backup og meta

Chest Drain Insertion (ရင်ခေါင်းအတွင်း ပိုက်ထည့်ခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်ခေါင်းပိုက်ထည့်ခြင်း

    ရင်ခေါင်းအတွင်းသို့ ပိုက်ထည့်ခြင်းဟာ အဆုတ်နဲ့ ရင်ခေါင်းနံရံကြားက လေနဲ့ အရည်တွေကို ဖယ်ထုတ်ဖို့ ဘေးကင်းပြိး ထိရောက်တဲ့နည်းလမ်းတခု ဖြစ်ပါတယ်။

    အခန်း (၁) အဓိပ္ပါယ်

    – ရင်ခေါင်းအတွင်း ပိုက်ထည့်ခြင်း

    အဆုတ်နဲ့ ရင်ခေါင်းနံရံကြားနေရာကို ပိုက်သေးသေး တချောင်းထည့်ပြီး အဲဒီနေရာက လေ (သို့) အရည်တွေကို စီးထွက်စေခြင်း ဖြစ်ပါတယ်။ ရင်ခေါင်းအတွင်း လေဝင်ခြင်းဟာ အဆုတ်ပေါက်သွားတဲ့အခါ ဖြစ်တတ်ပါတယ်။ နာကျင်ပြီး အသက်ရှူရခက်ပါတယ်။

    အရည်ဝင်ခြင်းဟာလည်း အသက်ရှူရခက်ခဲစေပါတယ်။

    ဘယ်အချိန်မှာ ရင်ခေါင်းအတွင်း ပိုက်ထည့်သင့်သလဲ

    ခွဲစိတ်မှုကြောင့် ဖြစ်စေ၊ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်စေ ရင်ခေါင်းအပေါ် ဖိအားတခုခုသက်ရောက်တဲ့အခါ သွေး ဒါမှမဟုတ် လေတွေ စုလာတတ်ပြီး အဆုတ်ကို အလုပ်မလုပ်နိုင်ဖြစ်စေပါတယ်။ အဲဒီအချိန်မှာ ရင်ခေါင်းအတွင်း ပိုက်ထည့်ပြီး ကုသဖို့ လိုအပ်ပါတယ်။

    အခန်း(၂)၊ သတိပေးချက်များ

    – ရင်ခေါင်းအတွင်း ပိုက်မထည့်မီ ဘာတွေသိထားသင့်လဲ

    ဓါတ်မှန် ဒါမှမဟုတ် စကင်တမျိုးမျိုးရိုက်ပြီး လေဖြစ်စေ၊ အရည်ဖြစ်စေ စုနေပြီဖြစ်ကြောင်း သိရတဲ့အခါ ဆရာဝန်ဟာ အပ်ကိုသုံးပြီး စုတ်ထုပ်နိုင်ပါတယ်။ ဒါပေမယ့် ပမာဏ အရမ်းများတဲ့အခါ ပိုက်ထည့်ခြင်းဟာ အကောင်းဆုံးပါပဲ။

    အခန်း(၃)၊ လုပ်ငန်းစဉ်

    – ဒီအစီအစဉ်မတိုင်ခင် ဘာလုပ်ရမလဲ

    ရင်ခေါင်းပိုက်ထည့်ခြင်းဟာ အရေးပေါ်အနေနဲ့ဖြစ်ဖြစ်၊ ခွဲစိတ်မှုပြီးချိန်မှာဖြစ်ဖြစ် အများဆုံး လုပ်ဆောင်တတ်တာမို့ လူနာအနေနဲ့ ပြင်ဆင်မှု သိပ်မရတတ်ပါဘူး။ သင်သတိရနေရင်တော့ ဒီကိစ္စမလုပ်ခင် ဆရာဝန်ဟာ သင့်ဆီက သဘောတူ ခွင့်ပြုချက် တောင်းပါလိမ့်မယ်။

    သတိမေ့နေတယ်ဆိုရင်တော့ ရင်ခေါင်းပိုက်ထည့်ဖို့ ဘာကြောင့်လိုအပ်တယ်ဆိုတာ သင်နိုးလာတဲ့အခါ ဆရာဝန်က ရှင်းပြပါလိမ့်မယ်။ များသောအားဖြင့် ရင်ခေါင်းပိုက်မထည့်ခင် ဓါတ်မှန်၊ ရင်ဘတ် ultrasound၊ ရင်ဘတ် CT scan စတာတွေ ရိုက်ပြီး အရည်များ၊ လေများကြောင့် အဆုတ်မှာ ပြသနာဖြစ်နေခြင်း ရှိမရှိ၊ ရင်ခေါင်းပိုက်ထည့်ရင် အထောက်အကူဖြစ်မဖြစ် ဆုံးဖြတ်ပါလိမ့်မယ်။

    ဒီအစီအစဉ်ရဲ့ လုပ်နေကြပုံစံက ဘယ်လိုလဲ

    ရင်ခေါင်းပိုက်ထည့်ခြင်းဟာ မိနစ်၂၀အောက်ပဲ ကြာမြင့်ပါတယ်။

    ပိုက်ထည့်မယ့်နေရာကို ဆရာဝန်ဟာ ထုံဆေးထိုးပေးပါတယ်။ အဆုတ်နဲ့ ရင်ခေါင်းကြား နေရာကို ခွဲစိတ်ရာပေးပြီး ပိုက်ထည့်ပေးပါတယ်။ အဲဒီပိုက်ဟာ အရည်အိတ် ဒါမှမဟုတ် ရေထည့်ထားတဲ့ ပုလင်းတမျိုးမျိုးနဲ့ တွဲဆက်ထားပါတယ်။

    ဒီကုသမှုခံယူပြီးရင် ဘာလုပ်ရမလဲ

    များသောအားဖြင့် ရင်ခေါင်းပိုက် ပြန်မဖြုတ်ခင်အထိ ဆေးရုံမှာ နေရလေ့ရှိပါတယ်။ တခါတရံမှသာ ရင်ခေါင်းပိုက်တပ်လျက်နဲ့ အိမ်ပြန်ရပါတယ်။ ရင်ခေါင်းပိုက်တပ်ထားစဉ်မှာ သူနာပြုများဟာ လေစိမ့်ခြင်း ရှိမရှိ၊ အသက်ရှူရ အဆင်ပြေမပြေ၊ အောက်ဆီဂျင် လိုမလို စစ်ဆေးပေးပါလိမ့်မယ်။

    ပိုက်ဟာ နေသားတကျ ရှိမရှိလည်း စစ်ဆေးပေးပါလိမ့်မယ်။ အဲဒီအရာတွေ အဆင်ပြေမယ်ဆိုရင် ထပြီး လမ်းလျှောက်နိုင်ကြောင်း၊ ခုံမှာထိုင်နိုင်ကြောင်း ပြောပါလိမ့်မယ်။

    ဘာလုပ်ဖို့လိုသလဲ

    ရံဖန်ရံခါ အသက်ပြင်းပြင်းရှူပြီး ချောင်းဆိုးပေးရပါမယ်။ သူနာပြုများက ဘယ်လိုလုပ်ရမယ်ဆိုတာ ပြသပေး ပါလိမ့်မယ်။ အသက်ပြင်းပြင်းရှူပြီး ချောင်းဆိုးခြင်းဟာ အဆုတ်တွေကို ကျယ်ပြန့်စေပါတယ်။ အရည်တွေ အဆုတ်အတွင်းမှာ စုဝေးခြင်းကို ကာကွယ်ပြီး အပြင်ကို စီးထွက်စေဖို့ အထောက်အကူပြုပါတယ်။

    ပိုက်ကို တွန့်ခေါက်မနေအောင်တော့ သတိထားရပါမယ်။ အရည်တွေကောင်းကောင်း စီးထွက်စေဖို့ ပိုက်ဟာ တည့်မတ်နေပြီး အဆုတ်ရဲံ အောက်ပိုင်းကျကျမှာ ရှိရပါမယ်။ ဒါမှမဟုတ်ရင် အရည်နဲ့လေတွေ စီးမထွက်နိုင်ဘဲ အဆုတ်တွေလည်း ပြန့်ကားလာနိုင်မှာ မဟုတ်ပါဘူး။

    အောက်ပါ အခြေအနေတွေမှာ အကူအညီ ရယူပါ

    – ရင်ခေါင်းပိုက် ပြုတ်သွား၊ နေရာရွေ့သွားတဲ့အခါ

    – ရင်ခေါင်းပိုက် အဆင်ပြတ်သွားတဲ့အခါ

    – ရုတ်တရက် အသက်ရှူရကြပ်လာပြီး ပိုမိုနာကျင်လာတဲ့အခါ

    ရင်ခေါင်းပိုက်ဖြုတ်ခြင်း

    များသောအားဖြင့် ရင်ခေါင်းပိုက်ကို ရက်အနည်းငယ် တပ်ထားလေ့ရှိပါတယ်။ အပြင်ကို စီးထွက်မယ့် လေ (သို့) အရည် မရှိတော့တာ သေချာမှသာ ဆရာဝန်ဟာ ရင်ခေါင်းပိုက် ဖြုတ်ပေးပါလိမ့်မယ်။

    ရင်ခေါင်းပိုက်ဖြုတ်ရတာ မြန်ဆန်ပြီး မေ့ဆေးထုံဆေး ပေးစရာမလိုပါဘူး။ ဆရာဝန်ဟာ သင့်ကို တိကျတဲ့ ညွှန်ကြားချက်တွေ ပြောပြပါလိမ့်မယ်။ ဒါပေမယ့် သင် အသက်ရှူသွင်း ရှူထုတ် ရပ်တန့်ထားချိန်မှာ အဆုတ်ထဲမှာ လေအပိုရှိမနေတာ သေချာမှသာ ရင်ခေါင်းပိုက်ဖြုတ်ဖို့ အရေးကြီးပါတယ်။

    ဖြုတ်ပြီးတဲ့အခါ ပိုက်သွင်းခဲ့တဲ့နေရာကို ပတ်တီးစီး ပေးပါလိမ့်မယ်။ အမာရွတ်ခပ်သေးသေးတော့ ကျန်ခဲ့ပါလိမ့်မယ်။

    နောက်တရက်ရက်မှာ လေတွေ၊ အရည်တွေ ပြန်ဝင်နေတာ ရှိမရှိ သိရအောင် ဓါတ်မှန် ထပ်ရိုက်ပါလိမ့်မယ်။

    အခန်း(၄)၊ နောက်ဆက်တွဲပြသနာများ

    – နောက်ဆက်တွဲပြသနာ ဘာတွေ ဖြစ်နိုင်လဲ

    အောက်ပါအခြေအနေတွေ ကြုံနိုင်ပါတယ်။

    – မတော်တဆ ပိုက်ပြုတ်ထွက်ခြင်း (ပိုက်ထည့်တဲ့နေရာက အသားတွေကို ထိခိုက်နိုင်ပါတယ်)

    – ပိုက်သွင်းတဲ့နေရာက သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။

    – ပြည်တည်နိုင်ပါတယ်။

    – ပိုက်ထည့်တာ နေရာမကျဖြစ်နိုင်ပါတယ်။ (အသားထဲ ဗိုက်ထဲ ရောက်ပြီး ရင်ခေါင်းနဲ့ ဝေးသါားတတ်ပါတယ်)

    – အဆုတ်ကို ထိခိုက်ပြီး အသက်ရှူရ ပိုဆိုးနိုင်ပါတယ်။

    – ပိုက်အနားက ဘေလုံး၊ အသည်း၊ အစာအိမ်၊ ရင်ဝမ်းခြားကြွက်သား စတာတွေကို ထိခိုက်နိုင်ပါတယ်။

    – ပြင်းထန်တဲ့ နောက်ဆက်တွဲပြသနာတွေ ဝင်လာနိုင်ပါတယ်။

    ပြင်းထန်တဲ့ ပြသနာတွေဟာ ရှားပါတယ်။ ၅% လောက်သာ ကြုံတွေ့ရပါတယ်။ အဲဒါတွေကတော့

    – အဆုတ်အမြှေးပါးသို့ သွေးယိုခြင်း

    – အဆုတ်၊ ရင်ဝမ်းခြား ကြွက်သား၊ အစာအိမ် စသည်တို့ကို ထိခိုက်စေခြင်း

    – ပိုက်ဖြုတ်ချိန်တွင် အဆုတ်အလုပ်မလုပ်ခြင်း

    – ရောဂါပိုးဝင်ခြင်း စတာတွေ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement