်သည်။

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူမိခြင်း (သို့) အလုပ်မှ ဓါတုပစ္စည်းများ ရှူမိခြင်း

အလုပ်တွင်ဓါတုပစ္စည်းများရှူမိခြင်းကလည်း နာတာရှည် အဆုတ်လမ်းကြောင်းကျဉ်းမြောင်းပိတ်ဆို့ရောဂါ COPD ဖြစ်နိုင်ချေများသည့် အချက်ဖြစ်သည်။ ထို့ပြင် COPD ရာဇဝင်ရှိသည့် မိသားစုတွင်လည်းဖြစ်နိုင်ချေရှိသည်။

နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းရောဂါ နှင့် ပတ်သက်၍ အရေးကြီးသောအချက်မှာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ဖြစ်ခြင်းဖြစ်သည်။ ဤရောဂါသည် နှလုံးရှိသွေးကြောများပိတ်ကာနှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း ကို ဖြစ်စေနိုင်သည်။

အခြားဖြစ်စေသော အချက်များမှာ နှလုံးအဆို့ရှင်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးကြွက်သားရောဂါများဖြစ်သည်။

နာတာရှည် အဆုတ်လမ်းကြောင်းကျဉ်းမြောင်းပိတ်ဆို့ရောဂါ COPD နှင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းသောရောဂါ CHF တို့သည် သင်၏အသက်ရှူခြင်းကို နှောင့်ယှက်ကာ နေ့စဉ်လုပ်ငန်းတာဝန်များ လုပ်ဆောင်နိုင်စွမ်းကို လျော့နည်းစေသည်။

နှစ်ခုလုံးတွင်တူညီသော လက္ခဏာများရှိသော်လည်း နာတာရှည် အဆုတ်လမ်းကြောင်းကျဉ်းမြောင်းပိတ်ဆို့ရောဂါ COPD သည် သင့်အဆုတ်ကို ထိခိုက်စေကာ နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ CHF သည် သင့်နှလုံးကို ပျက်စီးစေပါသည်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COPD and Heart Failure. http://www.webmd.com/lung/copd/copd-and- heart-failure. AssessedJanuary 18, 2017.

COPD vs. CHF: Similarities and Differences. http://www.healthline.com/health/copd/copd-vs-congestive-heart- failure#Overview1. Assessed January 18, 2017.

ယခုပုံစံ

12/05/2020

Dr. Kaung Thar မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement