မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
အဆုတ်ဖုံးအမြှေးပါးအသားစ စစ်ဆေးခြင်း ဟာ သင့်မှာ တီဘီရောဂါရှိမရှိ သိရှိဖို့ စစ်ဆေးတဲ့ စိတ်ချရပြီး ထိရောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။
ဒီနည်းဟာ အဆုတ်အပြင်ဘက် နံရံတွေကိုကာရံထားတဲ့ အလွှာနှစ်လွှာပါသော အမြှေးပါးကနေ တစ်ရှူးစအချို့ကို ဖယ်ထုတ် စစ်ဆေးခြင်း ဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာ အဆုတ်ဖုံးအမြှေးပါး အတွင်းက အရည်အချို့ကိုလည်း စစ်ဆေးဖို့ ထုတ်ယူနိုင်ပါတယ်။
ဒီနည်းကို သင့်မှာ တီဘီရောဂါရှိမရှိ အတည်ပြုဖို့ ပြုလုပ်ကြတာဖြစ်ပါတယ်။ ဖယ်ထုတ်လိုက်တဲ့ တစ်ရှူးနဲ့ အရည်ကို အနုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးမှာဖြစ်ပြီး သူဟာ ဘာကြောင့် ပြဿနာဖြစ်ရလဲဆိုတာနဲ့ နောက်ပိုင်းကုသမှုတွေကို ဆုံးဖြတ်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။
ယခုခေတ်နည်းပညာတွေအရ ဒီနည်းကို စိတ်ချရတဲ့ စစ်ဆေးမှုလို့သတ်မှတ်နိုင်ပါတယ်။ အရေပြားကို ဖေါက်ခြင်း၊ လှီးခြင်းပါဝင်တဲ့ စစ်ဆေးမှုအကုန်လုံးမှာ ရောဂါပိုးဝင်နိုင်ခြေရှိ ရှိပါတယ်။ အပ်ဟာ အဆုတ်ကို ထိုးမိရင် အဆုတ်ပြားခြင်းကို ရှားရှားပါးပါး ဖြစ်နိုင်ပါတယ်။ သွေးလွန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ စစ်ဆေးမှုအပြီးမှာ အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ
အဆုတ်ဖုံးအမြှေးပါးအသားစ စစ်ဆေးခြင်း နည်းတူ အခြားစစ်ဆေးမှုတွေ ရှိတယ်ဆိုတာလည်း သိထားသင့်ပါတယ်။ X-ray ဟာ သင့် အဆုတ်ဖုံးအမြှေးပါး မှာ ပြဿနာရှိမရှိ ဖေါ်ပြနိုင်ပါတယ်။ X-ray၊ ကွန်ပျူတာဓါတ်မှန်၊ အာထရာဆောင်းတွေကို အသုံးပြုခြင်းက အသားစယူရမယ့်နေရာတွေကို အတိအကျ သိရှိစေမှာဖြစ်ပါတယ်။
ဒီခွဲစိတ်မှုမပြုလုပ်မီ ဖြစ်နိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို နားလည်ထားဖို့အရေးကြီးပါတယ်။
တကယ်လို့ မေးခွန်းတွေရှိရင် သင့်ဆရာဝန် (သို့) ခွဲစိတ်ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ယေဘုယျအားဖြင့် စစ်ဆေးမှုမပြုလုပ်ခင် အစာမစားပဲနေဖို့ မလိုအပ်ပါဘူး။
သင့်မှာသွေးရောဂါ၊ သို့ သွေးကျဲဆေး၊ aspirin နဲ့ အခြားသွေးခဲမှုကို ထိခိုက်စေတဲ့ဆေးတွေ သောက်နေတာရှိရင် ဆရာဝန်ကို ကြိုတင်ပြောပြသင့်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်မီ ဆရာဝန်က ဒီဆေးတွေကို ရပ်ခိုင်းနိုင်ပါတယ်။
သင့်မှာ ကိုယ်ဝန်ရှိရင် (သို့) ကိုယ်ဝန်ရှိတယ်လို့ သံသယရှိရင် ဆရာဝန်ကို ပြောပြနိုင်ပါတယ်။
ဒီစစ်ဆေးမှုမပြုလုပ်မီ အခြားစစ်ဆေးမှုတွေဖြစ်တဲ့ ရင်ဘက်ဓါတ်မှန်၊ အာထရာဆောင်း၊ ကွန်ပျူတာဓါတ်မှန် (သို့) chest fluoroscopyတွေ ပြုလုပ်ထားခြင်းဟာ ဒီစစ်ဆေးမှုကို ပြုလုပ်ဖို့အတွက် ရင်ဘတ်ထဲမှာ တိကျတဲ့နေရာကို သိရှိဖို့ကူညီပေးနိုင်ပါတယ်။
သင့်ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး သင့်ဆရာဝန်က အခြားပြင်ဆင်မှုတွေ ပြုလုပ်ခိုင်းနိုင်ပါတယ်။
သင့်ကို တင်းကျပ်မှု ပြေလျော့စေဖို့ စိတ်ငြိမ်ဆေးပေးမှာ ဖြစ်ပါတယ်။
အဆုတ်ဖုံးအမြှေးပါးအသားစ စစ်ဆေးခြင်း ပြုလုပ်ဖို့ မိနစ် ၂၀ အောက် ကြာနိုင်ပါတယ်။ ဒီစစ်ဆေးမှုမှာ ဓါးရာပေးပြီး အသားစယူတဲ့ ကိရိယာကို ဓါးရာမှတစ်ဆင့် ထည့်လိုက်ခြင်း ဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာ အသားစယူတဲ့ ကိရိယာကို အသားစယူဖို့နဲ့ အရည်ထုတ်ယူဖို့ အသုံးပြုမှာဖြစ်ပါတယ်။
သင့်မှာ အခြားမေးခွန်းတွေ စိုးရိမ်မှုတွေ ရှိရင် ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
နာရီအနည်းငယ်ကြာရင် အိမ်ပြန်နိုင်ပြီ ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်သူတွေဟာ သင့်ကုသမှု (သို့) ဆရာဝန်နဲ့ ပြန်လည်ပြဖို့ လိုအပ်မှုတွေကို ဆွေးနွေးပေးပါလိမ့်မယ်။
သင့်ကို အထူးတလည်မှာကြားမှုမရှိရင် နောက်တစ်ရက်မှာ အိမ်ပြန်နိုင်ပြီဖြစ်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။