backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Female Sterilization (အမျိုးသမီးသားကြောဖြတ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

အမျိုးသမီးသားကြောဖြတ်ခြင်းဆိုတာ ဘာလဲ။

အမျိုးသမီးသားကြောဖြတ်ခြင်းဆိုသည်မှာ တစ်သက်စာ အမျိုးသမီးများသားဆက်ခြားခြင်း ဖြစ်ပါသည်။ ၎င်းတွင် ကိုယ်ဝန်မရစေရန်အတွက် သားဥပြွန်နှစ်ခုလုးအား ပိတ်လိုက်ခြင်းဖြစ်သည်။

သင်ရော သင့်အမျိုးသားရော ကလေးထပ်မလိုချင်ကြောင်း မသေချာပါက ဒီခွဲစိတ်မှုကိုလုပ်ရန် မစဉ်းစားပါနှင့်။ ပြဿနာတစ်ခုခု သို့မဟုတ် ပြောင်းလဲမှုတစ်ခုခုကြောင့် အလျင်စလို မဆုံးဖြတ်တာပိုကောင်း၏။

ဥပမာ ကလေးမွေးပြီးစ သို့မဟုတ် ကိုယ်ဝန်ဖျက်ချရပြီးနောက်။ သင့်အမျိုးသားနှင့် ဆက်ဆံရေးတွင် ပြဿနာကြီးကြီးမားမားရှိနေလျှင်လည်း မဆုံးဖြတ်သင့်ပါ။ ဒီလိုလုပ်လိုက်ရုံနှင့် ဘယ်လိင်မှုပြဿနာကိုမှ ဖြေရှင်းနိုင်မည်မဟုတ်ပါ။

သားကြောမဖြတ်ခင် တခြားသောသားဆက်ခြား နည်းလမ်းများကို စဉ်းစားသင့်ပါသည်။ တစ်သက်တာ အမျိုးသမီးသားဆက်ခြားနည်း မဟုတ်သည်များ ရှိပါသည်။ ဥပမာ ဟော်မုန်းသွင်းခြင်းနှင့် တားဆေးများ။ သားဥပြွန်ဖြတ်ခြင်းသည် တစ်သက်တာ အမျိုးသမီးသားဆက်ခြားနည်း ဖြစ်၏။

တစ်ခုတည်းသော စိတ်ချရသည့် တသက်တာမဟုတ်သောအမျိုးသား သားဆက်ခြားနည်းမှာ ကွန်ဒုံးသာရှိပါသည်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

အမျိုးသမီးသားကြောဖြတ်ခြင်းကို ဘာကြောင့်လုပ်ရသလဲ။

အမျိုးသမီးတိုင်းနီးပါး သားကြောဖြတ်နိုင်၏။ သို့သော် ကလေးထပ်မလိုချင်သည့် သို့မဟုတ် ကလေး လုံးဝမလိုချင်သည့် အမျိုးသမီးများသာလျှင် သားကြောဖြတ်သင့်ပါသည်။ သားကြောဖြတ်ပြီးပါက ပြန်ပြင်ရန် အလွန်ခက်ပါသည်။

ထို့ကြောင့် ဆုံးဖြတ်ချက်မချခင် တခြားနည်းလမ်းများကို စဉ်းစားရန်လည်း အရေးကြီး၏။ ကလေးမမွေးဖူးသည့် ငယ်ရွယ်သည့်အမျိုးသမီးများ သားကြောဖြတ်နိုင်သော်လည်းအသက် ၃၀ အထက် ကလေးမိခင်များကိုသာ ဆရာဝန်များက သားကြောဖြတ်ပေးချင်ပါသည်။

အမျိုးသမီးသားကြောဖြတ်ခြင်းရဲ့ အန္တရာယ်တွေက ဘာတွေလဲ။

တခြားနည်းလမ်းများကဲ့သို့ပင် အန္တရာယ်တစ်ချို့ရှိနိုင်ပါသည်။ ထိုအန္တရာယ်များ သင့်ကိုဘယ်လောက်သက်ရောက်နိုင်သည်အား ဆရာဝန်နှင့်ဆွေးနွေးပါ။

ဘယ်ခွဲစိတ်မှုမဆို ဖြစ်နိုင်သည့်နောက်ဆက်တွဲများမှာ မေ့ဆေးထုံးဆေးအား မမျှော်လင့်ပဲ တုန့်ပြန်ခြင်း၊ သွေးထွက်လွန်ခြင်း သို့မဟုတ် သွေးခဲခြင်း (ခြေအတွင်းသွေးပြန်ကြောများ သွေးခဲခြင်း DVT) တို့ ဖြစ်၏။

နောက်ဆက်တွဲပြဿနာများမှာ –

  • အူများ၊ ဆီးအိမ်နှင့် သွေးကြောများလို အတွင်းအင်္ဂါများကို ထိခိုက်မိနိုင်ခြင်း
  • အူကျွံမှုဖြစ်လာနိုင်ခြင်း
  • ခွဲဒဏ်ရာတွင်လေခိုခြင်း
  • သားအိမ်နှင့် သားအိမ်ခေါင်းတွင် အပေါက်ဖြစ်ခြင်း
  • ခွဲစိတ်မှုမအောင်မြင်ခြင်း
  • သားဆက်ခြားမှုမအောင်မြင်ခြင်း
  • မီးယမ်အင်္ဂါများ သို့မဟုတ် ဆီးအိမ်သို့ ပိုးဝင်ခြင်း
  • နေရာလွှဲမှား သန္ဓေတည်ခြင်း

ခွဲစိတ်မှုကိုမလုပ်ခင် အန္တရာယ်နှင့် နောက်ဆက်တွဲ ပြဿနာများကို သိထားရန် အရေးကြီး၏။ မေးချင်သည်များရှိပါက ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

ကြိုတင်ပြင်ဆင်ခြင်း

အမျိုးသမီးသားကြောဖြတ်ခြင်းအတွက် ဘာတွေပြင်ထားရမလဲ။

သားကြောဖြတ်ရန်ရွေးချယ်ထားပါက မခွဲစိတ်ခင်နေ့နှင့် ခွဲစိတ်ပြီးနောက်ထိ သားဆက်ခြားဆေးသောက်ရန် ညွှန်ကြားပါလိမ့်မည်။

  • သားဥပြွန်ပိတ်ခြင်းကိုလုပ်ဆောင်ပါက နောက်ရာသီမလာခင်ထိ သောက်ရမည်။
  • သားဥပြွန်အတွင်း ပစ္စည်းထည့်သည် (သားအိမ်မှန်ပြောင်းနှင့် သားကြောဖြတ်ခြင်း) ဆိုပါက သုံးလလောက်ထိ သောက်ရပါမည်။
  • သားကြောဖြတ်ခြင်းအား ရာသီစက်ဝန်း၏ ကြိုက်သည့်အချိန်တွင် လုပ်ဆောင်နိုင်ပါသည်။ မခွဲစိတ်ခင် သင့်၌ကိုယ်ဝန်ရှိမရှိသေချာစေရန် စစ်ဆေးဦးမည်။ သားဥပြွန်ကိုပိတ်လိုက်ပါက သာမာန်ကိုယ်ဝန်တောင်မှ နေရာလွှဲမှားကိုယ်ဆောင်ခြင်း (သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း – များသောအားဖြင့် သားဥပြွန်အတွင်း) ဖြစ်လာနိုင်သောကြောင့် ကိုယ်ဝန်ရှိမရှိသိရန် အရေးကြီး၏။

    ကိုယ်တွင်း သွေးထွက်လွန်ခြင်းဖြစ်နိုင်တာကြောင့် နေရာလွှဲမှားကိုယ်ဝန်ဆောင်ခြင်းသည့် အသက်အန္တရာယ် ရှိနိုင်ပါသည်။

    ခွဲစိတ်ကုသခြင်း

    အမျိုးသမီးသားကြောဖြတ်နေစဉ် ဘာဖြစ်နိုင်မလဲ။

    ခွဲစိတ်မှုအား မေ့ဆေးနှင့်ပြုလုပ်မည်ဖြစ်ပြီး များသောအားဖြင့် မိနစ် ၂၀ ခန့်သာ ကြာတတ်ပါသည်။

    မီးယပ်အထူးကုမှ ဗိုက်ပေါ်တွင် ပြတ်ရာသေးသေးများ ပြုလုပ်ပါလိမ့်မည်။

    ထို့နောက် ခွဲစိတ်ကိရိယာများကို မှန်ပြောင်းနှင့်တကွ ဗိုက်အတွင်းသို့ ထိုးသွင်းပြီး ခွဲစိတ်မှုအား ပြုလုပ်ပါလိမ့်မည်။

    အလုပ်များသော သားကြောဖြတ်နည်းမှာ သားဥပြွန်၌ ကလစ်ညှပ်သောနည်းဖြစ်သည်။

    စိတ်ပူသည်များ မေးချင်သည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

    ခွဲစိတ်ပြီးနောက် အခြေအနေ

    အမျိုးသမီးသားကြောဖြတ်ပြီးနောက် ဘာဖြစ်နိုင်မလဲ။

    တစ်နေ့တည်းမှာပင် အိမ်ပြန်နိုင်ပါသည်။

    တစ်ရက်နှစ်ရက် နားနေပြီး လိုအပ်ပါက အကိုက်အခဲပျောက်ဆေးများ သောက်နိုင်ပါသည်။

    ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်နေ့စဉ်လုပ်ငန်းများကို မြန်မြန်လုပ်လာနိုင်ရန် အထောက်အကူပြုပါသည်။ လေ့ကျင့်ခန်းမလုပ်ခင် ကျန်းမာရေးအဖွဲ့၊ ဆေးခန်းများတွင် မေးမြန်းပါ။

    အမျိုးသမီးသားကြောဖြတ်ခြင်းများသည် လိင်မှတစ်ဆင့်ကူးစက်ရောဂါများကို မကာကွယ်နိုင်ပါ။ ထို့ကြောင့် သင့်ပါတနာထံ၌ လိင်ဆိုင်ရာ ကျန်းမာရေးပြဿနာများရှိပါက ကွန်ဒုံးကို သုံးရပါမည်။

    ပြွန်ပိတ်လိုက်ခြင်းအား ပြန်ပြင်ရန်ခက်ခဲပါသည်။ ပြန်ပြင်ရာတွင် ပိတ်ထားသည့်အပိုင်းအား ဖြတ်ထုတ်ကာ အစနှစ်ဖက်ပြန်ဆက်ရမည်ဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement